Tuesday, April 29, 2014

လယ်ယာမြေ ပြဿနာများ ဖြေရှင်းရေး အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပြည်ထောင်စု လွှတ်တော်နာယက တွေ့ဆုံ

Tuesday, April 29, 2014
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေသော လယ်ယာမြေ ပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် အဆိုပါ တိုင်းဒေသကြီးအတွင်းရှိ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းတို့ ဧပြီလ ၂၈ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ယင်းဆွေးနွေးပွဲသို့ တက်ရောက် ခဲ့သူများထံမှ သိရှိရသည်။အဆိုပါ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ မြို့နယ်/ခရိုင်/တိုင်း အဆင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ မြို့နယ်ဖွံ့ဖြိုးရေး အဖွဲ့များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ စုစုပေါင်း အင်အား ၅၀၀ ကျော် တက်ရောက်ခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲ တက်ရောက်လာသူများက ဆိုသည်။ယင်းဆွေးနွေးပွဲကို လယ်ယာမြေ ပြဿနာ ဖြေရှင်းပေးရေး အဓိကထား ဆွေးနွေးရန် ပြည်ထောင်စု လွှတ်တော်နာယကက ပြောဆိုခဲ့သော်လည်း အုပ်ချုပ်ရေး အဖွဲ့အစည်း အများစုက လမ်း၊ တံတား တည်ဆောက်ပေးရေး ကိစ္စများကိုသာ အဓိက ဆွေးနွေးခဲ့ကြောင်း ပုသိမ်မြို့၊ ကရုဏာ လူမှုကူညီရေးအသင်းမှ ဦးဇော်ဝင်းက The Voice သို့ ပြောကြားသည်။
 နိုင်ငံရေးပါတီများမှ တာဝန်ရှိသူ အချို့ကသာ လယ်မြေကိစ္စရပ်များကို တင်ပြခဲ့ကြောင်း ၎င်းကဆိုသည်။
“လွှတ်တော်ဥက္ကဋ္ဌ ပုသိမ်လာတာ လယ်ယာမြေ ပြဿနာတွေ ဖြေရှင်းပေးဖို့ လာတာပါလို့ ပြောနေတာတောင် လယ်ယာမြေ ကိစ္စတွေကို မတင်ပြဘဲနဲ့ လမ်းတံတားကိစ္စ၊ မီးရရှိရေး ကိစ္စတွေကိုပဲ တင်ပြနေတယ်။ ပေးတဲ့စာရွက်ကိုပဲ ဖတ်နေတာပါ” ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် ဧပြီလ ၂၅ ရက်နေ့တွင် မွန်ပြည်နယ် မော်လ မြိုင်မြို့သို့ သွားရောက်ခဲ့ပြီး မွန်ပြည်နယ်ရှိ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။

The Voice Weekly

No comments:

Post a Comment