မနေ့က မြန်မာပြည်သို့ ပြန်သော မြန်မာများထဲတွင် မလေးရှားလေဆိပ်တွင် ၈ ဦး အဖမ်းခံရကြောင်း လေ ဆိပ်သို့ ပို့ဆောင်သူ ကိုကျော်ကျော်မှ ပြောပြ လာပါသည်။
6P ပါမစ် ၊ ပြုလုပ်ပေးသော အချိန်တွင် 6P စာရွက်စာတမ်း ၊ မိမိတို့ လက်ပွေနဲ့ တင်ထားသူ များ မြန်မာပြည်မှ ဖရီးကောလင်းဖြင့် လာရောက်သူများ အနေဖြင့် ပြသာနာ မရှိသော်လည်း 6P ပါမစ် ၊ ပြု လုပ်ပေးသော အချိန်တွင် 6P စာရွက်စာ တမ်း ၊ မိမိတို့ လက်ဗွေဖြင့် မတင်ပဲ မိမိတို့ အစီအစဉ်ဖြင့် ပါမစ် ရအောင် ပြုလုပ်သော (တိုင်ပတ်) ပါမစ်စာအုပ်များကို ကိုင်ဆောင်သူများ ပြသာနာ ရှိနေပါသည်။
မိမိတို့ တင်ထားသော ပါမစ်များမှာ မလေးရှားနိုင်ငံမှ တရားဝင်ထုပ်ပေးသော ပါမစ်များ ဖြစ်သော် လည်း လေဆိပ်လဝကမှ စစ်ဆေးရာတွင် မိမိတို့အစီအစဉ်ဖြင့် ပါမစ်ရအောင် ပြုလုပ်သော (တိုင်ပတ်) ပါမစ်များဆိုပါက မလေးရှား လေဆိပ်တွင် အဖမ်းခံရနိုင်ပါသည်။
သို့ဖြစ်ပါ၍ မြန်မာပြည်သို့ ပြန်လိုသူများ အနေဖြင့် မိမိတို့ အေးဂျင့်များ ၊ ပါမစ်တင်ပေးသူများအား သေသေ ချာချာ မေးမြန်း စုံစမ်းပြီးမှသာ ပြန်သင့်ပါကြောင်း စေတနာဖြင့် အသိပေး တင်ပြလိုက် ပါသည်။
နေဇော်လင်း
Free Online Radio Media (Malaysia)
No comments:
Post a Comment