Tuesday, May 27, 2014

ရန်ကုန်- မန္တလေး အမြန် လမ်းမကြီး၌ ခရီးသွား ပြည်သူများ ဘေး အန္တရာယ် လျော့ပါး စေရေး အတွက် ကြိုတင် ကာကွယ် စစ်ဆေး မှုများ ဆောင်ရွက်

Photo: ရန်ကုန်- မန္တလေး အမြန် လမ်းမကြီး၌ ခရီးသွား ပြည်သူများ ဘေး အန္တရာယ် လျော့ပါး စေရေး အတွက် ကြိုတင် ကာကွယ် စစ်ဆေး မှုများ ဆောင်ရွက်
Tuesday, May 27, 2014

၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ အမြန် လမ်းမကြီး တစ်လျှောက် နေ့စဉ် ယာဉ်စီးရေ ၁၂ဝဝဝကျော်ခန့် ဖြတ်သန်း သွားလာလျက်ရှိရာ ယာဉ်မတော်တဆမှု များလည်း များပြား လာသည်။ ၁- ၁- ၂ဝ၁၄ ရက်မှ ၂၄- ၅- ၂ဝ၁၄ ရက်အထိ အမြန် လမ်းမကြီး တစ်လျှောက် ယာဉ်မတော် တဆမှု ၁၉၇မှု ဖြစ်ပွားခဲ့ပြီး ၈၇ဦး သေဆုံးကာ ၄ဝဝ ဦး ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်များ လျော့နည်းကျ ဆင်းစေရေး အတွက် ကြိုတင် ကာကွယ်ခြင်း အဖြစ် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး ရန်ကုန်တိုင်း ဒေသကြီး အပိုင်းတွင် အမှတ်(၃) လမ်းဆုံ တိုးဂိတ်မှလည်းကောင်း၊ နေပြည်တော် ကောင်စီ ဧရိယာတွင် နေပြည်တော် တိုးဂိတ်မှ လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး အပိုင်းတွင် စကားအင်းတိုး ဂိတ်မှ လည်းကောင်း၊ အမြန်လမ်း ရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေး အဖွဲ့၊ ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့ စသည့် ပူးပေါင်း အဖွဲ့များဖြင့် ယာဉ်မောင်း လိုင်စင် စစ်ဆေးခြင်း၊ အရက်သောက်စား မူးယစ် မောင်း နှင်မှု ရှိ/ မရှိ စစ်ဆေးခြင်း၊ ယာဉ်ကြံ့ခိုင်မှု စစ်ဆေးခြင်း၊ ယာဉ်လိုင်စင်၊ လုပ်ငန်းလိုင်စင်များ စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူး ပါ/မပါ စစ်ဆေးခြင်း တို့အား နေ့စဉ် ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ယာဉ်မောင်းလိုင်စင် မရှိသူ၊ သတ်မှတ် ယာဉ်မောင်းလိုင်စင် မဟုတ်ဘဲ မောင်းနှင်သူ၊ ယာဉ်မောင်းလိုင်စင် အတုဖြင့် မောင်းနှင်သူ၊ ယာဉ် နောက်လိုက် လိုင်စင်မရှိသူ၊ အရက်သေစာ သောက်စား မောင်းနှင်သူ များအား စစ်ဆေးတွေ့ရှိ ခဲ့သဖြင့်၎င်းတို့အား မော်တော်ယာဉ် ဥပဒေ၊ နည်း ဥပဒေများဖြင့် စစ်ဆေး အရေးယူခဲ့သည့် အပြင် ယာဉ်မောင်းလိုင်စင် အတု ကိုင်ဆောင်သူနှင့် အများပြည်သူအား အန္တရာယ် ဖြစ်လောက်အောင် အရက်သေစာ သောက် စား မောင်းနှင်သူ ယာဉ်မောင်းများအား ပြစ်မှုဆိုင်ရာ ဥပဒေဖြင့်ပါ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ခရီးသွား လုပ်သား ပြည်သူများအား ဘေးအန္တရာယ် လျော့ပါးစေရေး အတွက် ကြိုတင်ကာကွယ် စစ်ဆေးမှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိ သောကြောင့် မေ ၂၁ရက် မှစ၍ မေ ၂၆ရက်အထိ ယာဉ်မတော်တဆ မှုဖြစ်စဉ် များ လျော့ နည်း ကျဆင်း ခဲ့ပြီးဖြစ်ရာ ယာဉ်မတော်တဆမှု ဖြစ်ပွားခြင်း မရှိသည့် ရက်များ ပင်ရှိ လာကြောင်း၊ စိစစ်တွေ့ရှိရသည့် ယာဉ်မောင်းများ/ ယာဉ်လိုင်းများ/ တာဝန်ရှိသူများ အနေဖြင့် ယခုလက်ရှိ အခြေအနေအား ဆက်လက် ထိန်းသိမ်း ကြပ် မတ် ဆောင်ရွက် သွားနိုင်ပါရန် အမြန်လမ်း ရဲတပ်ဖွဲ့မှ နှိုးဆော် တိုက်တွန်း ထားကြောင်း သတင်းရရှိသည်။

မြ၀တီ
၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ အမြန် လမ်းမကြီး တစ်လျှောက် နေ့စဉ် ယာဉ်စီးရေ ၁၂ဝဝဝကျော်ခန့် ဖြတ်သန်း သွားလာလျက်ရှိရာ ယာဉ်မတော်တဆမှု များလည်း များပြား လာသည်။ ၁- ၁- ၂ဝ၁၄ ရက်မှ ၂၄- ၅- ၂ဝ၁၄ ရက်အထိ အမြန် လမ်းမကြီး တစ်လျှောက် ယာဉ်မတော် တဆမှု ၁၉၇မှု ဖြစ်ပွားခဲ့ပြီး ၈၇ဦး သေဆုံးကာ ၄ဝဝ ဦး ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်များ လျော့နည်းကျ ဆင်းစေရေး အတွက် ကြိုတင် ကာကွယ်ခြင်း အဖြစ် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး ရန်ကုန်တိုင်း ဒေသကြီး အပိုင်းတွင် အမှတ်(၃) လမ်းဆုံ တိုးဂိတ်မှလည်းကောင်း၊ နေပြည်တော် ကောင်စီ ဧရိယာတွင် နေပြည်တော် တိုးဂိတ်မှ လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး အပိုင်းတွင် စကားအင်းတိုး ဂိတ်မှ လည်းကောင်း၊ အမြန်လမ်း ရဲတပ်ဖွဲ့၊
ယာဉ်ထိန်း ရဲတပ်ဖွဲ့၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေး အဖွဲ့၊ ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့ စသည့် ပူးပေါင်း အဖွဲ့များဖြင့် ယာဉ်မောင်း လိုင်စင် စစ်ဆေးခြင်း၊ အရက်သောက်စား မူးယစ် မောင်း နှင်မှု ရှိ/ မရှိ စစ်ဆေးခြင်း၊ ယာဉ်ကြံ့ခိုင်မှု စစ်ဆေးခြင်း၊ ယာဉ်လိုင်စင်၊ လုပ်ငန်းလိုင်စင်များ စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူး ပါ/မပါ စစ်ဆေးခြင်း တို့အား နေ့စဉ် ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ယာဉ်မောင်းလိုင်စင် မရှိသူ၊ သတ်မှတ် ယာဉ်မောင်းလိုင်စင် မဟုတ်ဘဲ မောင်းနှင်သူ၊ ယာဉ်မောင်းလိုင်စင် အတုဖြင့် မောင်းနှင်သူ၊ ယာဉ် နောက်လိုက် လိုင်စင်မရှိသူ၊ အရက်သေစာ သောက်စား မောင်းနှင်သူ များအား စစ်ဆေးတွေ့ရှိ ခဲ့သဖြင့်၎င်းတို့အား မော်တော်ယာဉ် ဥပဒေ၊ နည်း ဥပဒေများဖြင့် စစ်ဆေး အရေးယူခဲ့သည့် အပြင် ယာဉ်မောင်းလိုင်စင် အတု ကိုင်ဆောင်သူနှင့် အများပြည်သူအား အန္တရာယ် ဖြစ်လောက်အောင် အရက်သေစာ သောက် စား မောင်းနှင်သူ ယာဉ်မောင်းများအား ပြစ်မှုဆိုင်ရာ ဥပဒေဖြင့်ပါ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ခရီးသွား လုပ်သား ပြည်သူများအား ဘေးအန္တရာယ် လျော့ပါးစေရေး အတွက် ကြိုတင်ကာကွယ် စစ်ဆေးမှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိ သောကြောင့် မေ ၂၁ရက် မှစ၍ မေ ၂၆ရက်အထိ ယာဉ်မတော်တဆ မှုဖြစ်စဉ် များ လျော့ နည်း ကျဆင်း ခဲ့ပြီးဖြစ်ရာ ယာဉ်မတော်တဆမှု ဖြစ်ပွားခြင်း မရှိသည့် ရက်များ ပင်ရှိ လာကြောင်း၊ စိစစ်တွေ့ရှိရသည့် ယာဉ်မောင်းများ/ ယာဉ်လိုင်းများ/ တာဝန်ရှိသူများ အနေဖြင့် ယခုလက်ရှိ အခြေအနေအား ဆက်လက် ထိန်းသိမ်း ကြပ် မတ် ဆောင်ရွက် သွားနိုင်ပါရန် အမြန်လမ်း ရဲတပ်ဖွဲ့မှ နှိုးဆော် တိုက်တွန်း ထားကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment