Tuesday, May 20, 2014

အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက် ဒါရိုက်တာမိုက်တီး လှုပ်ရှားဆောင်ရွက်မည်

ဒါရိုက်တာမိုက်တီးသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် ပါဝင်ဆောင် ရွက်သူ ၁၅ ဦး ပြည့်ပါက ၎င်းတို့၏ဆန္ဒသဘောထားများ ကောက်ယူပြီး တတ်နိုင်သည့်ဘက်မှနေ၍ စည်း ရုံးလှုံ့ဆော်မှုများ ပြုလုပ်သွားမည်ဟု မဇ္ဈိမသို့ပြောသည်။
“ဒီကိစ္စက တစ်ဦး တစ်ယောက်တည်းလုပ်ရင် အကောင်အထည် ဖော်ဆောင်နိုင်ဖို့က မလွယ်ကူပါဘူး။ အားလုံးပါဝင်မှဖြစ်မယ်လို့ ယူဆပါတယ်။ အားလုံးလည်း ပါဝင် သင့်ပါတယ်” ဟု ၎င်းက ပြောသည်။
ဒါရိုက်တာမိုက်တီးသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲနိုင်ရေးနှင့် စည်းရုံးလှုံ့ဆော် မှုများ ပြုလုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဦးစွာစတင် အကောင် အထည် ဖော်နိုင်ရန် လိုအပ်သည်ဟု ပွင့်လင်းစွာပြောသည်။
ယင်းဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရာတွင် ထောက်ခံသူများကို ဦးစွာ စုဆောင်းပြီး ၎င်းတို့၏ဆန္ဒ သဘောထားများကို တောင်းခံစည်းရုံးလှုံ့ဆော်ကာ တိုင်ပင်ဆွေးနွေးသွားမည် ဖြစ်သည်။ ပါဝင်လာသည့် စည်းရုံးလှုံ့ဆော်သူများနှင့် ရှေ့ဆက်ပြီးဆောင်ရွက်သွားမည့် အကြောင်းအရာများကို အတူဆွေးနွေးကာ ကဏ္ဍပေါင်းစုံ၊ အလွှာပေါင်းစုံမှ လူများကိုလည်း စည်းရုံးလှုံ့ဆော်မှုများနှင့် ဆန္ဒတောင်းခံမှုများကိုလည်း ထပ်မံပြုလုပ်သွားမည် ဖြစ်သည်။
ယင်းစည်းရုံးလှုံ့ဆော်မှုများကို ပြုလုပ်နိုင်ရန် လက်ရှိတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိ သေးသော်လည်း ဆောင်ရွက်မည်ဆိုပါက မီဒီယာကို အသိပေးကာ တောင်းခံမှု များပြုလုပ် သွားမည် ဖြစ်သည်။
ဒါရိုက်တာမိုက်တီးသည် ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများကို အများအပြား ရိုက်ကူးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင်ဇာတ် ကားရိုက်ကူးမှုများ ငြီးငွေ့သွားသည့်အတွက် စတင်အနားယူခဲ့သော်လည်း နောက်ပိုင်းတွင် ဆက်လက် ရိုက်ကူးခြင်း ရှိ၊ မရှိကို သေချာမပြောနိုင်ဟု ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment