Monday, April 28, 2014

ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ်ထပ်တိုးလာနိုင်

Monday, April 28, 2014
ချင်းပြည်နယ်လွှတ်တော် ဖလမ်း မြို့နယ်ကိုယ်စားလှယ် ဦးနထန်း သည် ယခုလ ၂၃ရက်တွင်ကွယ်လွန် ခဲ့သည့်အတွက်ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက် ပွဲလစ်လပ်မဲဆန္ဒနယ်များ ထပ်မံ တိုးပွားလာမည်ဖြစ်သည်။''လစ်လပ်သွားတဲ့နေရာအတွက်ထည့်သွင်းကျင်းပမလားဆိုတာက တော့ ရွေးကောက် ပွဲကော်မရှင် ကပဲဆုံးဖြတ်ရမှာပါ''ဟု ချင်း အမျိုးသားပါတီအထွေထွေအတွင်း ရေးမှူး ဆလိုင်းငယ်ပီး က ပြည် ထောင်စုနေ့စဉ်သို့ပြောသည်။လွှတ်တော်တွင်းမှဝန်ကြီးခန့်အပ်မှုများ၊ ကွယ်လွန်သူများ ရှိသော ကြောင့် ယခုနှစ်မကုန်မီ ကြားဖြတ် ရွေးကောက်ပွဲပြု လုပ်ပေး မည်ဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက လွှတ်တော်၌ဖြေကြား ထားပြီးဖြစ် သည်။လစ်လပ်မဲဆန္ဒနယ်များမှာ အမျိုးသားလွှတ်တော်ခြောက်နေရာ၊
ပြည်သူ့လွှတ်တော် ၁၃နေရာ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ် တော် ၁၁နေရာအထိရှိပြီး ချင်း ပြည်နယ်အတွင်း၌ ယခုလစ်လပ် သည့် နေရာအပါအဝင်အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့်
ပြည်နယ်လွှတ်တော်တစ်နေရာစီ လစ်လပ်လျက်ရှိသည်။
The Union Daily

No comments:

Post a Comment