Monday, May 12, 2014

ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးထက် နိုင်ငံရေးကိစ္စများကို ဦးစားပေး ဖြေရှင်းရန် ကေအန်ယူဒုတိယဥက္ကဋ္ဌအားတိုက်တွန်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏နေအိမ်တွင် လာရောက်တွေ့ဆုံသည့် ကေ အင်န်ယူဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်အား ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအရ ဖြေရှင်းရမည့် ကိစ္စရပ်များရှိနေချိန်တွင် စီး ပွားရေးကို အချိန်မပေးရန် တိုက်တွန်းပြော ကြားလိုက်ကြောင်း သိရသည်။

ကေအင်န်ယူ ဒုဥက္ကဋ္ဌသည် မေ ၇ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းနှင့်တွေ့ဆုံခဲ့ပြီး ၈ ရက်တွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် တွေ့ဆုံခဲ့ကာ မေ ၉ ရက်တွင် ဒေါ်အောင် ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံခဲ့ ကြောင်းသိရသည်။
ကေအင်န်ယူဒုဥက္ကဋ္ဌ နော်စီဖိုး ရာစိန်နှင့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်တို့ တွေ့ဆုံရာတွင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် တိုင်း ရင်းသားများ ပါဝင်လာသည်ကို ကြိုဆိုပါ ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အ နေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင်ရေးကိုလည်း အားစိုက် လုပ်ဆောင် သွားမည်ဟု ပြောကြားခဲ့ကြောင်း ကရင်အ မျိုးသမီးအဖွဲ့ဖြစ်သည့် KWO မှ တွဲဖက် အတွင်းရေးမှူး နော်ဘလူးမင်းနိုက်ဇံကပြော သည်။

''ဒေါ်စုက ကျွန်မတို့ ဒုဥက္ကဋ္ဌကြီး ကို ပူးပေါင်းဆောင်ရွက်ဖို့ ဖွဲ့စည်းပုံပြင်ရေး မှာ ပါဝင်ဖို့ပြောပါတယ်။ ဒုဥက္ကဋ္ဌကြီးကလဲ သဘောတူပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သတိပေးစကားကိုလဲ အထူးကျေးဇူးတင် ရှိပါကြောင်း ဒုဥက္ကဋ္ဌကြီးက ပြန်လည်ပြော ကြားခဲ့ပါတယ်။ ဒါဟာ အပြန်အလှန် ဖေးမ မှုပါပဲ''ဟု ယင်းက ဖလားဝါးနယူးစ်ဂျာနယ် သို့ ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအား ငြိမ်း ချမ်းရေးရမှ ပြင်ရမည်ဆိုပါက ကြန့်ကြာ သွားနိုင်သဖြင့် အတူတကွပြင်ဆင်ရန် သဘော တူခဲ့ကြပြီး ထပ်မံတွေ့ဆုံသွားဦးမည် ဖြစ် ကြောင်းလည်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးÓဏ်ဝင်းက ဖွဲ့စည်း ပုံပြင်ရေးဖြစ်စေ၊ ငြိမ်းချမ်းရေးဖြစ်စေ တိုင်း ရင်းသားများနှင့် ညီညွတ်မှုရှိရန် လိုအပ် ကြောင်း NLD ပါတီအနေဖြင့် လုပ်ငန်း အလိုက် တူညီသည့် ကိစ္စရပ်များတွင် မည် သည့်အဖွဲ့နှင့်မဆို ပူးပေါင်းဆောင်ရွက်သွား မည်ဟု ပြောကြားသည်။

''ကေအန်ယူကလဲ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့ဖြစ်တဲ့အတွက် ဆက်လက် လုပ်ဆောင်ရမယ့် နိုင်ငံရေး ကိစ္စတွေမှာ NLD နဲ့ လက်တွဲချီတက်သွားမှာပါ''ဟု ကေ အင်န်ယူဒုဥက္ကဋ္ဌက ပြောသည်။
ကေအင်န်ယူဒုဥက္ကဋ္ဌအနေဖြင့် မေ ၁ဝ ရက်တွင် ပဲခူးမြို့၌ ကရင်လူထုနှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဖွဲ့စည်းပုံပြင်ဆင် ရေးကိစ္စများကို ရှင်းလင်း ပြောကြားခဲ့ပြီး NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အဆိုပါနေ့တွင်ပင် မအူပင်မြို့၌ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲ ပြု လုပ်ခဲ့ကြောင်း သိရသည်။

Flower News Journal

No comments:

Post a Comment