Saturday, May 24, 2014

မူလတန်းနှင့် အလယ်တန်းပြဋ္ဌာန်းစာအုပ် အခမဲ့ပေးသော်လည်း ရန်ကုန်ဈေးကွက် ဝယ်လိုအားမကျ

Photo: မူလတန်းနှင့် အလယ်တန်းပြဋ္ဌာန်းစာအုပ် အခမဲ့ပေးသော်လည်း ရန်ကုန်ဈေးကွက် ဝယ်လိုအားမကျ
Saturday, May 24, 2014

ပညာရေးဝန်ကြီးဌာနက မူလတန်းနှင့် အလယ်တန်း ပြဋ္ဌာန်းစာအုပ်များကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အခမဲ့ ထောက်ပံ့ကြောင်း ကြေညာ ထားသော်လည်း ဈေးကွက်အတွင်း ပြဋ္ဌာန်းစာအုပ် ဝယ်လိုအား ကျဆင်းမှု မရှိကြောင်း ရန်ကုန်မြို့တော် ဗိုလ်ချုပ်ဈေးရှိ ပြဋ္ဌာန်းစာအုပ် ရောင်းဝယ်ရေးလုပ်ငန်း အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။

ကျောင်းဖွင့်ရာသီ မတိုင်မီ ကျူရှင်တက်သူများက ပြဋ္ဌာန်းစာအုပ်များ အပိုဆောင်ထားလေ့ ရှိသည့်အတွက် ယခုကဲ့သို့ ရောင်းအားကျဆင်းမှု မရှိကြောင်း အဆိုပါ အသိုင်းအဝိုင်းက ပြောကြားသည်။

“ကျောင်းတွေက အလကားပေးမယ် ဆိုပေမယ့် လာဝယ်တဲ့ လူတွေတော့ ပုံမှန်လာဝယ်ကြတာပဲ။ ရောင်းအားမကျသွားပါဘူး” ဟု ရန်ကုန်မြို့တော် ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ ပြဋ္ဌာန်းစာအုပ် ရောင်းချသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးက ပြောဆိုသည်။

အလားတူ ဗိုလ်ချုပ်ဈေး အနီးတစ်ဝိုက်က ပြဋ္ဌာန်းစာအုပ် ရောင်းချသူ အချို့ကလည်း ယခင်နှစ်များအတိုင်း ဝယ်လိုအား ရှိကြောင်း ပြောကြားသည်။

“သိပ်ပြီးတော့ ရောင်းအား မကျသွားပါဘူး။ ပုံမှန်လေးပဲ ရောင်းနေရတယ်” ဟု ပြဋ္ဌာန်းစာအုပ် ရောင်းချသူတစ်ဦးက The Voice သို့ ပြောဆိုသည်။ 

ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ မူလတန်းနှင့် အလယ်တန်း ပြဋ္ဌာန်းစာအုပ်များ အခမဲ့ ထောက်ပံ့ရန် ၂၀၁၃ ခုနှစ် နှစ်ကုန်ကတည်းက ကြေညာထားပြီး ဖြစ်သည်။

“ကျောင်းမှာ ပြဋ္ဌာန်းစာအုပ်တွေ ရောက်တော့ ရောက်နေပြီ။ ဘာသာတွေတော့ အစုံမရသေးဘူး” ဟု ရန်ကုန်မြို့တော်မှ ကျောင်းအုပ်တစ်ဦးက ပြောကြားသည်။ 
“ကျောင်းတွေက အလကား ပေးပေမယ့်လည်း ကျူရှင်ထားတဲ့ အခါကျတော့ အပြင်က တစ်စုံလောက်တော့ ဝယ်ထားရတယ်။ ကျောင်းကပေးတာနဲ့ ဝယ်ထားတဲ့ တစ်စုံနှစ်စုံထားတော့ ကလေးအတွက်လည်း အဆင်ပြေတာပေါ့” ဟု ဗဟန်းမြိုနယ် ရေတာရှည် ရပ်ကွက်နေ ကျောင်းသား မိဘတစ်ဦးဖြစ်သူ ဒေါ်လဲ့လဲ့သင်းက The Voice သို့ ဆိုသည်။

ပြင်ပဈေးကွက်အတွင်း ရောင်းချနေသော ပြဋ္ဌာန်းစာအုပ် ရောင်းဈေးများသည် မူလတန်းအဆင့်တွင် အနည်းဆုံး ကျပ် ၂၀၀၀ ကျော်ရှိပြီး အလယ်တန်းနှင့် အထက်တန်း ပြဋ္ဌာန်းစာအုပ်များသည် တစ်စုံလျှင် ကျပ် ၅၀၀၀ ကျော်ထိ ရှိကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ မူလတန်းအဆင့်တွင် ကျပ်တစ်ထောင်၊ ဗလာစာအုပ် ၆ အုပ်နှင့် ပြဋ္ဌာန်းစာအုပ်များ အခမဲ့ပံ့ပိုးပြီး အလယ်တန်း အဆင့်တွင် ပြဋ္ဌာန်းစာအုပ်နှင့် ကျောင်းလခကြေးများ ထောက်ပံ့မည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly
ပညာရေးဝန်ကြီးဌာနက မူလတန်းနှင့် အလယ်တန်း ပြဋ္ဌာန်းစာအုပ်များကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အခမဲ့ ထောက်ပံ့ကြောင်း ကြေညာထားသော်လည်း ဈေးကွက်အတွင်း ပြဋ္ဌာန်းစာအုပ် ဝယ်လိုအား ကျဆင်း မှု မရှိကြောင်း ရန်ကုန်မြို့တော် ဗိုလ်ချုပ်ဈေးရှိ ပြဋ္ဌာန်းစာအုပ် ရောင်းဝယ်ရေးလုပ်ငန်း အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။
ကျောင်းဖွင့်ရာသီ မတိုင်မီ ကျူရှင်တက်သူများက ပြဋ္ဌာန်းစာအုပ်များ အပိုဆောင်ထားလေ့ ရှိသည့်အတွက် ယခုကဲ့သို့ ရောင်းအားကျဆင်းမှု မရှိကြောင်း အဆိုပါ အသိုင်းအဝိုင်းက ပြောကြားသည်။

“ကျောင်းတွေက အလကားပေးမယ် ဆိုပေမယ့် လာဝယ်တဲ့ လူတွေတော့ ပုံမှန်လာဝယ်ကြတာပဲ။ ရောင်း အား မကျသွားပါဘူး” ဟု ရန်ကုန်မြို့တော် ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ ပြဋ္ဌာန်းစာအုပ် ရောင်းချသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးက ပြောဆိုသည်။

အလားတူ ဗိုလ်ချုပ်ဈေး အနီးတစ်ဝိုက်က ပြဋ္ဌာန်းစာအုပ် ရောင်းချသူ အချို့ကလည်း ယခင်နှစ်များအတိုင်း ဝယ်လိုအား ရှိကြောင်း ပြောကြားသည်။

“သိပ်ပြီးတော့ ရောင်းအား မကျသွားပါဘူး။ ပုံမှန်လေးပဲ ရောင်းနေရတယ်” ဟု ပြဋ္ဌာန်းစာအုပ် ရောင်းချသူ တစ်ဦးက The Voice သို့ ပြောဆိုသည်။

ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ မူလတန်းနှင့် အလယ်တန်း ပြဋ္ဌာန်းစာအုပ်များ အခမဲ့ ထောက်ပံ့ရန် ၂၀၁၃ ခုနှစ် နှစ်ကုန် ကတည်းက ကြေညာထားပြီး ဖြစ်သည်။

“ကျောင်းမှာ ပြဋ္ဌာန်းစာအုပ်တွေ ရောက်တော့ ရောက်နေပြီ။ ဘာသာတွေတော့ အစုံမရသေးဘူး” ဟု ရန်ကုန်မြို့တော် မှ ကျောင်းအုပ်တစ်ဦးက ပြောကြားသည်။

“ကျောင်းတွေက အလကား ပေးပေမယ့်လည်း ကျူရှင်ထားတဲ့ အခါကျတော့ အပြင်က တစ်စုံလောက်တော့ ဝယ်ထား ရတယ်။ ကျောင်းကပေးတာနဲ့ ဝယ်ထားတဲ့ တစ်စုံနှစ်စုံထားတော့ ကလေးအတွက်လည်း အဆင်ပြေ တာပေါ့” ဟု ဗဟန်းမြိုနယ် ရေတာရှည် ရပ်ကွက်နေ ကျောင်းသား မိဘတစ်ဦးဖြစ် သူ ဒေါ်လဲ့လဲ့သင်း က The Voice သို့ ဆိုသည်။

ပြင်ပဈေးကွက်အတွင်း ရောင်းချနေသော ပြဋ္ဌာန်းစာအုပ် ရောင်းဈေးများသည် မူလတန်းအဆင့်တွင် အနည်း ဆုံး ကျပ် ၂၀၀၀ ကျော်ရှိပြီး အလယ်တန်းနှင့် အထက်တန်း ပြဋ္ဌာန်းစာအုပ်များသည် တစ်စုံလျှင် ကျပ် ၅၀၀၀ ကျော်ထိ ရှိကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ မူလတန်းအဆင့်တွင် ကျပ်တစ်ထောင်၊ ဗလာစာအုပ် ၆ အုပ်နှင့် ပြဋ္ဌာန်း စာအုပ်များ အခမဲ့ပံ့ပိုးပြီး အလယ်တန်း အဆင့်တွင် ပြဋ္ဌာန်းစာအုပ်နှင့် ကျောင်းလခကြေး များ ထောက်ပံ့ မည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment