Friday, May 30, 2014

သာသနာရေးဝန်ကြီးဌာနမှ ရေးဆွဲထားသည့် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ (မူကြမ်း)ကို အမြင်ကွဲလွဲမှုများရှိနေ

ရန်ကုန်၊ မေ ၂၈- သာသနာရေး ဝန်ကြီးဌာနမှ ရေးဆွဲထားသည့် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ(မူကြမ်း)နှင့် ပတ်သက် ၍ အမြင်အမျိုးမျိုးကွဲပြားလျက်ရှိ ကြောင်း သိရသည်။ မေ ၂၇ ရက်က နိုင်ငံပိုင် သတင်း စာများတွင် ဥပဒေကြမ်းနှင့် ပတ် သက်ပြီး ပြည်သူ့အကြံပြုချက်ရယူ ရန် အခန်း(၇)ခန်းပါ ဥပဒေကြမ်း ဖော်ပြထားမှုအပေါ် ယင်းသို့ပြောဆို ကြခြင်း ဖြစ်သည်။
အမျိုးဘာသာသာသနာစောင့် ရှောက်ရေး(ဗဟို)ဥက္ကဋ္ဌ ဆရာတော် ကြီး အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော် ဩဝါဒါစရိယ ဘဒ္ဒန္တတိလောကာ ဘိဝံသက ''အခု ဒီဥပဒေကို အကြမ်း ဖျင်းဖတ်ထားတာ ရည်မှန်းထားတာ အားလုံးမဟုတ်ရင်တောင် မှ တော် တော်လေးကို အသက်ဝင်တယ်။ မြန်မာစံ လူ့အခွင့်အရေးစံတွေနဲ့ညီ အောင် ရေးဆွဲထားတယ်လို့ မြင် တယ်။ ဥပဒေဆိုတာ လိုအပ်လို့ လုပ် တာ။ ဒီဟာက မြန်မာတစ်မျိုးသားလုံး တိုင်းရင်းသားအားလုံးရဲ့ အရေးပဲ။ အခုကန့်ကွက်နေတဲ့ သူတွေက မြန်မာ အရေးကို တကယ်လိုလားတယ်ဆိုရင် ဟန့်တားစရာမလိုဘူးလို့ ထင်တယ်။ အခုအချိန်မှာ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာသာသာသနာက အရေးကြီးဆုံး လို့မြင်တယ်။ ဒီထက် နောက်ကျသွား ရင် ဘာမှလုပ်လို့မရတော့ဘူး''ဟု မိန့်ကြားသည်။
တရားလွှတ်တော် ရှေ့နေဦးခင် ဇော်(မရမ်းကုန်း)က ''ပုဒ်မ (၃)အရ ဘာသာကူးပြောင်းရေးဆိုင်ရာ မှတ် ပုံတင်အဖွဲ့က မြို့နယ် အဆင့်ပဲ ဖြစ် တယ်။ အဖွဲ့ထဲမှာ ဥပဒေပညာရှင် မပါဘူး။ ဥပဒေနားလည်တဲ့ ဥပဒေ ပညာရှင်တစ်ယောက်ပါသင့်တယ်။ 
အခန်း(၆) ပြစ်ဒဏ်အခန်းမှာပါဝင် တဲ့ ပုဒ်မ-၂၀ ကြောင့် ပိုရှုပ်ထွေးစေ နိုင်တယ်။ အငြင်းပွားစရာတွေ ပေါ် လာနိုင်တယ်။ တခြားဘာသာတွေမှာ သူတို့ ဘာသာကူးပြောင်းရင် သူတို့ ရဲ့ ဓလေ့ထုံးစံ အသီးသီးရှိတယ်။ ဒီ ဥပဒေကို ပြဋ္ဌာန်းလိုက်တဲ့ အတွက် ၁၉၅၄ခုနှစ် ဗုဒ္ဓဘာသာဝင်အမျိုး သမီးများ ထိမ်းမြားလက်ထပ်ခြင်း ဆိုင်ရာဥပဒေကနေ လွတ်သွားနိုင် တယ်။ တခြားဘာသာဝင်တွေအတွက် ပိုပြီး စည်းရုံးခွင့်ရသွားနိုင်တာ။ ကိုး ကွယ်တဲ့ဘာသာဆိုတာ ယုံကြည်မှုနဲ့ သက်ဆိုင်တယ်။ ဒီဥပဒေကိုပြဋ္ဌာန်း ဖို့ဆိုရင် ဥပဒေပညာရှင်တွေနဲ့ တိုင် ပင်ပြီး ထိန်းထိန်းသိမ်းသိမ်းပြဋ္ဌာန်း သင့်တယ်။ ဒီဥပဒေပြဋ္ဌာန်းရတဲ့ ရည် ရွယ်ချက်ကကောင်းပေမယ့် အမျိုး သမီးအခွင့်အရေးတွေ မဆုံးရှုံးအောင် ၁၉၅၄ခုနှစ် ဥပဒေကို ဒီထက် ပို ကောင်းအောင် ပြုလုပ်သင့်တယ်လို့ အကြံပြုချင်ပါတယ်''ဟု ပြောသည်။

ကိုးကွယ်ရာဘာသာ ကူးပြောင်း လိုသူသည် ကူးပြောင်းလိုသည့် ဘာ သာကို ရက်ပေါင်း ၉ဝလေ့လာခွင့် ပေးထားပြီး မြို့နယ်သာသနာရေးမှူး များနှင့် ဖွဲ့စည်းထားသည့် ကိုးကွယ် ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ စိစစ်မှတ်ပုံတင်ရေးအဖွဲ့ထံတွင် ဘာ သာကူးပြောင်းရမည်ဖြစ်ကြောင်း အဆိုပါ ဥပဒေကြမ်းတွင် ဖော်ပြထား သည်။
ဥပဒေကြမ်း အခန်း(၄) ကိုးကွယ် ရာဘာသာကူးပြောင်းသူ၏ အခွင့် အရေးနှင့်တာဝန်တွင် ''ကိုးကွယ်ခွင့် ရသူသည် မူလကိုးကွယ်ရာဘာသာ သို့ ဖြစ်စေ၊ အခြားဘာသာသို့ဖြစ် စေ ကူးပြောင်းခွင့်ရှိကြောင်း၊ ဘာ သာကူးပြောင်းပြီးနောက်တွင် ထိမ်း မြားလက်ထပ်မှု၊ အမွေဆက်ခံမှု၊ ပစ္စည်းခွဲဝေမှုတို့နှင့်စပ်လျဉ်းပြီး ကိုး ကွယ်ရာဘာသာ၏ဥပဒေနှင့်အညီ ရရှိခံစားခွင့်ရှိကြောင်း'' ဖော်ပြထား သည်။
လူ့အခွင့်အရေးလှုပ်ရှားတက် ကြွသူတစ်ဦးဖြစ်သူ ဒေါ်ခွန်ဂျာက ''ဒီဥပဒေက လုံးဝမရှိသင့်ဘူးလို့ပဲ ပြောချင်တယ်။ ဘာကြောင့်ဆို ယုံ ကြည်ရာ ကိုးကွယ်ရာဆိုတာ တစ်ဦး တစ်ယောက်နဲ့ပဲ ဆိုင်တယ်။ ဥပဒေ က ကန့်သတ်ထားသလို ဖြစ်နေတယ်။ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံး က လုပ်နေကြတဲ့အချိန်မှာ အာရုံ လွှဲတာပဲ''ဟု ဥပဒေကြမ်းနှင့်ပတ် သက်၍ ယင်း၏အမြင်ကို ပြော ကြားသည်။
ဘာသာသာသနာကို အလွဲသုံး စားပြုရန် အကြံဖြင့် ကူးပြောင်းပါက ထောင်ဒဏ်နှစ်နှစ်ဖြစ်စေ၊ ဒဏ်ငွေ နှစ်သိန်းဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ် စေ ချမှတ်သွားမည် ဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်၏ခြိမ်းခြောက် ခြင်း၊ အနိုင်အထက်ပြုခြင်းတို့ကြောင့် ကူးပြောင်း ရပါက ကျူးလွန်သူအား ထောင်ဒဏ်တစ်နှစ်ဖြစ်စေ၊ ဒဏ်ငွေ တစ်သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ် စေ ချမှတ်သွား မည်ဖြစ်ကြောင်းနှင့် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း အား ဟန့်တားပိတ်ပင်ပါက ထောင် ဒဏ် ခြောက်လဖြစ်စေ၊ ဒဏ်ငွေ ငါး သောင်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ် စေချမှတ်ရန် အဆိုပါဥပဒေမူကြမ်း တွင် ဖော်ပြထားသည်။
SYMZ ၊ HM

[--Democracy today Daily Newspaper--]





Yangon Media Group

No comments:

Post a Comment