Monday, March 17, 2014

ပျောက်ဆုံးလေယာဉ်အတွက် ပို့ဆောင်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အား မလေးရှားဝန်ကြီးချုပ်၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထား

Photo: ပျောက်ဆုံးလေယာဉ်အတွက် ပို့ဆောင်ရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ချက် အား မလေးရှားဝန်ကြီးချုပ်၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထား
Monday, March 17, 2014

မလေးရှား လေကြောင်းလိုင်း MH 370 ပျောက်ဆုံးခြင်းနှင့် စပ် လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာနမှ နောက်ဆုံးသတင်းထုတ်ပြန်ချက်အား မလေးရှားနိုင်ငံ ဝန်ကြီးချုပ်Najib Tun Razak ၏ လူမှုကွန်ရက် စာမျက်နှာတွင်ယနေ့မတ်၁၆ရက်က နောက်ဆုံးသတင်းထုတ်ပြန် ဖော်ပြထားကြောင်းဖြင့် မလေးရှား ရောက် သတင်းအရင်းအမြစ်မှ တစ်ဆင့် သိရသည်။

ပို့ဆောင်ရေးဝန်ကြီးဌာနမှရှာဖွေရေးနှင့်ကယ်ဆယ်ရေးဌာန၏ နောက်ဆုံးသတင်းထုတ်ပြန်ချက်များ အရ မလေးရှားနိုင်ငံက ဦးဆောင် သော ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ဌာနသည် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။ MH 370 နှင့်ပတ်သက်၍ မြောက်ဘက်မှ တောင်ဘက်စင်္ကြံနိုင်ငံများအထိတိုင် အောင်တရားဝင်ဆက်သွယ်အကူအညီ ဆောင်ရွက်လျက်ရှိသည်။အဆိုပါနိုင်ငံများမှာ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်၊ ကာဂျစ်စတန်၊ တာ့ခ်မင်နစ္စတန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ သြစတြေးလျ၊ ပြင်သစ် တို့ဖြစ်ပြီး ဤနိုင်ငံများမှ တရားဝင် အကူအညီကိုရယူလျက်ရှိသည်။လက်ရှိအခြေအနေတွင်မလေးရှား နိုင်ငံသည် အပေါင်းဖော်နိုင်ငံများနှင့် အကောင်းဆုံးနည်းလမ်းနှင့် စင်္ကြံ နှစ်ဖက်၌ မည်သို့ ဖြန့်ကြက်မည်တို့ကို ဆွေးနွေးတိုင်ပင်လျက်ရှိသည်။ မိတ် ဆွေနိုင်ငံများသို့ လေယာဉ်၊ ဂြိုဟ်တု နှင့်လှုပ်ရှားဆောင်ရွက်မှုများ၊ မြေပြင် ရှာဖွေရေးကိရိယာတန်ဆာပလာများ၊ ရေဒါအချက်အလက်များ၊ ရေတပ် နည်းပညာနှင့် လေကြောင်းဆိုင်ရာ နည်းပညာများဖြင့်ပူးပေါင်းပါဝင်ကြရန် တရားဝင်တောင်းခံထားသည်။မြောက် ဘက်နှင့် တောင်ဘက်စင်္ကြံနှစ်ဖက် စလုံးမှာအရေးပါလျက်ရှိသည်။

MH 370 ဝန်ထမ်းနှင့် ခရီးသည် များအား ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှု များအရ MH 370 သို့ တက်ရောက်စဉ် ခရီးသည်များ၊ ဝန်ထမ်းများမှာ ပုံမှန် အခြေအနေတွင် ရှိနေကြောင်း၊ လေယာဉ်မှာ မထွက်ခွာမီ အင်ဂျင် နီယာများနှင့်လည်း ထိတွေ့မှုရှိနိုင် ကြောင်းကို မလေးရှား တော်ဝင်ရဲတပ် ဖွဲ့က စုံစမ်းရရှိခဲ့သည်။ စနေနေ့တွင် လေယာဉ်မှူး၏ နေအိမ်ကို ဝင်ရောက် ရှာဖွေကာ မိသားစုဝင်များအား မေးမြန်းစုံစမ်းခဲ့ရာတွင် လေယာဉ်မှူး မှာလည်း ပုံမှန်အခြေအနေတွင် ရှိသည်ဟု သိရသည်။ ယမန်နေ့က တွဲဖက် လေယာဉ်မှူး၏ နေအိမ်သို့ လည်း ရဲတပ်ဖွဲ့က ဆက်လက် ဝင်ရောက်ရှာဖွေခဲ့ သည်။ ရဲတပ်ဖွဲ့က စုံစမ်းနေဆဲကာလအတွင်း အဆုံးစွန် အထိ မတွက်ဆကြရန် ပြည်သူများ သို့ ပန်ကြားတိုက်တွန်းလိုကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျစ်တွန် ရာဇတ်က ၄င်း၏လူမှုကွန်ရက် စာမျက်နှာတွင် သတင်းထုတ်ပြန် ထားသည်။

စိုးဝင်း(SP)
Myanmaalinn
မလေးရှား လေကြောင်းလိုင်း MH 370 ပျောက်ဆုံးခြင်းနှင့် စပ် လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာနမှ နောက်ဆုံးသတင်းထုတ်ပြန်ချက်အား မလေးရှားနိုင်ငံ ဝန်ကြီးချုပ်Najib Tun Razak ၏ လူမှုကွန်ရက် စာမျက်နှာတွင်ယနေ့မတ်၁၆ရက်က နောက်ဆုံးသတင်းထုတ်ပြန် ဖော်ပြထားကြောင်းဖြင့် မလေးရှား ရောက် သတင်းအရင်းအမြစ်မှ တစ်ဆင့် သိရသည်။

ပို့ဆောင်ရေးဝန်ကြီးဌာနမှရှာဖွေရေးနှင့်ကယ်ဆယ်ရေးဌာန၏ နောက်ဆုံးသတင်းထုတ်ပြန်ချက်များ အရ မလေးရှားနိုင်ငံက ဦးဆောင် သော ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ဌာနသည် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။ MH 370 နှင့်ပတ်သက်၍ မြောက်ဘက်မှ တောင်ဘက်စင်္ကြံနိုင်ငံများအထိတိုင် အောင် တရားဝင်ဆက်သွယ်အကူအညီ ဆောင်ရွက်လျက်ရှိသည်။အဆိုပါနိုင်ငံများမှာ ကာဇက်စတန်၊ ဥဇဘက် ကစ္စတန်၊ ကာဂျစ်စတန်၊ တာ့ခ်မင်နစ္စတန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ သြစတြေးလျ၊ ပြင်သစ် တို့ဖြစ်ပြီး ဤနိုင်ငံများမှ တရားဝင် အကူအညီကိုရယူလျက်ရှိသည်။လက်ရှိအခြေအနေတွင်မလေးရှား နိုင်ငံသည် အပေါင်းဖော်နိုင်ငံများနှင့် အကောင်းဆုံးနည်းလမ်းနှင့် စင်္ကြံ နှစ်ဖက်၌ မည်သို့ ဖြန့်ကြက်မည်တို့ကို ဆွေးနွေးတိုင်ပင်လျက်ရှိသည်။ မိတ် ဆွေနိုင်ငံများသို့ လေယာဉ်၊ ဂြိုဟ်တု နှင့်လှုပ်ရှားဆောင်ရွက်မှုများ၊ မြေပြင် ရှာဖွေရေးကိရိယာ တန်ဆာပလာ များ၊ ရေဒါအချက်အလက်များ၊ ရေတပ် နည်းပညာနှင့် လေကြောင်းဆိုင်ရာ နည်းပညာများဖြင့်ပူးပေါင်း ပါဝင်ကြရန် တရားဝင်တောင်းခံထားသည်။မြောက် ဘက်နှင့် တောင်ဘက် စင်္ကြံနှစ်ဖက် စလုံးမှာအရေးပါ လျက် ရှိသည်။

MH 370 ဝန်ထမ်းနှင့် ခရီးသည် များအား ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှု များအရ MH 370 သို့ တက်ရောက်စဉ် ခရီးသည်များ၊ ဝန်ထမ်းများမှာ ပုံမှန် အခြေအနေတွင် ရှိနေကြောင်း၊ လေယာဉ်မှာ မထွက်ခွာမီ အင်ဂျင် နီယာများနှင့်လည်း ထိတွေ့မှုရှိနိုင် ကြောင်းကို မလေးရှား တော်ဝင်ရဲတပ် ဖွဲ့က စုံစမ်းရရှိခဲ့သည်။ စနေနေ့တွင် လေယာဉ်မှူး၏ နေအိမ်ကို ဝင်ရောက် ရှာဖွေကာ မိသားစုဝင်များအား မေးမြန်းစုံစမ်းခဲ့ရာတွင် လေယာဉ်မှူး မှာလည်း ပုံမှန်အခြေအနေတွင် ရှိသည်ဟု သိရသည်။ ယမန်နေ့က တွဲဖက် လေယာဉ်မှူး၏ နေအိမ်သို့ လည်း ရဲတပ်ဖွဲ့က ဆက်လက် ဝင်ရောက်ရှာဖွေခဲ့ သည်။ ရဲတပ်ဖွဲ့က စုံစမ်းနေဆဲကာလအတွင်း အဆုံးစွန် အထိ မတွက်ဆကြရန် ပြည်သူများ သို့ ပန်ကြားတိုက်တွန်းလိုကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျစ်တွန် ရာဇတ်က ၄င်း၏လူမှုကွန်ရက် စာမျက်နှာတွင် သတင်းထုတ်ပြန် ထားသည်။

စိုးဝင်း(SP)
Myanmaalinn

No comments:

Post a Comment