Thursday, April 24, 2014

မြန်မာသင်္ဘောသားများပါဝင်သောဆီတင်သင်္ဘော မာလက္ကာရေလက်ကြားတွင်ဓားပြတိုက်ခံရ

မြန်မာသင်္ဘောသားများပါဝင်သောဆီတင်သင်္ဘော မာလက္ကာရေလက်ကြားတွင်ဓားပြတိုက်ခံရ
=============================
ပြည့်ဖြိုးနိုင်
ရန်ကုန် ဧပြီ ၂၃
=============================

စင်ကာပူနိုင်ငံမှ ပိုင်ဆိုင်ပြီး မြန်မာသင်္ဘောသားများ ပါဝင် သော ဆီတင်သင်္ဘောတစ်စင်းကို  ယနေ့နံနက်ပိုင်းက မာလက္ကာရေ လက်ကြားတွင် လက်နက်ကိုင် ပင်လယ်ဓားပြများက ဓားပြတိုက် ခဲ့ကြောင်း ဘီဘီစီသတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

ပင်လယ်ဓားပြခြောက်ဦးသည်   မလေးရှားနိုင်ငံအနောက်ဘက်ပိုင်း ရှိ ကမ်းခြေတစ်ခုဖြစ်သော နာနင် ဝါမာယူကမ်းခြေအနီး၌  ယနေ့ နံနက်ပိုင်းက စက်တပ်လှေငယ်များ ဖြင့် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံ သို့ ဦးတည်ထွက်ခွာလာသည့် ဆီတင်သင်္ဘောကို ချဉ်းကပ်ကာ  ဓားပြတိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည် ဟု ကမ္ဘာ့ရေကြောင်းသွားလာရေး ဆိုင်ရာရဲတပ်ဖွဲ့မှ အရာရှိဖြစ်သူ  အက်ဘ်ဒယ်အဇစ်
ယူဆွတ်ဖ်က  ပြောသည်။ 

မလေးရှားရေကြောင်း သွားလာရေးဆိုင်ရာရဲတပ်ဖွဲ့မှ အရာရှိဖြစ်သူ ရာဟင်အဗ္ဗဒူလာက ''ကျွန်တော်တို့စုံစမ်းမှုတွေအလျင် အမြန်ပြုလုပ်နေပါတယ်။ ပြန်ပေး ဆွဲတယ်လို့ ယူဆထားပေမယ့် ဘယ်လိုတောင်းဆိုမှုမျိုးမှ ပေါ် ထွက်မလာသေးပါဘူး''ဟု ပြော သည်။ 

ထို့အပြင် ¤င်းကသင်္ဘော ပေါ်ရှိ  အင်ဒိုနီးရှားလူမျိုးများ ဖြစ်သောကပ္ပတိန်၊  အင်ဂျင်နီယာ ချုပ်နှင့် သင်္ဘောသားတစ်ဦးတို့ သည် နိုင်ငံကူးလက်မှတ်များနှင့် အတူ  ပျောက်ဆုံးနေသည်ဟု အတည်ပြုခဲ့သည်။ ပင်လယ်ဓားပြ များသည် အသင့်စောင့်ဆိုင်းနေ သော ဆီတင်သင်္ဘောငယ်များ ပေါ်သို့ဓားပြတိုက်ခံရသည့်သင်္ဘော ပေါ်၌
တင်ဆောင်လာသော ဒီဇယ် ဆီလီတာငါးသန်းကို ရွှေ့ပြောင်း သယ်ဆောင်သွားခဲ့သည်ဟုမလေး ရှားရေကြောင်းသွားလာရေးဆိုင်ရာ  ရဲတပ်ဖွဲ့မှ အတည်ပြုခဲ့သည်။

သင်္ဘောပေါ်တွင် ထိုင်း၊မြန်မာ နှင့်အိန္ဒိယနိုင်ငံမှသင်္ဘောသားများ  ပါဝင်နေပြီးအဆိုပါသင်္ဘောသားများ နှင့်ပတ်သက်သောသတင်းအချက် အလက်အတိအကျကို သက်ဆိုင် ရာအဖွဲ့အစည်းများက ထုတ်ပြန် ခြင်းမရှိသေးပေ။ မာလက္ကာရေ လက်ကြားနှင့်ဆက်စပ်နေသည့် နိုင်ငံများမှ ရေကြောင်းသွားလာ
 ရေးဆိုင်ရာရဲတပ်ဖွဲ့ဝင်များပါဝင် သည့် ပူးပေါင်းအဖွဲ့မှထုတ်ပြန် သောသတင်းထုတ်ပြန်ချက်တွင်  မာလက္ကာရေလက်ကြား၌ဖြစ်ပွား သော ဓားပြတိုက်မှုများနှင့်လုယက် မှုများမှာ သင်္ဘောပေါ်တွင်ပါဝင် သောဝန်ထမ်းများနှင့်ဆက်စပ်နေ လေ့ရှိပြီး ယခုဖြစ်စဉ်သည်လည်း အလားတူဖြစ်စဉ်မျိုးဖြစ်ဖွယ်ရှိ သည်ဟုဖော်ပြထားသည်။ အင်ဒိုနီး ရှား၊ မလေးရှားနှင့်စင်ကာပူရေ
 ကြောင်းသွားလာရေးဆိုင်ရာ ရဲ တပ်ဖွဲ့ဝင်များသည် ဓားပြတိုက်ခံ ရမှုအတွက် တိကျသောသတင်း အချက်အလက်များရရှိ
ရန်ပူးပေါင်း ဆောင်ရွက်နေသည်ဟု ဘီဘီစီက ဖော်ပြသည်။
စင်ကာပူနိုင်ငံမှ ပိုင်ဆိုင်ပြီး မြန်မာသင်္ဘောသားများ ပါဝင် သော ဆီတင်သင်္ဘောတစ်စင်းကို ယနေ့ နံနက် ပိုင်းက မာလက္ကာရေ လက်ကြားတွင် လက်နက်ကိုင် ပင်လယ်ဓားပြများက ဓားပြတိုက် ခဲ့ကြောင်း ဘီဘီစီ သတင်း တစ်ရပ် တွင် ဖော်ပြထားသည်။
ပင်လယ်ဓားပြခြောက်ဦးသည် မလေးရှားနိုင်ငံအနောက်ဘက်ပိုင်း ရှိ ကမ်းခြေတစ်ခုဖြစ်သော နာနင် ဝါမာယူကမ်းခြေအနီး၌ ယနေ့ နံနက်ပိုင်းက စက်တပ်လှေငယ်များ ဖြင့် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံ သို့ ဦးတည်ထွက်ခွာလာသည့် ဆီတင်သင်္ဘောကို ချဉ်းကပ်ကာ ဓားပြတိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည် ဟု ကမ္ဘာ့ရေကြောင်းသွားလာရေး ဆိုင်ရာရဲတပ်ဖွဲ့မှ အရာရှိဖြစ်သူ အက်ဘ်ဒယ်အဇစ် ယူဆွတ်ဖ်က ပြော
သည်။
မလေးရှားရေကြောင်း သွားလာရေးဆိုင်ရာရဲတပ်ဖွဲ့မှ အရာရှိဖြစ်သူ ရာဟင်အဗ္ဗဒူလာက ''ကျွန်တော်တို့ စုံစမ်းမှုတွေအလျင် အမြန်ပြုလုပ်နေပါတယ်။ ပြန်ပေး ဆွဲတယ်လို့ ယူဆထားပေမယ့် ဘယ်လိုတောင်းဆို မှုမျိုးမှ ပေါ် ထွက်မလာသေးပါဘူး''ဟု ပြော သည်။
ထို့အပြင် ¤င်းကသင်္ဘော ပေါ်ရှိ အင်ဒိုနီးရှားလူမျိုးများ ဖြစ်သောကပ္ပတိန်၊ အင်ဂျင်နီယာ ချုပ်နှင့် သင်္ဘောသားတစ်ဦးတို့ သည် နိုင်ငံကူးလက်မှတ်များနှင့် အတူ ပျောက်ဆုံးနေသည်ဟု အတည်ပြုခဲ့သည်။ ပင်လယ်ဓားပြ များသည် အသင့်စောင့်ဆိုင်းနေ သော ဆီတင်သင်္ဘောငယ်များ ပေါ်သို့ဓားပြ တိုက်ခံရသည့် သင်္ဘော ပေါ်၌ တင်ဆောင်လာသော ဒီဇယ် ဆီလီတာငါးသန်းကို ရွှေ့ပြောင်း သယ်ဆောင်သွားခဲ့သည်ဟုမလေး ရှားရေကြောင်းသွားလာရေးဆိုင်ရာ ရဲတပ်ဖွဲ့မှ အတည်ပြုခဲ့သည်။
သင်္ဘောပေါ်တွင် ထိုင်း၊မြန်မာ နှင့်အိန္ဒိယနိုင်ငံမှသင်္ဘောသားများ ပါဝင်နေပြီးအဆိုပါသင်္ဘောသား များ နှင့်ပတ်သက်သောသတင်းအချက် အလက်အတိအကျကို သက်ဆိုင် ရာအဖွဲ့အစည်းများက ထုတ်ပြန် ခြင်းမရှိသေးပေ။ မာလက္ကာရေ လက်ကြားနှင့်ဆက်စပ်နေသည့် နိုင်ငံများမှ ရေကြောင်းသွားလာ
ရေးဆိုင်ရာရဲတပ်ဖွဲ့ဝင်များပါဝင် သည့် ပူးပေါင်းအဖွဲ့မှထုတ်ပြန် သောသတင်းထုတ်ပြန်ချက်တွင် မာလက္ကာရေလက်ကြား၌ဖြစ်ပွား သော ဓားပြတိုက်မှုများနှင့်လုယက် မှုများမှာ သင်္ဘောပေါ်တွင် ပါဝင် သောဝန်ထမ်းများနှင့်ဆက်စပ်နေ လေ့ရှိပြီး ယခုဖြစ်စဉ်သည်လည်း အလားတူဖြစ်စဉ်မျိုးဖြစ်ဖွယ်ရှိ သည်ဟုဖော်ပြထားသည်။ အင်ဒိုနီး ရှား၊ မလေးရှားနှင့်စင်ကာပူရေ ကြောင်းသွားလာရေးဆိုင်ရာ ရဲ တပ်ဖွဲ့ဝင်များသည် ဓားပြတိုက်ခံ ရမှုအတွက် တိကျသောသတင်း အချက်အလက်များရရှိ ရန်ပူးပေါင်း ဆောင်ရွက်နေသည်ဟု ဘီဘီစီက ဖော်ပြသည်။

The Union Daily

No comments:

Post a Comment