Thursday, May 29, 2014

မိန်းမလျာက ဒီဇိုင်းရေးသူ တစ်ယောက်ကို ကတ်ကြေးနှင့် ထိုးသတ်ခဲ့

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၇၂-လမ်း၊ သိပ္ပံလမ်းအနီးတွင် မေ ၂၆ရက် မွန်းတည့် ၁၂နာရီကျော်က ဒီဇိုင်းရေးသူ လူငယ်တစ်ဦးကို ၀မ်းဗိုက်နှင့် ရင်အုံတွင် ထိုးသွင်း ဒဏ်ရာများဖြင့်တွေ့ ရှိရ၍ ဆေးရုံသို့သယ်ဆောင် စဉ် လမ်းခရီးတွင်သေဆုံးခဲ့ရာမှာ ပဏာမစစ်ချက်များအရ မိန်းမလျာတစ်ဦးက ကတ်ကြေးဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

ဖြစ်စဉ်မှာ ဒေ၀ါကျော်သည် မသေဆုံးမီ ၎င်းထံသို့အမြန်လာရန် ဖုန်းဆက် သွယ်ပြောကြားသဖြင့် ၎င်း၏ဇနီးနှင့် အစ်ကိုဝမ်းကွဲတို့က အခင်းဖြစ်နေ ရာ သို့ ရောက်ရှိခဲ့ကြောင်း၊ သိပ္ပံလမ်းနှင့်ကိုက် ၅၀အကွာ၇၂လမ်းအရှေ့ဘက် လမ်းဘေးတွင် ဒေ၀ါကျော်မှာဝမ်းဗိုက်ထိုးသွင်းဒဏ်ရာတစ်ချက်၊ယာအုံထိုး သွင်း ဒဏ်ရာတစ်ချက်တို့ဖြင့် အပြင်း အထန်ဒဏ်ရာရရှိနေ၍၎င်းကို ဆေးရုံသို့ တင်ပို့ရာမှ လမ်းခရီးတွင်သေဆုံးခဲ့ရာ မေ ၂၇ရက်တွင် မနေနွယ်လင်း မှ (ပ) ၃၅၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ အရ အမှုဖွင့်ထားကြောင်းသိရသည်။

အမှတ်(၁၁)နယ်မြေခံရဲတပ်ဖွဲ့သည် အခင်းဖြစ်ရာသို့ သွားရောက် စစ်ဆေးခဲ့ရာ အခင်းမဖြစ်မီ ဆက်သွယ်ပြောဆိုထားသည့် အသံဖိုင်ကို စစ်ဆေးခဲ့ရာမှ အဆိုပါ မိန်းမလျာသည် ဒေ၀ါကျော်အား မကျေမနပ်ဖြစ် သည့်အသံများနှင့် သေဆုံးသူ၏ဆိုင်ကယ်အားရိုက်ချိုးဖျက်ဆီးခဲ့ကြောင်းပြောဆိုခဲ့သည့် အသံများစစ်ဆေးတွေ့ရှိခဲ့ရသဖြင့်ချမ်းမြသာ စည် မြို့နယ်ဆ(၁၀)ရပ်ကွက်နေ မိန်းမလျာဖြစ်သူ ခင်မောင်တင့်(ခ) မလေးကွန်းအား ခေါ်ယူစစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ အမှုတွင် သေဆုံးသူ ဒေ၀ါကျော်မှာ ၇၉-လမ်း၊ ၁၁လမ်းနှင့် ၁၂လမ်း ကြားနေထိုင်သူဖြစ်ပြီး၊ မသင်္ကာသူ ခင်မောင်တင့်(ခ)မလေးကွန်းမှာ မိတ်ကပ် လိမ်းခြယ်သူ မိန်းမလျာဖြစ်ကြောင်း ၊ ဒေ၀ါကျော်နှင့် စကားများ ရန်ဖြစ်ရာမှ ကတ်ကြေးဖြင့် ထိုးသတ်ခဲ့သည်ဟု အကြမ်းဖျင်းဝန်ခံထွက်ဆို ခဲ့ကြောင်းနှင့် သက်သေခံပစ္စည်းများသိမ်းဆည်းရ မိရေးအတွက် ဆောင်ရွက်နေ သည် ဟုရဲမှတ်တမ်းများအရသိရသည်။

Mandalay News Agency


From...ThitHtooLwin

No comments:

Post a Comment