Wednesday, March 26, 2014

အိမ်ဝိုင်းအတွင်း အလောင်းမြုပ်ထားရမှု ကို ဖြေရှင်းပေးပါ









မကွေးတိုင်း ဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ နယ် စည်ဆွဲအုပ်စု ညောင်ပင်လှကျေးရွာမှ ဦးသန်းညွန့် +ဒေါ်နု တို့ ၏နေအိမ်တွင် ဦးရီးဖြစ်သူဦးဘရွှေ(ခ) ဦးဝိသုဒ္ဒ သက်တော် (၈၁)နှစ်ရှိသည့် ကိုရင်ကြီးသည် ၆.၃.၂၀၁၄ ရက်နေ့ တွင် ကွယ်လွန်သေဆုံး သွားခဲ့ ပါသည်။

ထိုသေဆုံးသွားသော ကိုရင်ကြီးကို မြေမြှုပ်သင်္ချိုရန် သင်္ချိုင်းသို့ ပို့ သည့်အခါ ဦးသန်းညွန့် +ဒေါ်နုတို့၏ အိမ်နီးနားချင်းများက အလောင်းသယ်ယူရန် လမ်းပေါက်များ မပေးကြပါ။ တအိမ်နှင့် တအိမ်ဝင်ထွက် သွားလာရန်အတွက်လမ်းပေါက်များ ရှိလင့်ကစား ငါ့ဝိုင်းထဲကနေ အလောင်းထမ်းမထွက်နဲ့ ဟု တားမြစ်ထားပါသည်။

ဒါနဲ့ ဦးသန်းညွန်+ဒေါ်နုတို့မှ ၇.၃.၂၀၁၄ ရက်နေ့ တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းအောင်နှင့် တညောင်ရဲစခန်းမှူး ဦးဝင်းနိုင်ဦးတို့ ထံ သွားရောက် အကူအညီ တောင်းပါသည်။ စခန်းမှူးကြီးလည်း ချက်ချင်း ဆိုသလို လာရောက် ဖြေရှင်းပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းအောင်နှင့် တညောင်ရဲစခန်းမှူး ဦးဝင်းနိုင်ဦးတို့ မှ သေဆုံးသူကို ရင်ကြီးဦးဝိသုဒ္ဒ ၏ အလောင်းကိုရွာအပြင် သင်္ချိုင်းသို့ ထုတ်ရန်အတွက် ဦးဇီးကွက် နေအိမ်၊ ဒေါ်စန်းကြည်နေအိမ်၊ ဦးစိုးမြင့်နေအိမ်၊ ဦးတင်အောင်နေအိမ်တို့ကို ခေတ္တလမ်းပေးပါရန် ဆွေးနွေးတိုင်ပင်ကြပါသည်။ သို့ သော်လည်း မည်သူမျှ လမ်းမပေးကြပါ။ တရွာလုံးရှိလူများလည်း စိတ်ဝင်တစားဖြင့် လာရောက်ကြည့်ရှု ကြပါသည်။

  ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းအောင်နှင့် တညောင်စခန်းမှူး ဦးဝင်းနိုင်ဦးတို့ ကတော့ ခေါင်းရှုပ်မခံတော့ ဘဲလွယ်သလိုသာ ဆုံးဖြတ်လိုက်ကြသည်မှာ ဦးသန်းညွန့် +ဒေါ်နုတို့ ၏ နေအိမ်ဝိုင်းအတွင်း တွင်သာ မြေကြီးကျင်းတူးပြီး မြှုပ်ခိုင်းလိုက်ပါတော့သည်။

၎င်းတို့ က အထက်လူကြီးများထံသို့ တင်ပြ အကြံတောင်းခြင်း ဆွေးနွေးခြင်းများ မပြုလုပ်ကြပဲ လွယ်သ လိုသာ လုပ်လိုက်ကြ ပါတော့သည်။ ထို့ ကြောင့်ဦးသန်းညွန့်+ဒေါ်နုတို့ ၏ နေအိမ်ဝိုင်းအတွင်းရှိ မြေ ကိုကျင်းတူးပြီးကိုရင်ကြီးအလောင်းကို၇.၃.၂၀၁၄ နေ့ ညနေ(၅)နာရီအချိန်တွင် မြေမြုပ်သင်းဂြိုလ်လိုက်
ပါတော့သည်။

ေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းအောင်နှင့် တညောင်စခန်းမှူး ဦးဝင်းနိုင်ဦးတို့ ၏ လုပ်ဆောင်ချက်စွမ်းရည်ကြောင့် ကျနော်တို့ မှာနေ့ စဉ်နေ့ တိုင်း မိမိနေအိမ်ဝိုင်းအတွင်းရှိ ကိုရင်ကြီး၏ အလောင်းမြှုပ်ထားသောမြေနေရာကိုမြင်တိုင်း လူကြီးရော ကလေးပါ မကြည့်ရဲ ပဲကြောက်လန့် နေကြရပါသည်။

ကျနော်တို့ လည်းခုမှ ကိုယ့်အိမ်ကိုယ်နေရင်း သင်္ချိုင်းစောင့်ဘ၀သို့ ရောက်နေရ ပါတော့သည်။ ပတ်ဝန်းကျင်တနယ်လုံးရှိ လူများကလည်း တအံ့တသြ ဖြစ်နေကြ ပါတော့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းအောင်နှင့် တညောင်စခန်းမှူး ဦးဝင်းနိုင်ဦးတို့ ၏ စွမ်းဆောင်ရည်နိမ့် ကျမှူဟု ဆိုရမလား ရပ်ဓလေ့ ရွာဓလေ့ ထုံးစံရိုးရာများကို ထိမ်းသိမ်းမှု မရှိတော့ဘူး ဆိုရမလား ဘယ်လိုဆိုရမလဲ မသိတော့ပါဘူးဗျာ။

ဒီလိုသာဆိုရင် နောက်ထပ် သေကြမည့်သူများလည်း ရွာထဲမြှုပ်ရမည့်ပုံ ဖြစ်နေပါသဖြင့် သက်ဆိုင်ရာလူကြီးများ သိရှိဖြေရှင်း ပေးနိုင်ရန်နှင့် ကိုရင်ကြီးအလောင်း မိမိအိမ် ၀ိုင်းမြေ အတွင်း မြုပ်ထား ရသည့် အတွက်နေ့ စဉ်နှင့် အမျှစိတ်မချမ်းမသာ ဖြစ်နေ၇သည့် အကြောင်း သက်ဆိုင်ရာ လူကြီးများ သိရှိစေရန် ဖော်ပြပေးပါခင်ဗျာ။

 အမြန်ဆုံး ထိရောက်စွာ ဖြေရှင်းပေးပါခင်ဗျာ။ မိမိကျေးရွာ သန့် ရှင်း သာယာ လှပဖို့  နှင့် ထိုကဲ့ သို့ အဖြစ် ဆိုးများ မဖြစ် စေရန် သက်ဆိုင်ရာမှ အမြန်ဆုံး ဖြေရှင်းပေးပါ။


ဖိုးသူတော်(Phothutaw.com)
Credit:Thithtoolwin

No comments:

Post a Comment