Friday, May 9, 2014

ယင်လတ်ကို ဖြုတ်ချလိုက် ပေမယ့် ထိုင်းနိုင်ငံရေး ဆက်လက်တင်းမာ

 
ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာဝပ်ကို ရာထူးကနေ ဖယ်ရှားပြီးနောက်ပိုင်း ထိုင်းအစိုးရသစ်ကို ခန့်အပ် မယ်လို့ ၆ လ ကြာဆန္ဒပြနေတဲ့ ထိုင်းဆန္ဒပြသူတွေက ပြောဆိုလိုက်ပါတယ်။
အခုလက်ရှိ ယာယီခန့်အပ်ထားတဲ့ ထိုင်းဝန်ကြီးချုပ် Niwattumrong Boonsongpaisan အပေါ် ယုံကြည်မှု မရှိဘူးလို့ ထိုင်းဆန္ဒပြသူတွေက ပြောပါတယ်။ထိုင်းဖွဲ့စည်းပုံထဲမှာ အုပ်ချုပ်ရေးအဖွဲ့ကို ဆီးနိတ်လွှတ်တော် က တိုက်ရိုက်ခန့်အပ်နိုင်တယ်ဆိုတဲ့ အချက်အလက်ပါရှိပါတယ်။အစ်ကိုဖြစ်သူ ထိုင်းပြည်ပြေး ၀န်ကြီးချုပ်
ဟောင်း သက်ဆင်ရှင်နာဝပ်ကို နိုင်ငံရေးလွှမ်းမိုးမှုတွေရှိတယ်ဆိုပြီး ၀န်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာဝပ် ကို ဖြုတ်ချဖို့ အစိုးရဆန့်ကျင်သူတွေက လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ဟာ အစိုးရ စီမံကိန်းတစ်ခုဖြစ်တဲ့ တောင်သူ လယ်သမားတွေရဲ့ စပါးဝယ်ယူရေးကိစ္စမှာ အဂတိလိုက်စားမှု ဖြစ်ပွားတာကို တားမြစ်ဖို့ တာဝန်ပျက်ကွက် တာကြောင့် ပြစ်ဒဏ်ချမှတ်ရမယ်လို့ ထိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က မနေ့က ဆုံးဖြတ်ချက်ချလိုက်ပါတယ်။အကယ်၍ ထိုင်းအထက်လွှတ်တော်က ဒီဆုံးဖြတ်ချက်ကို အတည်ပြုလိုက်မယ် ဆိုရင်တော့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ဟာ နိုင်ငံရေး လုပ်ခွင့် ၅ နှစ် ပိတ်ပင်ခံရ မှာ ဖြစ်ပါတယ်။ယင်လပ် ရှင်နာဝပ်ကို ဖြုတ်ချခဲ့တဲ့ ကိစ္စကို မကျေနပ်မှုတွေ ရှိခဲ့ပြီး မနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဖွဲ့စည်းပုံ ခုံရုံး ဥက္ကဋ္ဌ နေအိမ် အပါအဝင် အနည်းဆုံး ၃ နေရာမှာ တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။
Mandalay Media Group

No comments:

Post a Comment