Tuesday, May 20, 2014

တောင်ငူ ဇေယျာသီရိ မိဘမဲ့ဂေဟာတွင် ကလေး ၆၀ ကျော် အစာအဆိပ်သင့်

Photo: တောင်ငူ ဇေယျာသီရိ မိဘမဲ့ဂေဟာတွင် ကလေး ၆၀ ကျော် အစာအဆိပ်သင့်
Tuesday, May 20, 2014 

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ၂၂ ရပ်ကွက် ဝက်ကုန်း လမ်းရှိ ဇေယျာသီရိ အမျိုးသမီး မိဘမဲ့ကလေးများ ဂေဟာတွင် မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ကလေး ၆၈ ဦးနှင့် လူကြီးခြောက်ဦး အစာအဆိပ်သင့်မှု ဖြစ် ပွားကြောင်း တောင်ငူ ခရိုင် ဆေးရုံကြီးနှင့် တောင်ငူမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

အစာဆိပ်သင့်သည့် လက္ခဏာများနှင့် မူးဝေ အော့အန်ကာ ရောက်ရှိလာသူများတွင် အသက် ၃ နှစ်မှ ၁၅ နှစ်အရွယ် ကလေးပေါင်း ၆၈ ဦးရှိပြီး အတွင်းလူနာအဖြစ် ကုသနေသူ ကလေးငါးဦး၊ လူကြီး ခြောက်ဦးရှိပြီး ကလေးငယ် နှစ်ဦးသည် စိုးရိမ်ဖွယ် ရှိသော်လည်း ကျန်ကလေးငယ်များမှာ စိုးရိမ်ဖွယ် မရှိတော့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဇေယျာသီရိ အမျိုးသမီး မိဘမဲ့ကလေးများ ဂေဟာမှ ကလေးများ မေလ ၁၉ ရက် နံနက် ၇ နာရီက ဆန်ပြားသုပ်နှင့် ဒီးဒိုအချိုရေကို စားသောက်ပြီး မကြာမီ အစာအဆိပ်သင့်သည့် လက္ခဏာများ ပေါ်ခဲ့ရကြောင်း တောင်ငူမြို့မ ရဲတပ်ဖွဲ့စခန်း စခန်းမှူး ဒုရဲမှူး ဦးတင်ဝင်းက ပြောကြားသည်။

ဂေဟာတွင် မိဘမဲ့ကလေး ၇၀ ခန့်ရှိပြီး ကလေးငယ် နှစ်ဦးမှာ စိုးရိမ်ရ၍ အရေးပေါ် ကုသပေးနေရကြောင်း၊ ကျန်ကလေးများကို ပြင်ပလူနာဌာနတွင် ကုသပေးနေရပြီး စိုးရိမ်ဖွယ် မရှိကြောင်း ၎င်းကဆိုသည်။

အစာအဆိပ်သင့်သည့် ပြဿနာနှင့် ပတ်သက်၍ မည်သည့် အကြောင်းကြောင့် ဖြစ်ပွားသည်ကို မသိရှိရသေးကြောင်း၊ ဒီးဒိုအချိုရည် လာရောက် လှူဒါန်းသွားသူ၏ အမည်သာ သိရပြီး နေရပ်လိပ်စာ ပေးမသွားကြောင်း မိဘမဲ့ အမျိုးသမီးကလေးများ ဂေဟာမှ ဆရာကြီးတစ်ဦးက ပြောကြားသည်။

“မနက်ပိုင်းမှာ ကျောင်းတိုက်က လုပ်ကျွေးတဲ့ ဆန်ပြားသုပ်ကို ကလေးတွေ အကုန်စားတယ်။ ပြီးတော့ မနေ့က ရန်ကုန်က အလှူရှင်တစ်ဦး လာလှူထားတဲ့ အချိုရည်ကို တစ်ယောက် တစ်ဘူး တိုက်တယ်။ ပြီးတော့ မကြာဘူး၊ ကလေးနှစ်ယောက် အော့အန်ပြီး သတိလစ်သွားတဲ့အတွက် သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာပါ” ဟု အဆိုပါ မိဘမဲ့ဂေဟာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာဒိနီက ဆိုသည်။

ကလေးငယ်များ အစာအဆိပ်သင့်ပြီး ဆေးရုံသို့ လိုက်ပါပို့ဆောင်ရန် အကြောင်းကြားချိန်သည် မွန်းလွဲ ၁ နာရီခန့် ဖြစ်ရာ ကလေးငယ်များကို ဆေးရုံကြီးသို့ သုံးကြိမ်ခန့်ခွဲ ပို့ဆောင်ပေးခဲ့ရကြောင်း တောင်ငူမြို့ ၂၄ နာရီ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းဦးက ပြောကြားသည်။

ကလေးငယ်များသာမက ဂေဟာတွင် လာရောက်လုပ်ကိုင် ကူညီပေးနေသူ အမျိုးသားသုံးဦးကိုလည်း ဆေးရုံသို့ ပို့ဆောင် ကုသပေးခဲ့ရကြောင်း၊ ကလေးအများစုမှာ မူးဝေ အော့အန်သည့် လက္ခဏာများကို တွေ့ရှိခဲ့ရကြောင်း တောင်ငူပြည်သူ့ဆေးရုံကြီးသို့ ကလေးငယ်များကို လိုက်ပါ ပို့ဆောင်ပေးခဲ့သည့် လူမှုရေးကူညီရေးအသင်း မော်တော်ယာဉ် မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

“သမီးတို့ မနက်က မုန့်ဟင်းခါးသုပ် ကျွေးတယ်။ ပြီးတော့ ဒီးဒိုအချိုရည် တစ်ယောက် တစ်ဘူး ပေးလို့ အားလုံး သောက်ကြတယ်။ သမီးကတော့ ဘာမှ မဖြစ်ဘူး။ ကလေးနှစ်ယောက်က အန်ပြီး သတိတွေ လစ်သွားတော့မှ ဆရာကြီးတွေက ဆေးရုံပို့တာပါ” ဟု အဆိုပါ ဂေဟာတွင် နေထိုင်ပြီး တက္ကသိုလ်ဝင်တန်း တက်ရောက်နေသူ မခင်ဝေကျော်က ဆိုသည်။

ဇေယျာသီရိ မိဘမဲ့အမျိုးသမီးများ ဂေဟာကို ၁၉၅၈ ခုနှစ်ခန့်တွင် စတင် တည်ထောင်ခဲ့ကြောင်း၊ လက်ရှိတွင် ကလေးငယ်အရွယ်စုံ အမျိုးသမီး အယောက် ၇၀ ခန့်ကို ကယ်တင် စောင့်ရှောက်လျက် ရှိပြီး စတင် တည်ထောင်သည့် အချိန်မှစ၍ နှစ်ပေါင်း ၅၅ နှစ် အတွင်း ယင်းသို့ တစ်ကြိမ်တစ်ခါမျှ ဖြစ်ခဲ့ခြင်း မရှိကြောင်း ဂေဟာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ၂၂ ရပ်ကွက် ဝက်ကုန်း လမ်းရှိ ဇေယျာသီရိ အမျိုးသမီး မိဘမဲ့ကလေးများ ဂေဟာတွင် မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ကလေး ၆၈ ဦးနှင့် လူကြီးခြောက်ဦး အစာအဆိပ်သင့်မှု ဖြစ် ပွားကြောင်း တောင်ငူ ခရိုင် ဆေးရုံကြီးနှင့် တောင်ငူမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရ သည်။

အစာဆိပ်သင့်သည့် လက္ခဏာများနှင့် မူးဝေ အော့အန်ကာ ရောက်ရှိလာသူများတွင် အသက် ၃ နှစ်မှ ၁၅ နှစ်အရွယ် ကလေးပေါင်း ၆၈ ဦးရှိပြီး အတွင်းလူနာအဖြစ် ကုသနေသူ ကလေးငါးဦး၊
လူကြီး ခြောက်ဦးရှိပြီး ကလေးငယ် နှစ်ဦးသည် စိုးရိမ်ဖွယ် ရှိသော်လည်း ကျန်ကလေးငယ်များမှာ စိုးရိမ်ဖွယ် မရှိတော့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဇေယျာသီရိ အမျိုးသမီး မိဘမဲ့ကလေးများ ဂေဟာမှ ကလေးများ မေလ ၁၉ ရက် နံနက် ၇ နာရီက ဆန်ပြားသုပ်နှင့် ဒီးဒိုအချိုရေကို စားသောက်ပြီး မကြာမီ အစာအဆိပ်သင့်သည့် လက္ခဏာများ ပေါ်ခဲ့ရကြောင်း တောင်ငူမြို့မ ရဲတပ်ဖွဲ့စခန်း စခန်းမှူး ဒုရဲမှူး ဦးတင်ဝင်းက ပြောကြားသည်။

ဂေဟာတွင် မိဘမဲ့ကလေး ၇၀ ခန့်ရှိပြီး ကလေးငယ် နှစ်ဦးမှာ စိုးရိမ်ရ၍ အရေးပေါ် ကုသပေးနေရကြောင်း၊ ကျန်ကလေးများကို ပြင်ပလူနာဌာနတွင် ကုသပေးနေရပြီး စိုးရိမ်ဖွယ် မရှိကြောင်း ၎င်းကဆိုသည်။

အစာအဆိပ်သင့်သည့် ပြဿနာနှင့် ပတ်သက်၍ မည်သည့် အကြောင်းကြောင့် ဖြစ်ပွားသည်ကို မသိရှိ ရသေးကြောင်း၊ ဒီးဒိုအချိုရည် လာရောက် လှူဒါန်းသွားသူ၏ အမည်သာ သိရပြီး နေရပ် လိပ်စာ ပေး မသွားကြောင်း မိဘမဲ့ အမျိုးသမီးကလေးများ ဂေဟာမှ ဆရာကြီးတစ်ဦးက ပြောကြားသည်။

“မနက်ပိုင်းမှာ ကျောင်းတိုက်က လုပ်ကျွေးတဲ့ ဆန်ပြားသုပ်ကို ကလေးတွေ အကုန်စားတယ်။ ပြီးတော့ မနေ့က ရန်ကုန်က အလှူရှင်တစ်ဦး လာလှူထားတဲ့ အချိုရည်ကို တစ်ယောက် တစ်ဘူး တိုက်တယ်။ ပြီးတော့ မကြာဘူး၊ ကလေးနှစ်ယောက် အော့အန်ပြီး သတိလစ်သွားတဲ့အတွက် သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာပါ” ဟု အဆိုပါ မိဘမဲ့ဂေဟာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာဒိနီက ဆိုသည်။

ကလေးငယ်များ အစာအဆိပ်သင့်ပြီး ဆေးရုံသို့ လိုက်ပါပို့ဆောင်ရန် အကြောင်းကြားချိန်သည် မွန်းလွဲ ၁ နာရီခန့် ဖြစ်ရာ ကလေးငယ်များကို ဆေးရုံကြီးသို့ သုံးကြိမ်ခန့်ခွဲ ပို့ဆောင်ပေးခဲ့ရကြောင်း တောင်ငူမြို့ ၂၄ နာရီ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းဦးက ပြောကြားသည်။

ကလေးငယ်များသာမက ဂေဟာတွင် လာရောက်လုပ်ကိုင် ကူညီပေးနေသူ အမျိုးသားသုံးဦး ကိုလည်း ဆေးရုံသို့ ပို့ဆောင် ကုသပေးခဲ့ရကြောင်း၊ ကလေးအများစုမှာ မူးဝေ အော့အန်သည့် လက္ခဏာများကို တွေ့ရှိခဲ့ရကြောင်း တောင်ငူပြည်သူ့ဆေးရုံကြီးသို့ ကလေးငယ်များကို လိုက်ပါ ပို့ဆောင်ပေးခဲ့သည့် လူမှုရေးကူညီရေးအသင်း မော်တော်ယာဉ် မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

“သမီးတို့ မနက်က မုန့်ဟင်းခါးသုပ် ကျွေးတယ်။ ပြီးတော့ ဒီးဒိုအချိုရည် တစ်ယောက် တစ်ဘူး ပေးလို့ အားလုံး သောက်ကြတယ်။ သမီးကတော့ ဘာမှ မဖြစ်ဘူး။ ကလေးနှစ်ယောက်က အန်ပြီး သတိတွေ လစ်သွားတော့မှ ဆရာကြီးတွေက ဆေးရုံပို့တာပါ” ဟု အဆိုပါ ဂေဟာတွင် နေထိုင်ပြီး တက္ကသိုလ်ဝင်တန်း တက်ရောက်နေသူ မခင်ဝေကျော်က ဆိုသည်။

ဇေယျာသီရိ မိဘမဲ့အမျိုးသမီးများ ဂေဟာကို ၁၉၅၈ ခုနှစ်ခန့်တွင် စတင် တည်ထောင်ခဲ့ကြောင်း၊ လက်ရှိတွင် ကလေးငယ်အရွယ်စုံ အမျိုးသမီး အယောက် ၇၀ ခန့်ကို ကယ်တင် စောင့်ရှောက်လျက် ရှိပြီး စတင် တည်ထောင်သည့် အချိန်မှစ၍ နှစ်ပေါင်း ၅၅ နှစ် အတွင်း ယင်းသို့ တစ်ကြိမ်တစ်ခါမျှ ဖြစ်ခဲ့ခြင်း မရှိကြောင်း ဂေဟာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment