Wednesday, May 21, 2014

မထင်မှတ်ပဲ ရှေးဟောင်း ရွှေဘယက် ကောက်ရ

 
 
 မြန်မာစကားပုံတခုမှာ လှံထမ်းလာတာကို မြင်ရပေမယ့် ကံထမ်းလာတာကို မမြင်နိုင်ဘူးဆိုတာ အခုကိစ္စက သက်သေ ထူ နေပါတယ်။ သတ္တုချောင်း အကူလမ်းလျှောက်တုတ်နဲ့ လမ်းလျှောက်ရတဲ့ အသက် ၅၅ နှစ် အရွယ် ဒေးဗစ်စဖော ဆိုသူ ဟာ သူ့ ရဲ့ လမ်းလျှောက် အကူတုတ်ထိပ်က စူးလေးက ရုတ်တရက် ကျွတ်ထွက်သွားရာက စတာလင်ပေါင် ၂ သောင်း လောက်တန်တဲ့ ရှေးဟောင်း ရွှေစင်ဘယက် တခု ကို ကောက်ရလိုက်တာပါ ဘဲ။ ဒေးဗစ်ဟာ နွာစားကျက်ကွင်းထဲမှာ ဖြစ်သွားစဉ်မှာ သူ့ရဲ့ လမ်းလျှောက် အကူတုတ်က စူးလေး ကျွတ်သွား တာကို လိုက်ရှာ ရင်း ရွှံ့တွေပေနေတဲ့ အရာတခုကို သူတွေ့ခဲ့တာပါ။

ရွှံ့တွေကို ဖယ်ကြည့်လိုက်တော့ ရှေးခေတ် ( ကြေးခေတ် ) က လူမျိုးစု ခေါင်းဆောင်တွေ ဝတ်ဆင်တဲ့
ရွှေသား အတိပြီးတဲ့ လခြမ်းပုံ ဘယက်ဖြစ်နေတာ သိလိုက်ရတာပါလို့ The Mirror သတင်းတပုဒ် မှာ
ဖော်ပြ ထားပါတယ်။

အခု တွေ့ရှိတဲ့ ရွှေစင် ဘယက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ဝဝ နဲ့ ၄၅ဝဝ ကြားလောက်က ဖြစ်မယ်လို့ ထင်ပါ သတဲ့။

အခုတွေ့ရှိတဲ့ ရွှေစင်ဘယက်ဟာ ဗြိတိန်နိုင်ငံမှာအခုလို ရွှေဘယက်မျိုး ၃ ခုပဲ တူးဖော်တွေ့ရှိထားတာဖြစ်ပြီး ဒီ ဘယက်က တော့ အပျက်အစီးမရှိတဲ့အတွက် တန်ဘိုးက အတော်ကြီးတယ်လို့ ဆိုပါတယ်။

ဒေးဗစ်ဟာ အခုဆို ခလုတ်တိုက်သလို ဖြစ်ရာက အခုလို ကံကောင်းသွားတာဖြစ်ပါတယ်။

ရွှေဘယက်ကိုတွေ့ ရှိ ခဲ့တဲ့ နွားစားကျက်မြေဟာ သူနဲ့ အတူ နောက်ထပ် ၂ ဦးပိုင်ဆိုင်တာဖြစ်ပါတယ်။

ဒီရွှေဘယက်ကို ရှေးဟောင်း ပစ္စည်းဌာနက သူတွေ သေချာ စစ်ဆေးပြီး ပြတိုက်မှာ ထားဖို့ဖြစ်ဖြစ်၊ အခြား စိတ်ဝင်စား သူက ဝယ်ယူသိမ်းထားချင်လို့ပဲဖြစ်ဖြစ် ပြန်ရောင်းချလို့ ရမယ့်ငွေတွေကို သူတို့ ၃ ဦး မျှဝေ ယူသွားမှာပါတဲ့။

သူကတော့ ရတဲ့ ပိုက်ဆံတွေကို အပန်းဖြေခရီးထွက်ဖို့ သုံးပါမယ်တဲ့။

အိမ့်သံစဉ်
ဧရာဝတီ

ကောက်ရခဲ့တဲ့ ရွှေဘယက်၊ ဓာတ်ပုံ-The Mirror

ရှေးဟောင်း ရွှေဘယက်ကောက်ရသူ ဒေးဗစ်စဖော

No comments:

Post a Comment