Thursday, February 13, 2014

သယံဇာတအရေးကိစ္စများအတွက် ဆွီဒင်ကူညီမည်

မေလတွင်စတင်မည့် ဒေသအလိုက် သယံဇာတဆိုင်ရာ လုပ်ငန်းစီမံချက်များတွင် ငွေကြေးနှင့် နည်း ပညာပိုင်းကို ဆွီဒင်နိုင်ငံ ငြိမ်းချမ်းရေးနှင့် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ (Swedish Peace and Arbitration Society – SPAS)မှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးရာတွင် ပါဝင်ခဲ့သူ အထက်ချင်းတွင်းလူငယ်ကွန်ရက်မှ ဦးကျော်သက်ဝင်းက မဇ္ဈိမကို ပြောသည်။


အဆိုပါအဖွဲ့နှင့် ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းများဖြစ်သည့် အရုဏ်ဦးလူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ရုံး၊ လူလူ အမျိုးသမီးအဖွဲ့၊ ရှမ်းမျိုးဆက်သစ်လူငယ်များအဖွဲ့၊ အထက်ချင်းတွင်းလူငယ်များကွန်ရက်၊ ချင်းတောင် သယံဇာတစောင့်ကြည့်ရေးအဖွဲ့၊ လိုင်ဇာငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့၊ မြန်မာနိုင်ငံ မွတ် စလင်အမျိုးသမီးကောင်စီတို့နှင့် ဖေဖော်ဝါရီ ၁၀ ရက်က ကလေးမြို့နယ်ရှိ အရုဏ်ဦးလူမှုဖွံ့ဖြိုးရေးအဖွဲ့ ရုံးတွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“သယံဇာတအရေးကိစ္စတွေမှာ သူတို့ဘက်က တတ်နိုင်သမျှ ကူညီမယ်လို့ ပြောထားတယ်။ ပထမတစ် ကြိမ်တွေ့တုန်းကတော့ နားလည်မှုယူယုံပဲ။ အခုတစ်ကြိမ်က လုပ်ရမယ့်လုပ်ငန်းတွေကို စီမံချက်ချပြီး ဘာတွေဆက်လုပ်ရမယ်ဆိုတာ ပြောကြတယ်။ အဓိကကတော့ ငွေကြေးပိုင်းနဲ့ နည်းပညာပိုင်းမှာ ကူညီ မယ်လို့ ပြောတယ်”ဟု ဦးကျော်သက်ဝင်းက ပြောသည်။

အဆိုပါအဖွဲ့မှ ဒေသတွင်း သယံဇာတအရေးကိစ္စနှင့်ပတ်သက်ပြီး လုပ်ငန်းများကို စီမံချက်များချမှတ်ပြီး မေလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါအဖွဲ့က ဖေဖော်ဝါရီ ၂ ရက်တွင်လည်း အရပ်ဘက်အဖွဲ့အစည်းဖြစ်သည့် Generation Wave အဖွဲ့နှင့် တွေ့ဆုံခဲ့ကြသည်။

အဆိုပါအဖွဲ့မှ Generation Wave အဖွဲ့နှင့် တွေ့ဆုံရာတွင် အကြမ်းမဖက်ရေးကိစ္စအတွက် အသိပညာ ပေးရန်၊ ငြိမ်းချမ်းရေးကိစ္စတွင် ပညာပေးဆွေးနွေးရန်၊ သယံဇာတအရေးကိစ္စများတွင် ပါဝင်ကူညီရန် စသည့် အကြောင်းအရာများကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း Generation Wave အဖွဲ့ ခေါင်း ဆောင် ကိုမိုဃ်းသွေးက မဇ္ဈိမကို ပြောသည်။

“SPAS နဲ့ပေါင်းပြီးနောက်ပိုင်းမှာ အကြမ်းမဖတ်မှုနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအထိ ပညာ ပေးလှုံ့ဆော်မှုတွေ လုပ်သွားဖို့တော့ရှိတယ်”ဟု ၎င်းက ပြောသည်။

ဆွီဒင်နိုင်ငံ ငြိမ်းချမ်းရေးနှင့် စေ့စပ်ညှိနှိုင်းရေးအဖွဲ့အစည်းသည် လူပေါင်း ၈,၀၀၀ ကျော်ဖြင့်ဖွဲ့စည်းထား သော အစိုးရမဟုတ်သည့်အဖွဲ့အစည်း (NGO)ဖြစ်ပြီး ပဋိပက္ခဖြစ်နေသော နိုင်ငံများတွင် အကူအညီပေး နေကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီးလျှင် အစိုးရနှင့်တွေ့ဆုံ ၍ ငြိမ်းချမ်းရေးတွင် အကူအညီပေးရေးကိစ္စများကို ဆက်လက် ဆွေးနွေးသွားမည် ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment