Tuesday, April 29, 2014

ရခိုင်ပြည်နယ် သန်းခေါင်စာရင်းတချို့ ပြန်ကောက်ရေး ဆွေးနွေး

Tuesday, April 29, 2014
ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ခံခဲ့ရာမှာ ကုဒ်နံပါတ် ၉၁၄ ဖြည့်စွက်ရေးနဲ့ပတ်သက်ပြီး စာရင်းမသွင်းနိုင်ဘဲ ချန်လှပ်ခဲ့ရ တဲ့ ဒေသတွေမှာ သန်ခေါင်စာရင်း ပြန်လည်ကောက်ခံနိုင်ရေး အတွက် ပြည်ထောင်စုအစိုးရကိုယ်စားလှယ်တွေနဲ့ ဘူးသီးတောင် ၊ မောင်တောမြို့တွေက မူဆလင်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

Photo: ရခိုင်ပြည်နယ် သန်းခေါင်စာရင်းတချို့ ပြန်ကောက်ရေး ဆွေးနွေး
Tuesday, April 29, 2014

ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ခံခဲ့ရာမှာ ကုဒ်နံပါတ် ၉၁၄ ဖြည့်စွက်ရေးနဲ့ပတ်သက်ပြီး စာရင်းမသွင်းနိုင်ဘဲ ချန်လှပ်ခဲ့ရ တဲ့ ဒေသတွေမှာ သန်ခေါင်စာရင်း ပြန်လည်ကောက်ခံနိုင်ရေး အတွက် ပြည်ထောင်စုအစိုးရကိုယ်စားလှယ်တွေနဲ့ ဘူးသီးတောင် ၊ မောင်တောမြို့တွေက မူဆလင်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
သန်းခေါင်စာရင်းပုံစံစာရွက်မှာ အခြားလူမျိုးအမည်ကို ကိုယ်စားပြုတဲ့ ကုဒ်နံပါတ် ၉၁၄ ရဲ့ ဘေးကွက်လပ် မှာ မိမိတို့ရဲ့ လူမျိုးအမည်ကို လွတ်လပ်စွာရေးသားခွင့်ပြုထားပေမဲ့၊ အဲဒီကွက်လပ်နေရာမှာ ရိုဟင်ဂျာလို့ ရေးသား ခွင့် မပြုဖို့ ရခိုင်တိုင်းရင်းသားတွေဘက်က သပိတ်မှောက် ကန့်ကွက်ခဲ့ကြတာကြောင့် အစိုးရက ရိုဟင်ဂျာ အဖြစ် ထည့်သွင်းကောက်ခံလိုသူတွေကို ချန်လှပ်ထားခဲ့တာဖြစ်ပါတယ်။
ဘူးသီးတောင်၊ မောင်တောအပါအဝင် တချို့နေရာတွေမှာ သန်းခေါင် စာရင်းမှာ ရိုဟင်ဂျာအဖြစ် ထည့်သွင်းလိုသူ တွေကို စာရင်းမကောက်ခံပဲ ချန်လှပ်ထားခဲ့ရပါတယ်။ ဒါကြောင့် ချန်လှပ် ထားခဲ့ရတဲ့ မူဆလင်တွေကို ကုဒ်နံပါတ် ၉၁၄ ရဲ့ ဘေးကွက်လပ်မှာ ဘာတစ်ခုမှ မရေးသွင်းဘဲ ကွက်လပ်အတိုင်း ထားပြီး ဆွေးနွေးမှုအပေါ် မူဆလင်တွေဘက်က မေလ ၅ ရက်နေ့ နောက်ဆုံးထားပြီး လက်ခံမယ်ဆိုရင် မူဆလင်တွေအတွက် သန်ခေါင်စာရင်းကို ပြန်လည်ကောက်ခံသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင် က ပြောပါတယ်။
"မနေ့က လ.ဝ.က ဒုဝန်ကြီးလာပြီးတော့ ဘူးသီးတောင်၊မောင်တော မှာ ဆွေးနွေးတယ်၊ဆွေးနွေးတယ်ဆိုတော့ သူတို့က အစိုးရလည်း ဘင်္ဂလီလို့ ထည့်မယ်ဆိုတဲ့အခါကျတော့လည်း သူတို့က မဟုတ်ဘူးပေါ့၊တခါ ရိုဟင်ဂျာ ဆိုတာလည်း ငါရိုဟင်ဂျာဆိုတာလည်း ဘယ်ကဆင်းလာတာလည်းဆိုတာ တချို့လူတွေကမသိဘူး၊အခုနောက်လ ၅ ရက်နေ့ကိုကောက်ဖို့ စီစဉ်နေ တယ်၊ ဘယ်လိုကောက်မလဲတော့ အဖြေတခုတော့ထွက်လာပါမယ်"
ဒါပေမယ့် မူဆလင်အချို့က ဘင်္ဂါလီလူမျိုးအဖြစ် စာရင်းပေးသွင်းခဲ့တာတွေ ရှိသလို၊ ဧပြီလ ၁ဝ ရက်နေ့ နောက်ပိုင်း မှာလည်း ဘင်္ဂါလီလူမျိုးအမည်နဲ့ စာရင်းလာသွင်းသူ ၆ဝဝဝ ကျော်ရှိတယ်လို့လည်း ဗဟိုသန်ခေါင်စာရင်း ကြီးကြပ် ရေး ကော်မတီက ပြောဆိုခဲ့ပါတယ်။
RFA Burmese 

No comments:

Post a Comment