Tuesday, May 27, 2014

စစ်တွေရှိ ဘင်္ဂါလီကျေးရွာတစ်ရွာတွင် လူသတ်မှုဖြစ်ပွား

စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ဘင်္ဂါလီကျေးရွာတွင် မေလ ၂၅ ရက်နံနက်က လူသတ်မှုတစ် ခုဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သည့်အမျိုးသားကို ဒေသခံရွာသားများ က ၀ိုင်းဝန်းရိုက်နှက်ရန် ကြိုးစား သောကြောင့် လုံထိန်းရဲတပ်ဖွဲ့မှ အဆိုပါအမျိုးသားအား ဖမ်းဆီးကာ စစ်တွေမြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

‘‘လင်မယားချင်းစကားများ ပြီး ယောက်ျားက မိန်းမကို ဓားနဲ့ ငါးချက် ဆင့်ထိုးသွားခဲ့တာ။ မိန်းမဘက်က အမျိုးတွေက ၀ိုင်းရိုက်မယ်ဆိုတဲ့ သတင်းကြားလို့ အမြန်သွား ဖမ်းပြီး  မြို့မရဲစခန်းကို  လွှဲပေး လိုက်တာပါ။ ကျန်တာတော့ ရဲစ ခန်းနဲ့ပဲဆိုင်ပါတော့တယ်’’ဟု စစ် တွေမြို့ရှိ ဘင်္ဂါလီကျေးရွာများ တွင် လုံခြုံရေးတာဝန်ယူထား သည် အမှတ် (၃၂) လုံခြုံရေးရဲ တပ်ဖွဲ့ခွဲ့မှရဲအရာရှိတစ်ဦးက ပြောသည်။

   စစ်တွေမြို့ရှိ သဲချောင်း ဘင်္ဂါလီကျေးရွာတွင်  နေထိုင် သော အမျိုးသားတစ်ဦးသည် လင်မယားချင်း စကားများ၍ သက္ကယ်ပြင်ဘင်္ဂါလီကျေးရွာသို့ သွားရောက်နေထိုင်နေသည့် ၎င်း၏ဇနီးကို မေလ ၂၅ ရက် နံနက်ကလာခေါ်စဉ်  ပြန်မလိုက်သောကြောင့်ဓားဖြင့် ထိုးသတ် ခဲ့ခြင်းဖြစ်သည်ဟု ၀န်ခံထားကြောင်း စစ်တွေမြို့မရဲစခန်းမှ  အမှုစစ်ရဲအရာရှိကပြောသည်။

 အဆိုပါအမျိုးသားမှာ အသက် (၃၀) အရွယ်ရှိပြီး ၎င်းကို စစ်တွေမြို့မရဲစခန်းတွင် ပြစ်မှု ဥပဒေ ၃၀၂ ဖြင့်  အမှုဖွင့်စစ်ဆေး လျက်ရှိသည်။

7 Day News Daily

No comments:

Post a Comment