Tuesday, April 29, 2014

တပ်မတော်သည် နိုင်ငံသားများဘက်ကသာရှိသည်

Tuesday, April 29, 2014
Photo: တပ်မတော်သည် နိုင်ငံသားများဘက်ကသာရှိသည်
Tuesday, April 29, 2014

ယနေ့ခေတ်သည် နိုင်ငံတိုင်းတွင် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးအင်အားစုများကို ကြိုးစား တည်ဆောက် လာသည်ကို တွေ့ရှိရသည်။ နှစ်ဆယ်ရာစု အကုန်ပိုင်းတွင် ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးများ ဖြစ်သည့် ဆိုဗီယက် ယူနီယံ ချက်ကိုစလိုဗက်ကီးယား ၊ ယူဂိုဆလပ် စသည့်နိုင်ငံကြီးများသည် အစိပ်စိပ် အမွှာမွှာကွဲထွက်ကာ တိုင်းပြည်များ ပြိုကျပျက်စီးခဲ့ရသည်။ အယူဝါဒမတူခြင်း ဘာသာရေး မတူညီခြင်း လူမျိုးစွဲဝါဒကြီးခြင်းနှင့် ကိုယ်ပိုင်နိုင်ငံ တည်ထောင်လိုခြင်းတို့သည် တိုင်းပြည်များ ပြိုကွဲစေသည့် အကြောင်းတရားများ ဖြစ်သည်။ သို့သော် ထိုသို့ ဒုတိယကမ္ဘာစစ်နှောင်းပိုင်း ပြိုကွဲသွားသည့် နိုင်ငံများမှ ထွက်ပေါ်လာသော နိုင်ငံငယ်များ၏ ရလာဒ်ကိုကြည့်လျှင် သယံဇာတ မပြည့်စုံခြင်း စစ်ရေးအင်အားနည်းပါးခြင်း စီးပွားရေးပြိုကွဲခြင်းနှင့် ပြည်သူလူထုမှ ဆွေးမျိုးများဝေးကွာရခြင်းများသာ အဖတ်တင်ပြီး အင်အားကြီးမားသော နိုင်ငံများအဖြစ် ရောက်ရှိသည့် နိုင်ငံမှာ အိန္ဒိယနှင့် ပါကစ္စတန်ကလွဲ၍ ကျန်နိုင်ငံများ ခေါင်းမထောင် နိုင်ခဲ့ သည်မှာ အထင်းသားပင် ဖြစ်သည်။ ထို့အတူ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံမှာလဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ကိုယ်ကျိုးဝါဒီများကြောင့် တပ်မတော်နဲ့တိုက်ပွဲများဖြစ်ကာ တိုင်းပြည်မှ နလန်ကောင်းကောင်း မထူနိုင်သေးပေ။

မြန်မာ့တပ်မတော်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက် မှာ ပြုပြင်ပြောင်းလဲရေးနဲ့ ခေတ်မီစေရေးတွေကို ပြုလုပ်ခဲ့တယ်။ အတိတ်ရဲ့ အရိပ်ဆိုးအောက်က ရုန်းထွက်ဖို့ အဆင့်မီစေရေးနဲ့ အစွမ်းထက်တဲ့ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဖြစ်လာစေရေးအတွက်လဲ အကောင်ထည် ဖော်ဆောင်ရွက်လျှက်ရှိပါတယ်။ မြန်မာ့တပ်မတော်ဟာ နိုင်ငံရဲ့၊ ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ် တွေကို ကာကွယ်စောင့်ရှောက်နေသော အဖွဲ့အစည်းဖြစ်၍ ယခုဆိုရင် တပ်မှသိမ်းထားပြီး အမှန်တကယ် လုပ်ကိုင်ခြင်းမရှိသော လယ်ယာမြေများကို တပ်မတော်မှ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဆိုသည့်တိုင် ပြည်သူများကို ပြန်လည်ပေးအပ်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုအဖွဲ့များနှင့်လဲ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို တဆင့်ပြီးတဆင့် ဆွေးနွေးကာ မတူညီတဲ့ အရာများကိုထားပြီး လက်ခံတူညီနိုင်သော အချက်အလက်များကို အကောင်းဆုံးဖြစ်သည်အထိ ဆွေးနွေးခဲ့သည်။

 ဒီအချက်တွေထဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ် ထားသော မူဝါဒများဖြစ်တဲ့ ငြိမ်းချမ်းရေးရရှိရန် အမှန်တကယ် ဆန္ဒရှိရန်၊ သဘောတူ စာချုပ်များကို ကတိ တည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အမြတ်မထုတ်ရန်၊ ဒေသခံပြည်သူများကို ဝန်ထုပ်ဝန်ပိုး မဖြစ် စေရန် နိုင်ငံတော်က ထုတ်ပြန်ထားသော တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန်၊ ဒို့တာဝန် အရေး သုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်း မှုကို လိုက်နာဆောင်ရွက်ရန် စတဲ့အချက်တွေ သဘောမတူညီနိုင်စရာ တစ်ချက်မျှမရှိဘူးလို့ သုံးသပ်လို့ရ ပါတယ်။

ဘာလို့လဲဆိုတော့ ကရင်တိုင်းရင်းသာ လက်နက်ကိုင်အဖွဲ့ကို ကျတော့တစ်မျိုး၊ ကချင်းအဖွဲ့ကိုတစ်မျိုး ချမှတ်ပေးလို့မရပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်များကလဲ ဟိုတစ်ဖွဲ့ကတစ်မျိုး၊ ဒီတပ်ဖွဲ့တစ်မျိုး မတောင်းဆိုသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ၎င်းတို့ဟာ မိမိနယ်မြေမှရှိတဲ့ လူနှင့်သယံဇတာများကို မိမိစိတ်ကြိုက် ချယ်လှယ်ခွင့် ရဖို့အတွက်ပဲ တောင်းဆိုနေခြင်းသာဖြစ်တဲ့အတွက် ပြည်သူတွေအတွက်မဟုတ်ပဲ မိမိအဖွဲ့အစည်းအတွက် လုပ်ဆောင်နေခြင်းသာဖြစ်တယ်။ နိုင်ငံဘဏ္ဌာငွေနှင့် သယံဇတများဟာ စောစော ကုန်ခမ်းသွားမှာဖြစ်ပြီး မြန်မာနိုင်ငံဟာ စီးပွားရေးပျော့ခွေကာ မလှုပ်နိုင်၊ မကိုင်နိုင်ဖြစ်ကာ သူတစ်ပါးနိုင်ငံ အောက် ရောက်ရှိသွားမှာ မလွဲဧကန်ပါပဲ။

ကျူးကျော်လှုပ်ရှားမှု မလုပ်ရန်နှင့် ဒေသခံတိုင်းရင်းသားများအား ထိတ်လန့်အောင် မပြုလုပ်ရန် ညွှန်ကြား ထားပြီး အမှန်တကယ်လဲ စစ်မြေပြင်တွင် နယ်မြေလုံခြုံရေးနှင့် မှောင်ခိုဖမ်းဆီးရေးမှအပ မည်သည့်လှုပ်ရှားမှုများ ကိုမျှ မပြုလုပ်ပဲ တိုင်းရင်းသားလက်နက်ကိုင်များ၏ ဆန္ဒကို ဦးစားပေးလက်ခံဆောင်ရွက်ခဲ့သည်။ သို့သော် လက်ရှိအစိုးရလက်ထက်မှာ တစ်နိုင်ငံလုံး သန်ခေါင်းစားရင် ကောက်ခံနေချိန်တွင် တပ်မတော်မှ ကချင်ဒေသ လက်နက်ကိုင်အဖွဲ့များဟာ သဘောတူညီချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပဲ လုပ်ဆောင်နေခြင်းသည် ငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးရေး တိုးတက်ရေးကို စိတ်မဝင်စားပဲ မိမိအတွက်။ မိမိအဖွဲ့အစည်းအတွက်သာ ဆိုတာကို မြင်နိုင်ပေသည်။ ထို့အပြင် ဘာကြောင့် ဒီလိုလုပ်နေသလဲဆိုတာကို တွေးကြည့်ပါက ၎င်းတို့သည် အစိုးရနဲ့ ငြိမ်းချမ်းရေရယူလိုက်ပါက တရားမဝင်ခိုးယူသုံးစွဲနေသော နိုင်ငံဘဏ္ဌာများနဲ့ တွင်းထွက်ပစ္စည်း များကို ပေးလိုက်ရမှာ စိုးရိမ်းနေခြင်းကြောင့်ဖြစ်မည်။ 

တပ်မတော်ဘက်မှလည်း နိုင်ငံတော်နဲ့ပြည်သူတွေ ငြိမ်းချမ်းအောင် ကာကွယ်စောင့်ရှောက်နေသည့် အပြင် နိုင်ငံဘဏ္ဌာများနဲ့ တွင်းထွက်ပစ္စည်းများကို ဆုံးရှုံးမှုမရှိအောင် ကာကွယ်ပေးနေခြင်းသည် ဖြစ်သောကြောင့် ၎င်းတို့နဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများဖြစ်ကာ ထိုအရာကို အခွင့်ကောင်းယူကာ တပ်မတော်မှာ ထိုးစစ်များပြုလုပ်နေတယ်ဆိုပြီး သတင်းမီဒီယာများနှင့် ချိတ်ဆက်ကာ တပ်မတော်ရဲ့ သိက္ခာကိုပျက်စီးအောင် မလုပ်သင့်ပေ။

ဒီကနေ့ ကာလမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာ နိုင်ငံကို အသိအမှတ်ပြု လာကြပြီ။ စီးပွားရေး ပိတ်ဆို့ ထားတာတွေ ကိုလည်း ဖြေလျှော့ ပေးခဲ့ကြလို့ အလား အလာ ကောင်းတွေကို ခံစား၊ စံစားရဖို့ မြင်နေရ ပါပြီ။ ဒီခြေလှမ်းအတိုင်း တက်ညီလက်ညီ ချီတက်သွားကြမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ မကြာလှတော့တဲ့ ကာလမှာ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ်ရောက် ရှိလာလိမ့်မယ်။ ဖွံ့ဖြိုး တိုးတက်ခြင်း နဲ့အတူ စိန်ခေါ်မှု အသစ်အသစ်တွေလည်း ရင်ဆိုင်လာရနိုင် တယ်။ အထူးသဖြင့် စစ်ရေးနဲ့ ပတ်သက်လာရင် ဘယ်လို လုပ်ကြမလဲ။ နိုင်ငံတော်ကို ဘယ်လိုကာကွယ် စောင့်ရှောက်ကြမလဲ။ ရေမြင့်ရင် ကြာတင့် ရသလိုပဲ အေးချမ်း ခေတ်မီတဲ့ ဒီမိုကရေစီ နိုင်ငံတော်နဲ့ နိုင်ငံသားတွေကို ကာကွယ် စောင့်ရှောက်နိုင်ဖို့ အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်တဲ့ ခေတ်မီ မျိုးချစ် တပ်မတော် တစ်ရပ်လိုအပ်ပါတယ်။

 တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုတဲ့ ဆောင်ပုဒ်အတိုင်း တပ်မတော်ဟာ နိုင်ငံတော် ကာကွယ်ရေးအတွက် လုပ်ဆောင်ရမည့် ရည်ရွယ်ချက်ချပြထားတဲ့အတိုင်း တိုင်းပြည်နဲ့ပြည်သူများအတွက်သာ ရပ်တည်ဆောင်ရွက်နေသော တစ်ခု တည်းသော လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပါသည်။

Credit To မောင်ဇော် ယနေ့ခေတ်သည် နိုင်ငံတိုင်းတွင် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးအင်အားစုများကို ကြိုးစား တည်ဆောက် လာသည်ကို တွေ့ရှိရ သည်။ နှစ်ဆယ်ရာစု အကုန်ပိုင်းတွင် ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးများ ဖြစ်သည့် ဆိုဗီယက် ယူနီယံ ချက်ကိုစ လိုဗက်ကီးယား ၊ ယူဂိုဆလပ် စသည့်နိုင်ငံကြီးများသည် အစိပ်စိပ် အမွှာမွှာကွဲထွက်ကာ တိုင်းပြည် များ ပြိုကျပျက်စီးခဲ့ရသည်။ အယူဝါဒမတူခြင်း ဘာသာရေး မတူညီခြင်း လူမျိုးစွဲဝါဒကြီးခြင်းနှင့် ကိုယ်ပိုင်နိုင်ငံ တည်ထောင်လိုခြင်းတို့သည် တိုင်းပြည်များ ပြိုကွဲစေသည့် အကြောင်းတရားများ ဖြစ်သည်။ သို့သော် ထိုသို့ ဒုတိယကမ္ဘာစစ်နှောင်းပိုင်း ပြိုကွဲသွားသည့် နိုင်ငံများမှ ထွက်ပေါ်လာသော နိုင်ငံငယ်များ၏ ရလာဒ်ကို ကြည့်လျှင် သယံဇာတ မပြည့်စုံခြင်း စစ်ရေးအင်အားနည်းပါးခြင်း စီးပွားရေးပြိုကွဲခြင်းနှင့် ပြည်သူလူထု မှ ဆွေးမျိုးများဝေးကွာရခြင်းများသာ အဖတ်တင်ပြီး အင်အားကြီးမားသော နိုင်ငံများအဖြစ် ရောက်ရှိ သည့် နိုင်ငံမှာ အိန္ဒိယနှင့် ပါကစ္စတန်ကလွဲ၍ ကျန်နိုင်ငံများ ခေါင်းမထောင် နိုင်ခဲ့ သည်မှာ အထင်းသားပင် ဖြစ်သည်။ ထို့အတူ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံမှာလဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ကိုယ်ကျိုးဝါဒီများကြောင့် တပ်မတော်နဲ့တိုက်ပွဲများဖြစ်ကာ တိုင်းပြည်မှ နလန်ကောင်းကောင်း မထူနိုင်သေးပေ။
မြန်မာ့တပ်မတော်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက် မှာ ပြုပြင်ပြောင်းလဲရေးနဲ့ ခေတ်မီစေရေးတွေကို ပြုလုပ်ခဲ့တယ်။ အတိတ်ရဲ့ အရိပ်ဆိုးအောက်က ရုန်းထွက်ဖို့ အဆင့်မီစေရေးနဲ့ အစွမ်းထက်တဲ့ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဖြစ်လာစေရေးအတွက်လဲ အကောင်ထည် ဖော်ဆောင်ရွက်လျှက်ရှိပါတယ်။ မြန်မာ့တပ်မတော်ဟာ နိုင်ငံရဲ့၊ ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ် တွေကို ကာကွယ်စောင့်ရှောက်နေသော အဖွဲ့အစည်းဖြစ်၍ ယခုဆိုရင် တပ်မှသိမ်းထားပြီး အမှန်တကယ် လုပ်ကိုင်ခြင်းမရှိသော လယ်ယာမြေများကို တပ်မတော်မှ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဆိုသည့်တိုင် ပြည်သူများကို ပြန်လည်ပေးအပ်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုအဖွဲ့များနှင့်လဲ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို တဆင့်ပြီးတဆင့် ဆွေးနွေးကာ မတူညီတဲ့ အရာများကိုထားပြီး လက်ခံတူညီနိုင်သော အချက်အလက်များကို အကောင်းဆုံးဖြစ်သည်အထိ ဆွေးနွေးခဲ့သည်။
ဒီအချက်တွေထဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ် ထားသော မူဝါဒများဖြစ်တဲ့ ငြိမ်းချမ်းရေးရရှိရန် အမှန်တကယ် ဆန္ဒရှိ ရန်၊ သဘောတူ စာချုပ်များကို ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အမြတ်မထုတ် ရန်၊ ဒေသခံပြည်သူများကို ဝန်ထုပ်ဝန်ပိုး မဖြစ် စေရန် နိုင်ငံတော်က ထုတ်ပြန်ထားသော တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန်၊ ဒို့တာဝန် အရေး သုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်း မှုကို လိုက်နာဆောင်ရွက်ရန် စတဲ့အချက်တွေ သဘောမတူညီနိုင်စရာ တစ်ချက်မျှမရှိဘူးလို့ သုံးသပ်လို့ရ ပါတယ်။
ဘာလို့လဲဆိုတော့ ကရင်တိုင်းရင်းသာ လက်နက်ကိုင်အဖွဲ့ကို ကျတော့တစ်မျိုး၊ ကချင်းအဖွဲ့ကိုတစ်မျိုး ချမှတ်ပေးလို့မရပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်များကလဲ ဟိုတစ်ဖွဲ့ကတစ်မျိုး၊ ဒီတပ်ဖွဲ့တစ်မျိုး မတောင်းဆိုသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ၎င်းတို့ဟာ မိမိနယ်မြေမှရှိတဲ့ လူနှင့်သယံဇတာများကို မိမိစိတ်ကြိုက် ချယ်လှယ်ခွင့် ရဖို့အတွက်ပဲ တောင်းဆိုနေခြင်းသာဖြစ်တဲ့အတွက် ပြည်သူတွေအတွက် မဟုတ်ပဲ မိမိအဖွဲ့အစည်းအတွက် လုပ်ဆောင်နေခြင်းသာဖြစ်တယ်။ နိုင်ငံဘဏ္ဌာငွေနှင့် သယံဇတများ ဟာ စောစော ကုန်ခမ်းသွားမှာဖြစ်ပြီး မြန်မာနိုင်ငံဟာ စီးပွားရေးပျော့ခွေကာ မလှုပ်နိုင်၊ မကိုင်နိုင်ဖြစ်ကာ သူတစ်ပါးနိုင်ငံ အောက် ရောက်ရှိသွားမှာ မလွဲဧကန်ပါပဲ။
ကျူးကျော်လှုပ်ရှားမှု မလုပ်ရန်နှင့် ဒေသခံတိုင်းရင်းသားများအား ထိတ်လန့်အောင် မပြုလုပ်ရန် ညွှန်ကြား ထားပြီး အမှန်တကယ်လဲ စစ်မြေပြင်တွင် နယ်မြေလုံခြုံရေးနှင့် မှောင်ခိုဖမ်းဆီးရေးမှအပ မည်သည့် လှုပ်ရှားမှုများကိုမျှ မပြုလုပ်ပဲ တိုင်းရင်းသားလက်နက်ကိုင်များ၏ ဆန္ဒကို ဦးစားပေးလက်ခံဆောင် ရွက်ခဲ့သည်။ သို့သော် လက်ရှိအစိုးရလက်ထက်မှာ တစ်နိုင်ငံလုံး သန်ခေါင်းစားရင် ကောက်ခံနေချိန်တွင် တပ်မတော်မှ ကချင်ဒေသ လက်နက်ကိုင်အဖွဲ့များဟာ သဘောတူညီချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိပဲ လုပ်ဆောင်နေခြင်းသည် ငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးရေး တိုးတက်ရေးကို စိတ်မဝင်စားပဲ မိမိအတွက်။ မိမိအဖွဲ့အစည်းအတွက်သာ ဆိုတာကို မြင်နိုင်ပေသည်။ ထို့အပြင် ဘာကြောင့် ဒီလိုလုပ်နေ သလဲဆိုတာကို တွေးကြည့်ပါက ၎င်းတို့သည် အစိုးရနဲ့ ငြိမ်းချမ်းရေရယူလိုက်ပါက တရားမဝင်ခိုးယူသုံး စွဲနေသော နိုင်ငံဘဏ္ဌာများနဲ့ တွင်းထွက်ပစ္စည်း များကို ပေးလိုက်ရမှာ စိုးရိမ်းနေခြင်းကြောင့်ဖြစ်မည်။
တပ်မတော်ဘက်မှလည်း နိုင်ငံတော်နဲ့ပြည်သူတွေ ငြိမ်းချမ်းအောင် ကာကွယ်စောင့်ရှောက်နေသည့် အပြင် နိုင်ငံဘဏ္ဌာများနဲ့ တွင်းထွက်ပစ္စည်းများကို ဆုံးရှုံးမှုမရှိအောင် ကာကွယ်ပေးနေခြင်း သည် ဖြစ်သောကြောင့် ၎င်း တို့နဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများဖြစ်ကာ ထိုအရာကို အခွင့်ကောင်းယူကာ တပ်မတော်မှာ ထိုးစစ်များပြုလုပ်နေတယ်ဆိုပြီး သတင်းမီဒီယာများနှင့် ချိတ်ဆက်ကာ တပ်မတော်ရဲ့ သိက္ခာကိုပျက်စီးအောင် မလုပ်သင့်ပေ။
ဒီကနေ့ ကာလမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာ နိုင်ငံကို အသိအမှတ်ပြု လာကြပြီ။ စီးပွားရေး ပိတ်ဆို့ ထားတာတွေ ကိုလည်း ဖြေလျှော့ ပေးခဲ့ကြလို့ အလား အလာ ကောင်းတွေကို ခံစား၊ စံစားရဖို့ မြင်နေရ ပါပြီ။ ဒီခြေလှမ်းအတိုင်း တက်ညီလက်ညီ ချီတက်သွားကြမယ်ဆိုရင် ကျွန်တော် တို့ နိုင်ငံဟာ မကြာလှတော့တဲ့ ကာလမှာ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ်ရောက် ရှိလာလိမ့်မယ်။ ဖွံ့ဖြိုး တိုးတက်ခြင်း နဲ့အတူ စိန်ခေါ်မှု အသစ်အသစ်တွေလည်း ရင်ဆိုင်လာရနိုင် တယ်။ အထူးသဖြင့် စစ်ရေးနဲ့ ပတ်သက်လာရင် ဘယ်လို လုပ်ကြမလဲ။ နိုင်ငံတော်ကို ဘယ်လိုကာ ကွယ် စောင့်ရှောက် ကြမလဲ။ ရေမြင့်ရင် ကြာတင့် ရသလိုပဲ အေးချမ်း ခေတ်မီတဲ့ ဒီမိုကရေစီ နိုင် ငံတော်နဲ့ နိုင်ငံသားတွေကို ကာကွယ် စောင့်ရှောက်နိုင်ဖို့ အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်တဲ့ ခေတ်မီ မျိုးချစ် တပ်မတော် တစ်ရပ်လိုအပ်ပါတယ်။
တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုတဲ့ ဆောင်ပုဒ်အတိုင်း တပ်မတော်ဟာ နိုင်ငံတော် ကာကွယ်ရေးအတွက် လုပ်ဆောင်ရမည့် ရည်ရွယ်ချက်ချပြထားတဲ့အတိုင်း တိုင်းပြည်နဲ့ပြည်သူများအတွက်သာ ရပ်တည်ဆောင်ရွက်နေသော တစ်ခု တည်းသော လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပါသည်။

Credit To မောင်ဇော်

No comments:

Post a Comment