Friday, March 21, 2014

တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူများအတွက် အိုင်တီ အခြေခံသင်တန်းသစ် ဖွင့်မည်

Myanmar WWW Institute (M3WI) သင်တန်းကျောင်းမှ အိုင်တီ အခြေခံသင်တန်း ဖြစ်သည့်ွှု IT Essentials သင်တန်းကို အခြေခံပညာ အထက်တန်း စာမေးပွဲ ဖြေဆိုပြီးသူများ အတွက် ဧပြီလ အတွင်းတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အဆိုပါ သင်တန်းထံမှ သိရသည်။

IT Essentials သင်တန်းတွင် လူငယ်တိုင်း တတ်မြောက် ထားသင့်သော Microsoft Windows စနစ်ကို ကျွမ်းကျင်စွာ အသုံးပြုနည်း၊ အင်္ဂလိပ် မြန်မာနှစ်ဘာသာဖြင့် စာရိုက်နည်း၊ Power Point အသုံးပြုပြီး Presentation များ ပြုလုပ်နည်း၊ Photoshop ဖြင့် Graphic Designများ ဖန်တီးနည်း၊ Web Page ပြုလုပ်နည်းအပြင် Programming အခြေခံကို ပိုင်နိုင်စွာ နားလည် တတ်မြောက်စေရန် C++ ဘာသာဖြင့် လက်တွေ့ပြုလုပ် လေ့ကျင့်ပေးခြင်းများ ပါဝင် မည် ဖြစ်ကြောင်း၊ ထို့ပြင် အင်တာနက်နှင့် အီးမေးလ် အသုံးပြုပုံ တို့ကိုလည်း သင်ကြားမည် ဖြစ်ကြောင်း၊ သင်တန်းကာလမှာ ၂ လခန့် ကြာမြင့်မည် ဖြစ်ကြောင်း၊ အဆိုပါ သင်တန်းများနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက Myanmar WWW Institute အဆောင် (၅)၊ အခန်း (၄)၊ မြန်မာအင်ဖိုတက်ခ်၊ လှိုင်တက္ကသိုလ် နယ်မြေ၊ ရန်ကုန်မြို့၊ (ဖုန်း) ၆၅၂၂၈၈၊ ၅၂၁၁၂၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း ယင်းသင်တန်းကျောင်းထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment