Thursday, May 29, 2014

ချောကလက်ထဲ ဝက်သားပါဝင်နေလို့ မုန့်ထုတ်လုပ်တဲ့ကုမ္ပဏီကို ဂျီဟတ်စစ်ပွဲလုပ်ရန် မလေးရှားမူဆလင်များ တောင်းဆို

Cadbury ဟာ Wrigley's ပြီးရင် ကမ္ဘာ့အကြီးမားဆုံး မုန့်အချိုထုတ်လုပ်သူ ကုမ္ပဏီကြီးဖြစ်ပါတယ်။
သူ့ရဲ့ထုတ်ကုန်မှာ ဝက်သား DNA ကို စစ်ဆေး တွေ့ရှိခဲ့တာကြောင့် မလေးရှားမူဆလင်တွေ့နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီ ဖြစ်ပါတယ်။

ဟာလာစစ်ဆေးမှုအရ ဝက်သား DNA ကို ၄င်းရဲ့ချောကလက် ထုတ်ကုန်၂မျိုးမှာ တွေ့ရှိခဲ့တာဖြစ်ပြီး မလေးရှားမူဆလင်တွေဟာ ကမ္ဘာကျော်မုန့်ထုတ်လုပ်သူ Cadbury ကုမ္ပဏီကို ဂျီဟတ် စစ်ပွဲလုပ်ဖို့ တောင်း ဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။

ကုမ္ပဏီက ၄င်းရဲ့ချောကလက်ထုတ်ကုန် နှစ်မျိုးကို ပြန်သိမ်းခဲ့ရပြီး  မလေးမူဆလင်အဖွဲ့ပေါင်း ၂၀ နဲ့ဖွဲ့စည်းထားတဲ့ အုပ်စုကြီးတစ်စုကလည်း Cadbury ကို ဂျီဟတ်စစ်ပွဲ ကြေငြာမယ်လို့ဆိုပါတယ်။
ကုမ္ပဏီရဲ့ Dairy Milk Hazelnut နဲ့ Dairy Milk Roast Almond ထုတ်ကုန်နှစ်မျိုးကို ဟာလာစစ်ဆေးမှုပြုလုပ်ရာမှာ ပေါ့စတင်ပြခဲ့ကြောင်း ၄င်းတို့ကို အသိပေးမှုပြုလုပ်လာတယ်လို့ Cadbury ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

Malaymailonline ရဲ့ အဆိုအရ ကွာလာလမ်ပူမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ Cadbury ဟာ လက်မခံနိုင်တဲ့ အလုပ်ကို လုပ်ခဲ့ပြီဖြစ်ကြောင်းနဲ့ လျင်မြန်တဲ့ အရေးယူဆောင်ရွက်မှု လိုအပ်ကြောင်း ကြေငြာခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ဒီအဖွဲ့၂၀ရဲ့ ဥက္ကဌတစ်ဦးဖြစ်သူ Ustaz Masridzi Sat က “ဝက်သားစားတာကြောင့် ထိုလူကို လမ်းမှန်သို့ ပြသပေးဖို့ခက်ခဲတယ်” လို့ဆိုပြီး “ကျွန်တော်တို့ စုစည်းရမယ်၊ ကျွန်တော်တို့ ဂျီဟတ်ကြေငြာရမယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲမှာ Cadbury ထုတ်ကုန်များကို တစ်နိုင်ငံလုံး သပိတ်မှောက်ကြဖို့ ပြောကြားခဲ့ပြီး ၄င်းရဲ့ စက်ရုံများကိုလည်း ချက်ချင်းပိတ်သင့်ကြောင်း ကြေငြာခဲ့တယ်လို့ Malaymailonline ကဖော်ပြခဲ့ပါတယ်။

မလေးရှားမူဆလင်စားသုံးသူများအသင်း (PPIM) ရဲ့ ဥက္ကဥ Datuk Nadzim က ဥပဒေအရဆောင်ရွက်နိုင်ရန် မလေး NGO အဖွဲ့များနဲ့ ဆွေးနွေးနေပြီလို့ပြောကြားခဲ့ပါတယ်။


Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

No comments:

Post a Comment