Tuesday, April 29, 2014
အေပြီလဆန်းပိုင်းတွင် ပြန်လည်ဖြစ်ပွားလာသော တိုက်ပွဲများကြောင့် စစ်ရှောင်မိသားစုများ ပိုမိုများပြား လာချိန် ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်ခွဲနှင့် ၀ိုင်းမော်မြို့နယ်တို့တွင် အေပြီလ တတိယပတ်မှစ၍ ဆင်းရဲ နွမ်းပါး ဒေသခံများကိုပါမရှောင် KIA အဖွဲ့မှ ဆက်ကြေးကောက်ခံနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။ ဆင်ဘိုမြို့နယ်ခွဲအနီးတ၀ိုက်ရှိ ကျေးရွာများမှ ငါးဖမ်းစက်လှေနှင့် ဈေးရောင်း စက်လှေများအား KIA အဖွဲ့က ဆက်ကြေးကောက်ခံနေမှုကြောင့် အလွန်စိတ်ပျက်မိကြောင်း ဒေသခံအချို့က ပြောသည်။
“ ငါးဖမ်းစက်လှေတစ်စီးကို ငါးသောင်းတောင်းတယ်၊ လှေပေါ်မှာပါလာတဲ့ လူတွေကိုလည်း တစ်ယောက် ငါးထောင်တောင်းတယ်၊ မရှိဆင်းရဲလို့ ငါးဖမ်းစားနေပါတယ်ဆိုမှ အခုလို ဆက်ကြေးတောင်း တာတွေ ပေး ရတော့ မိသားစုက ဘာနဲ့ သွားစားရမလဲ ” ဟု ငါးဖမ်းလုပ်သားတစ်ဦးက ဆိုသည်။
“ ဈေးရောင်းစက်လှေတစ်စီးကို
သုံးသောင်း၊ လူတစ်ယောက်ကို သုံးထောင်ပေးရတယ်၊ မပေးရင် မသွားရ ဘူး ဆိုပြီး
သေနတ်တွေနဲ့ တားလို့ ပေးခဲ့ရတယ် ” ဟု ဆင်ဘိုမြို့ခံဈေးသည်တစ်ဦးက ပြောသည်။အေပြီလဆန်းပိုင်းတွင် ပြန်လည်ဖြစ်ပွားလာသော တိုက်ပွဲများကြောင့် စစ်ရှောင်မိသားစုများ ပိုမိုများပြား လာချိန် ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်ခွဲနှင့် ၀ိုင်းမော်မြို့နယ်တို့တွင် အေပြီလ တတိယပတ်မှစ၍ ဆင်းရဲ နွမ်းပါး ဒေသခံများကိုပါမရှောင် KIA အဖွဲ့မှ ဆက်ကြေးကောက်ခံနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။ ဆင်ဘိုမြို့နယ်ခွဲအနီးတ၀ိုက်ရှိ ကျေးရွာများမှ ငါးဖမ်းစက်လှေနှင့် ဈေးရောင်း စက်လှေများအား KIA အဖွဲ့က ဆက်ကြေးကောက်ခံနေမှုကြောင့် အလွန်စိတ်ပျက်မိကြောင်း ဒေသခံအချို့က ပြောသည်။
“ ငါးဖမ်းစက်လှေတစ်စီးကို ငါးသောင်းတောင်းတယ်၊ လှေပေါ်မှာပါလာတဲ့ လူတွေကိုလည်း တစ်ယောက် ငါးထောင်တောင်းတယ်၊ မရှိဆင်းရဲလို့ ငါးဖမ်းစားနေပါတယ်ဆိုမှ အခုလို ဆက်ကြေးတောင်း တာတွေ ပေး ရတော့ မိသားစုက ဘာနဲ့ သွားစားရမလဲ ” ဟု ငါးဖမ်းလုပ်သားတစ်ဦးက ဆိုသည်။
KIA အဖွဲ့အနေဖြင့် ရွှေမှော်၊ ကျောက်မှော်များနှင့် သစ်မှောင်ခိုကားများဆီမှ ဆက်ကြေးတောင်းခြင်းမှာ လူကြား ကောင်းသော်လည်း ယခုကဲ့သို့ မရှိဆင်းရဲသားဒေသခံရွာသားများအား ဆက်ကြေးငွေတောင်း ယူခြင်းမှာ ရှက်စရာလုပ်ရပ်တစ်ခုပင်ဖြစ်ကြောင်း ဆင်ဘိုမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး က ပြောကြား သွားသည်။အလားတူ အေပြီ ၂၇ ရက်နေ့တွင် ၀ိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာနှင့် အောင်မြေ (၁)ကျေးရွာများမှ ပြောင်းဆန်သယ်လာသော ဒိုင်နာယာဉ်များနှင့် သစ်ဆွဲလှည်းများကို KIA အဖွဲ့မှ ဆက်ကြေးငွေများ တောင်းယူ သွားကြောင်း ကိုယ်တွေ့ကြုံခဲ့ရသော ရွာသားများထံမှ သိရသည်။ “ ရွှေညောင်ပင်ကျေးရွာရဲ့ အနောက်တောင်ဘက် ၁ မိုင်လောက်မှာ နန်ပေါင်ရွာပျက်ရှိပါတယ်၊ အဲဒီကို ပြောင်း ဆန်တွေ သွားသယ်တာပါ၊ ဒိုင်နာယာဉ်(၃)စီးအတွက် ငွေ ၂ သိန်းကျော် တောင်းလို့ ပေးခဲ့ရ ပါတယ် ” ဟု ရွာခံ တစ်ဦးက ပြောသည်။
“ အိမ်မှာသုံးဖို့ ထင်းတွေသွားသယ်ကြတာပါ၊ အဲဒါကို ကချင်တပ်က သစ်တွေ သယ်တယ်ဆိုပြီး လှည်းတစ်စီးကို ခြောက်သောင်းတောင်းပါ တယ်၊ ငွေမပါတဲ့အတွက် ဒီတစ်ကြိမ်ခွင့်ပြုဖို့ ပြောပေမယ့် မရပါဘူး၊ ကျွန်တော်တို့ကို သေနတ်ဒင်တွေနဲ့ထုပြီး ဖိနပ်တွေနဲ့ ဆောင့်ကန်ပါတယ်၊ ရွာကိုပြန်ပြီး ငွေယူပေး ခဲ့ရပါတယ် ” ဟု သစ်ဆွဲလှည်းသမားတစ်ဦးက ပြောကြားခဲ့သည်။
နော်မိုင်
ဓာတ်ပုံ အင်တာနက်
ဓာတ်ပုံ အင်တာနက်
No comments:
Post a Comment