Tuesday, February 11, 2014

လူမျိုးရေးပဋိပက္ခများကို မဟာဗျူဟာကျကျ ဖြေရှင်းရန် ရခိုင်အမျိုးသားထုကို တိုက်တွန်း

ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခများကို ရခိုင်အမျိုးသားများက တိကျသော မဟာဗျူဟာချမှတ် ပြီး အချိန်ယူ ဖြေရှင်းရန် လိုအပ်နေသည်ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သုံးရက်ကြာကျင်းပခဲ့သည့် ရခိုင် ခေါင်းဆောင်များ၏ ဆွေးနွေးညှိနှိုင်းပွဲအပြီး ဖေဖော်ဝါရီ ၁၀ ရက်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက် ရေးပါတီ(RNDP) အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ပြောကြားလိုက်သည်။


“ဒီပဋိပက္ခဆိုတာ နှစ်ပေါင်း ရာနဲ့ချီ တည်လာတဲ့ ပဋိပက္ခဖြစ်တယ်။ ပြောမယ်ဆိုရင် ဗြိတိသျှလက်ထက် မှာ ပေးခဲ့တဲ့ ဆိုးမွေတစ်ခုပဲ။ အဲဒီဆိုးမွေကို အစိုးရခေတ် အဆက်ဆက်ကလည်း ဒီပြဿနာကို မဖြေရှင်း နိုင်ဘူး။ မဖြေရှင်းနိုင်တဲ့အတွက် ကျွန်တော်တို့ခေါင်းပေါ်မှာရောက်လာတယ်။ ဒီပြဿနာကို အချိန်တိုတို လေးနဲ့တော့ ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ အချိန်ယူရမယ်။ အဓိကတော့ ရခိုင်တစ်မျိုးသားလုံးဟာ တိကျတဲ့ strategy တစ်ခု ရှိရတယ်။ ရခိုင်တစ်မျိုးလုံးရဲ့ သဘောထားတစ်ခု ချလိုက်မယ်”ဟု မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးနှင့်ပတ်သက်၍လည်း လာမည့် ရခိုင်အမျိုးသားညီလာခံတွင် ဆွေးနွေး ကြမည်ဖြစ်ကြောင်း ဦးဦးလှစောက ဆက်ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တောနှင့် မြောက်ဦးမြို့များတွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေကို တိ ကျစွာ အကောင်အထည်ဖော်ပေးရန်၊ အဖြူရောင်ကတ်များဖြင့် မဲပေးခွင့် ရွေးချယ်ခံခွင့်ကို တားမြစ်ရန် အပါအ၀င် ဆန္ဒဖော်ထုတ်ပွဲများကို ဖေဖော်ဝါရီ ၃ရက်မှ ၉ ရက်အထိ ဆက်လက်ဖြစ်ပွားခဲ့သည်ဟုလည်း ရခိုင်လူမှုကွန်ရက်အဖွဲ့ဝင်များက မဇ္ဈိမကို ပြောဆိုထားသည်။

ဖေဖော်ဝါရီ ၇ရက်မှ ၉ ရက်အထိ အစည်းအဝေးတွင် ရခိုင်အမျိုးသား သွေးစည်းညီညွတ်ရေး၊ အမျိုးသား တန်းတူရေးနှင့် တရားမျှတရေးနှင့် လုံခြုံငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ရခိုင်လူ့ဘောင်သစ်တစ်ရပ် ပေါ်ထွန်းရေးဟူသော ဦးတည်ချက်သုံးချက်ကို “ရခိုင်အမျိုးသားညီလာခံ”တွင် ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ သည်။

ရခိုင်အမျိုးသားညီလာခံကို လာမည့် ဧပြီလ ၂၇ ရက်မှ မေလ ၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment