Saturday, April 12, 2014

မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ မဖြစ်သေးကြောင်း ဂျာမနီနိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ မဖြစ်သေးကြောင်း ဂျာမနီနိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Saturday, April 12, 2014

ဂျာမနီနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၁ ရက်တွင် Willy Brandt လူ့အခွင့်အရေးဆု လက်ခံရယူရန်အတွက် သွားရောက်စဉ် ဂျာမနီနိုင်ငံ ဒုတိယအဓိပတိ၊ စီးပွားရေးနှင့် စွမ်းအင်ဝန်ကြီး Sigmar Gabriel က ကြိုဆိုနှုတ်ဆက်စဉ် (Photo-AFP)
မြန်မာနိုင်ငံ၏ အပြောင်းအလဲများအပေါ် နိုင်ငံတကာ၏ အားပေးထောက်ခံမှုများ ရရှိနေသော်လည်း မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ မဟုတ်သေးကြောင်း ဂျာမနီနိုင်ငံရောက် မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သောကြာနေ့တွင် ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

"မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံ မဖြစ်သေးပါဘူး။ ကျွန်မတို့အနေနဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ခု ထူထောင်နိုင်ဖို့အတွက် အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ အဲဒီလိုဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ခု မထူထောင်နိုင်သေးပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

"ဒါပေမဲ့ ကျွန်မတို့ အခွင့်အရေးတွေ ရရှိဲ့တဲ့အတွက်ကြောင့် အခုရွေးချယ်စရာတွေ ရှိလာပါပြီ။ အခုအချိန်ဟာ ကျွန်မတို့ရဲ့ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်အတွက် ထိရှ အလွယ်ဆုံး၊ အန္တရာယ်အရှိဆုံး အခြေအနေမှာ ရောက်ရှိနေပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

ဘာလင်မြို့တွင် လူ့အခွင့်အရေးဆိုင်ရာဆု လက်ခံရယူရာ၌ မိန့်ခွန်းပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏နိုင်ငံသည် ဒီမိုကရေစီ နည်းလမ်းကျသော အခြေခံဥပဒေ၊ စစ်မှန်သော အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် စစ်အာဏာရှင်ဟောင်းများ၏ စိတ်ပိုင်းဆိုင်ရာ ခံယူချက်များ ပြောင်းလဲရန် လိုအပ်နေသေးကြောင်း သူမကဆက်လက် ပြောကြားသည်။

စစ်မှန်သော ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားနိုင်ရေးအတွက် နိုင်ငံရေးသမားများ အနေနှင့် ပြည်သူလူထုအပေါ် တာဝန်ခံနိုင်မှုများ ရှိရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး စစ်တပ်ဝတ်စုံများမှ အရပ်သား ၀တ်စုံများအဖြစ် ပြောင်းလဲလိုက်ရုံမျှဖြင့် စိတ်ပိုင်းဆိုင်ရာ ခံယူချက်များကိုပါ  အလိုအလျောက် ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်ဟု ယူဆ၍ မရနိုင်ကြောင်း သူမကဖြည့်စွက် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာကြီးအနေဖြင့် လက်ရှိအစိုးရသည် စစ်မှန်သော ဒီမိုကရက်တစ် ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် အမှန်တကယ် အလိုရှိသည်လား သို့မဟုတ် ဒီမိုကရေစီ အရေခြုံထားသော အာဏာရှင်စနစ်ကို အလိုရှိသည်လား ဆိုသည်နှင့် ပတ်သက်၍ အနီးကပ်ဆက်လက် စောင့်ကြည့်ရန် အတွက်လည်း သူမက တိုက်တွန်းပြောကြား ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် အခြေခံဥပဒေအရ စစ်တပ်သည် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ လေးပုံတစ်ပုံကို ရရှိနေခြင်းအပေါ် အာမခံချက် ပေးထားခြင်းကြောင့် စစ်တပ်သည် နိုင်ငံရေးအရ အထူးအခွင့်အရေး ရရှိထားခြင်း ဖြစ်ကြောင်းကိုလည်း ဝေဖန်ပြောကြားသည်။

"ကျွန်မတို့အနေနဲ့ အခြေခံဥပဒေကို မပြောင်းလဲနိုင်ဘူးဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲဆိုတာ အမြင်ကောင်းအောင် ဟန်ပြသက်သက် လုပ်နေတာထက် မပိုဘဲနေပါလိမ့်မယ်" ဟု သူမက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် “Willy Brandt” လက်ခံရန်အတွက် ဂျာမနီနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ဂျာမနီ အဓိပတိ အိန်ဂျလာမာကယ်လ်နှင့် ကြာသပတေးနေ့က တွေ့ဆုံခဲ့သည်။
 
Eleven Media Group
ဂျာမနီနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၁ ရက်တွင် Willy Brandt လူ့အခွင့်အရေးဆု လက်ခံရယူရန်အတွက် သွားရောက်စဉ် ဂျာမနီနိုင်ငံ ဒုတိယအဓိပတိ၊ စီးပွားရေးနှင့် စွမ်းအင်ဝန်ကြီး Sigmar Gabriel က ကြိုဆိုနှုတ်ဆက်စဉ် (Photo-AFP)
မြန်မာနိုင်ငံ၏ အပြောင်းအလဲများအပေါ် နိုင်ငံတကာ၏ အားပေးထောက်ခံမှုများ ရရှိနေသော်လည်း မြန် မာနိုင်ငံ သည် ဒီမိုကရေစီနိုင်ငံ မဟုတ်သေးကြောင်း ဂျာမနီနိုင်ငံရောက် မြန်မာ့အတိုက် အခံခေါင်းဆော င် ဒေါ်အောင်ဆန်းစုကြည်က သောကြာနေ့တွင် ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာန၏ ဖော်ပြ ချက် အရ သိရသည်။
"မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံ မဖြစ်သေးပါဘူး။ ကျွန်မတို့အနေနဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ခု ထူထောင်နိုင်ဖို့အတွက် အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ အဲဒီလိုဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ခု မထူထောင်နိုင်သေးပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

"ဒါပေမဲ့ ကျွန်မတို့ အခွင့်အရေးတွေ ရရှိဲ့တဲ့အတွက်ကြောင့် အခုရွေးချယ်စရာတွေ ရှိလာပါပြီ။ အခု အချိန်ဟာ ကျွန်မတို့ရဲ့ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်အတွက် ထိရှ အလွယ်ဆုံး၊ အန္တရာယ်အရှိဆုံး အခြေ အနေမှာ ရောက်ရှိနေပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

ဘာလင်မြို့တွင် လူ့အခွင့်အရေးဆိုင်ရာဆု လက်ခံရယူရာ၌ မိန့်ခွန်းပြောကြားရာ တွင် ဒေါ်အောင်ဆန်း စုကြည်က သူမ၏နိုင်ငံသည် ဒီမိုကရေစီ နည်းလမ်းကျသော အခြေခံဥပဒေ၊ စစ်မှန်သော အမျိုးသားပြန် လည် သင့်မြတ်ရေးနှင့် စစ်အာဏာရှင်ဟောင်းများ၏ စိတ်ပိုင်းဆိုင်ရာ ခံယူချက်များ ပြောင်းလဲရန် လို အပ်နေသေးကြောင်း သူမကဆက်လက် ပြောကြားသည်။

စစ်မှန်သော ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားနိုင်ရေးအတွက် နိုင်ငံရေးသမားများ အနေနှင့် ပြည်သူ လူထု အပေါ် တာဝန်ခံနိုင်မှုများ ရှိရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး စစ်တပ် ၀တ်စုံများမှ အရပ်သား ၀တ်စုံများအဖြစ် ပြောင်းလဲလိုက်ရုံမျှဖြင့် စိတ်ပိုင်းဆိုင်ရာ ခံယူချက်များကိုပါ  အလို အလျောက် ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်ဟု ယူဆ၍ မရနိုင်ကြောင်း သူမကဖြည့်စွက် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာကြီးအနေဖြင့် လက်ရှိအစိုးရသည် စစ်မှန်သော ဒီမိုကရက် တစ် ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် အမှန်တကယ် အလိုရှိသည်လား သို့မဟုတ် ဒီမိုကရေစီ အရေခြုံ ထားသော အာဏာရှင်စနစ်ကို အလိုရှိသည်လား ဆိုသည်နှင့် ပတ်သက်၍ အနီးကပ်ဆက် လက် စောင့်ကြည့် ရန် အတွက်လည်း သူမက တိုက်တွန်းပြောကြား ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် အခြေခံဥပဒေအရ စစ်တပ်သည် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ လေးပုံတစ်ပုံကို ရရှိနေခြင်းအပေါ် အာမခံချက် ပေးထားခြင်းကြောင့် စစ်တပ်သည် နိုင်ငံရေးအရ အထူးအခွင့်အရေး ရရှိထားခြင်း ဖြစ်ကြောင်းကိုလည်း ဝေဖန်ပြောကြားသည်။

"ကျွန်မတို့အနေနဲ့ အခြေခံဥပဒေကို မပြောင်းလဲနိုင်ဘူးဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲဆို တာ အမြင်ကောင်းအောင် ဟန်ပြသက်သက် လုပ်နေတာထက် မပိုဘဲနေပါလိမ့်မယ်" ဟု သူမက ပြောကြား ခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည်သည် “Willy Brandt” လက်ခံရန်အတွက် ဂျာမနီနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ဂျာမနီ အဓိပတိ အိန်ဂျလာမာကယ်လ်နှင့် ကြာသပတေးနေ့က တွေ့ဆုံခဲ့သည်။

Eleven Media Group

No comments:

Post a Comment