Monday, March 17, 2014

ရတနာပုံ ပရိသတ်များကို လူမှုကွန်ရက်တွင် ဆဲဆိုခဲ့သည့် မကွေးဂိုးသမားကို အရေးယူမည် မဟုတ်ဟုဆို

Photo: ရတနာပုံ ပရိသတ်များကို လူမှုကွန်ရက်တွင် ဆဲဆိုခဲ့သည့် မကွေးဂိုးသမားကို အရေးယူမည် မဟုတ်ဟုဆို
Monday, March 17, 2014

လူမှုကွန်ရက် ဝက်ဆိုက် တစ်ခုဖြစ်သည့် ဖေ့ဘုတ် (Facebook) စာမျက်နှာမှ တစ်ဆင့် ရတနာပုံ ပရိသတ်များကို ကြမ်းတမ်းစွာ ဆဲဆိုခဲ့သည့် မကွေးအသင်း ဂိုးသမား ကျော်ဇင်ဖြိုးကို အရေးယူမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုးမိုးကျော်က ပြောကြားသည်။

ရတနာပုံအသင်းနှင့် မကွေးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့သည့်ပွဲကို တာဝန်ယူခဲ့သည့် ကြီးကြပ်သူများနှင့် ပြိုင်ပွဲကျင်းပရေး တာဝန်ခံတို့က MFF သို့ တိုင်ကြားခဲ့ခြင်း မရှိကြောင်းနှင့် ပြိုင်ပွဲပြင်ပတွင် ဖြစ်ပေါ်ခဲ့သည့် ပြဿနာ ဖြစ်ခြင်းတို့ကြောင့် အရေးမယူခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

မြန်မာ့လက်ရွေးစင် ကစားသမားလည်း ဖြစ်သည့် ကျော်ဇင်ဖြိုးအနေနှင့် ပရိသတ်ကို ဆဲဆိုခြင်းမျိုး မလုပ်သင့်ကြောင်း၊ ပြိုင်ပွဲဝင် အသင်းများက တရားဝင် တိုင်ကြားမှသာ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီအနေနှင့် ပြစ်ဒဏ်ပေးသင့်၊ မပေးသင့် ဆုံးဖြတ်နိုင်မည် ဖြစ်ကြောင်း၊ ယခုဖြစ်ရပ်မှာ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ဝါရင့် အားကစား ကလောင်ရှင်လည်းဖြစ်၊ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောကြားသည်။

ရတနာပုံအသင်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ပရိသတ်များကို ဆဲဆိုခဲ့သည့် ယင်းဖြစ်ရပ်ကို သိရှိခဲ့ခြင်း မရှိသေးသော်လည်း အသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်၌ မည်သို့ အရေးယူမည် ဆိုသည်ကို ပြောကြားနိုင်ခြင်း မရှိသေးကြောင်း မကွေးအသင်း၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီညီကျော်က ပြောဆိုသည်။

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၆ အဖြစ် မတ်လ ၈ ရက်နေ့က မကွေးအသင်းနှင့် ရတနာပုံတို့ ဗထူးကွင်း၌ ယှဉ်ပြိုင်ခဲ့ရာ ရတနာပုံအသင်း ပရိသတ်များက ကွင်းအတွင်းသို့ ခဲများ၊ ရေသန့်ဘူးနှင့် ကွမ်းတံတွေး ထုတ်များဖြင့် ပစ်ပေါက်ခဲ့ခြင်းနှင့် ပတ်သက်၍ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ရတနာပုံ အသင်းကို ဒဏ်ငွေ ကျပ် ၁၅ သိန်းချမှတ်ခဲ့ကြောင်း အသင်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့ရာတွင် ကျော်ဇင်ဖြိုးက ဆဲဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ကြမ်းတမ်းစွာ ဆဲဆိုမိခြင်းမှာ ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရတနာပုံအသင်း ပရိသတ်အချို့က ဦးစွာ ဆဲဆိုခဲ့ခြင်းကြောင့် သတိလွတ်ပြီး ပြန်လည် ဆဲဆိုမိခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ဆဲဆိုခြင်းမှာလည်း ရတနာပုံ ပရိသတ်အားလုံးကို ရည်ရွယ်ခြင်း မဟုတ်ဘဲ အချို့ကိုသာ ပြောဆိုမိခြင်း ဖြစ်ကြောင်း၊ နောင်တွင် ယင်းသို့ပြုမူမိခြင်း မရှိအောင် ဆင်ခြင်မည် ဖြစ်ကြောင်း မကွေးအသင်း ဂိုးသမား ကျော်ဇင်ဖြိုးက ပြောဆိုသည်။

The Voice Weekly
လူမှုကွန်ရက် ဝက်ဆိုက် တစ်ခုဖြစ်သည့် ဖေ့ဘုတ် (Facebook) စာမျက်နှာမှ တစ်ဆင့် ရတနာပုံ ပရိသတ် များကို ကြမ်းတမ်းစွာ ဆဲဆိုခဲ့သည့် မကွေးအသင်း ဂိုးသမား ကျော်ဇင်ဖြိုးကို အရေးယူမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုးမိုးကျော်က ပြောကြားသည်။

ရတနာပုံအသင်းနှင့် မကွေးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့သည့်ပွဲကို တာဝန်ယူခဲ့သည့် ကြီးကြပ်သူများနှင့် ပြိုင်ပွဲကျင်းပရေး တာဝန်ခံတို့က MFF သို့ တိုင်ကြားခဲ့ခြင်း မရှိကြောင်းနှင့် ပြိုင်ပွဲပြင်ပတွင် ဖြစ်ပေါ်ခဲ့သည့် ပြဿနာ ဖြစ်ခြင်းတို့ကြောင့် အရေးမယူခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

မြန်မာ့လက်ရွေးစင် ကစားသမားလည်း ဖြစ်သည့် ကျော်ဇင်ဖြိုးအနေနှင့် ပရိသတ်ကို ဆဲဆိုခြင်းမျိုး မလုပ် သင့်ကြောင်း၊ ပြိုင်ပွဲဝင် အသင်းများက တရားဝင် တိုင်ကြားမှသာ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ အနေနှင့် ပြစ်ဒဏ်ပေးသင့်၊ မပေးသင့် ဆုံးဖြတ်နိုင်မည် ဖြစ်ကြောင်း၊ ယခုဖြစ်ရပ်မှာ စည်းကမ်း ထိန်း သိမ်းရေး ကော်မတီနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ဝါရင့် အားကစား ကလောင်ရှင်လည်းဖြစ်၊ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောကြားသည်။

ရတနာပုံအသင်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ပရိသတ်များကို ဆဲဆိုခဲ့သည့် ယင်းဖြစ်ရပ်ကို သိရှိခဲ့ခြင်း မရှိသေးသော်လည်း အသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်၌ မည်သို့ အရေးယူမည် ဆိုသည်ကို ပြောကြားနိုင်ခြင်း မရှိသေးကြောင်း မကွေးအသင်း၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီညီကျော်က ပြောဆိုသည်။

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၆ အဖြစ် မတ်လ ၈ ရက်နေ့က မကွေးအသင်းနှင့် ရတနာပုံတို့ ဗထူးကွင်း၌ ယှဉ်ပြိုင် ခဲ့ရာ ရတနာပုံအသင်း ပရိသတ်များက ကွင်းအတွင်းသို့ ခဲများ၊ ရေသန့်ဘူးနှင့် ကွမ်းတံတွေး ထုတ်များဖြင့် ပစ်ပေါက်ခဲ့ခြင်းနှင့် ပတ်သက်၍ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ရတနာပုံ အသင်းကို ဒဏ်ငွေ ကျပ် ၁၅ သိန်းချမှတ်ခဲ့ကြောင်း အသင်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့ရာတွင် ကျော်ဇင်ဖြိုးက ဆဲဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ကြမ်းတမ်းစွာ ဆဲဆိုမိခြင်းမှာ ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရတနာပုံအသင်း ပရိသတ် အချို့က ဦးစွာ ဆဲဆိုခဲ့ခြင်းကြောင့် သတိလွတ်ပြီး ပြန်လည် ဆဲဆိုမိခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ဆဲဆိုခြင်း မှာလည်း ရတနာပုံ ပရိသတ်အားလုံးကို ရည်ရွယ်ခြင်း မဟုတ်ဘဲ အချို့ကိုသာ ပြောဆိုမိခြင်း ဖြစ်ကြောင်း၊ နောင်တွင် ယင်းသို့ပြုမူမိခြင်း မရှိအောင် ဆင်ခြင်မည် ဖြစ်ကြောင်း မကွေးအသင်း ဂိုးသမား ကျော်ဇင်ဖြိုးက ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment