Monday, May 5, 2014

မိမိ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး၊ ကမ္ဘာနှင့် ရင်ပေါင်တန်း နိုင်ရေး အတွက် စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် မောင်တို့ မယ်တို့ အားလုံးပါဝင်ဖော်ဆောင်

Photo: မိမိ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး၊ ကမ္ဘာနှင့် ရင်ပေါင်တန်း နိုင်ရေး အတွက် စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် မောင်တို့ မယ်တို့ အားလုံး ပါဝင် ဖော်ဆောင်
Monday, May 5, 2014

ယနေ့ အချိန်အခါတွင် နိုင်ငံတော် ကြီးသည် စည်းကမ်း ရှိသည့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံကို လျှောက်လှမ်း တည်ဆောက်နေပြီ ဖြစ်ကြောင်း၊ စည်းကမ်း ရှိမှု၊ တာဝန် သိမှု၊ တာဝန်ယူမှု၊ တရား ဥပဒေ လေးစား လိုက်နာမှုများသည် ဒီမိုကရေစီ လျှောက်လှမ်းရာတွင် မဖြစ်မနေ ဖော်ဆောင်ရမည့် လိုအပ်ချက် ဖြစ်ကြောင်း၊ တစ်ဆက်တည်း မှာပင် ဖွံ့ဖြိုး တိုးတက်အောင် ကြိုးစား လုပ်ဆောင် ကြရမှာ ဖြစ်ကြောင်း၊

မိမိတို့ နိုင်ငံသည် တိုင်းရင်းသား လူမျိုး ပေါင်းစုံ စုစည်း ညီညွတ်စွာ အတူတကွ နေထိုင်ကြသည့် ပြည်ထောင်စု နိုင်ငံကြီး ဖြစ်ကြောင်း၊ အားလုံးသည် ညီရင်း အစ်ကိုပမာ ဥမကွဲ သိုက် မပျက်နှင့် မိမိနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး၊ ကမ္ဘာနှင့် ရင်ပေါင် တန်းနိုင်ရေးအတွက် စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် မောင်တို့ မယ်တို့အားလုံး ပါဝင် ဖော်ဆောင်လုပ်ကိုင် သွားကြရမှာ ဖြစ်ကြောင်း။

ယနေ့သည် အနာဂတ် နိုင်ငံတော်၏ ခေါင်းဆောင်မှု တာဝန်များကို လက်ဆင့်ကမ်း အမွေဆက်ခံ သွားမည့် ဘက်စုံပညာ ထူးချွန်လူငယ်များ၊ ထူးချွန်ကြက်ခြေနီ လူငယ်များနှင့် ကင်းထောက် လူငယ်များကို တစ်စု တစ်စည်းတည်း တွေ့ဆုံဂုဏ်ပြု စကား ပြောကြားခွင့် ရသည့်နေ့ဖြစ်၍ နိုင်ငံတော်နှင့် တပ်မတော် အတွက် မင်္ဂလာ အပေါင်းဖြင့် ပြည့်စုံ သည့် နေ့ရက်ဖြစ်ကြောင်း၊

ယခုလို မင်္ဂလာရှိသည့် အခမ်းအနားကို တက်ရောက် လာကြသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ကြောင်းလည်း ဆုမွန် ကောင်းတောင်း အပ်ပါကြောင်း။ မိမိတို့ မြန်မာ နိုင်ငံတွင် လက်ရှိစာရင်း ဇယားများအရ အသက် ၁၅ နှစ်မှ ၂၉နှစ် အရွယ် လူငယ်ပေါင်း ၁၆သန်းခန့် ရှိပါကြောင်း၊ ဒီလူငယ် မောင်မယ်များသည် တိုင်းပြည်၏ အဖိုးထိုက် တန် ဆုံးသော လူ့စွမ်းအား အရင်းအမြစ် ဖြစ်ပြီး အနာဂတ် နိုင်ငံတော် အတွက် အားထားရမည့် အင်အားစုများပင် ဖြစ်ပါကြောင်း၊ 

ထိုလူငယ် အင်အားစုများကို ''အရေအတွက်မှ အရည်အချင်း သို့''ဆိုသည့် စွမ်းရည်မြှင့်တင် မှုများ၊ လမ်းမှန် ရောက်ရှိရန် ပို့ဆောင်မှုများ ပြုလုပ် ပေးနိုင်လျှင် နိုင်ငံတော်၏ ရည်မှန်း ချက် ဖြစ်သည့် ''ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်'' တည်ဆောက်ရေးသည် မလွဲမသွေ အောင်မြင်မှာပင် ဖြစ်ပါကြောင်း။

''ယနေ့ လူငယ်၊ နောင်ဝယ်လူကြီး''ဆိုသည့် စကားရှိပါကြောင်း၊ လူငယ်များသည် အနာဂတ်တွင် တိုင်းပြည်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍ များတွင် တာဝန်ယူသွားရမည့် သူများပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လူငယ်တိုင်းသည် ကိုယ်ကာယ ကျန်းမာသူများ၊ ဥာဏစွမ်းရည် ထက်မြက်သူများ၊ အကျင့် စာရိတ္တ ကောင်းမွန် သူများ၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူများ၊ ဗဟုသုတ ပြည့်စုံသူများ ဖြစ်ရန် လိုအပ်ပါကြောင်း၊ တစ်နည်းအားဖြင့် ကာယဗလ၊ ဥာဏဗလ၊ စာရိတ္တ ဗလ၊ မိတ္တ ဗလနှင့် ဘောဂ ဗလ ဆိုသည့် ဗလငါးတန်ဖြင့် ပြည့်စုံနေရန် လိုအပ်ပါကြောင်း။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂ဝဝ၈) ခုနှစ်၊ ပုဒ်မ ၃၃တွင် လူငယ်များနှင့် ပတ်သက်၍ ''နိုင်ငံတော်သည် လူငယ်များ မျိုးချစ် စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေး တို့အတွက် ဆောင်ရွက်ရမည်''ဟု ဖော်ပြထား သကဲ့သို့ ပုဒ်မ ၂၈၊ ပုဒ်မခွဲ (ဃ)တွင်လည်း ''ဘက်စုံ အတွေးအခေါ် အယူအဆ မှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီ ပညာရေး စနစ် ဖော်ဆောင်ရမည်''ဟု ပြဋ္ဌာန်း ထား ပါကြောင်း၊ ပြဋ္ဌာန်းချက် များနှင့် အညီ နိုင်ငံတော် အနေဖြင့်လည်း အနာဂတ် နိုင်ငံ့ သားကောင်းများ ဖြစ်လာမည့် ယနေ့ လူငယ် မောင်မယ်များ လျှောက်လှမ်း သင့်သည့်လမ်း များ ချောမွေ့ရန် ဆောင်ရွက် ပေးနေပြီ ဖြစ်ပါကြောင်း၊

ယခုလို ဆောင်ရွက်နေခြင်းသည် အနာဂတ်အတွက် အကောင်းဆုံးသော ရင်းနှီး မြှုပ်နှံမှု၊ အမြော် အမြင်ကြီးသော ဆောင်ရွက်ချက်၊ တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် ခိုင်မာသော အာမခံ ချက် ဖြစ်သည်ကို တပ်မတော် အနေဖြင့် လေးနက်စွာ ခံယူပြီး မောင်တို့ မယ်တို့ကို ယခုလို တွေ့ဆုံ ဂုဏ်ပြုစကား ပြောကြားရခြင်း ဖြစ်ပါကြောင်း။

မောင်တို့မယ်တို့ အထဲက ဘက်စုံပညာ ထူးချွန် လူငယ်များသည် သက်ဆိုင်ရာ ကျောင်းအလိုက် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ထူးချွန် လူငယ် စစ်ဆေးမှုများကို အဆင့်ဆင့် စစ်ဆေး ရွေး ချယ် ခံခဲ့ရသူများပင် ဖြစ်ပါကြောင်း။

အလားတူ ထူးချွန်ကြက်ခြေနီ လူငယ်များသည်လည်း ပြည်နယ်၊ တိုင်းဒေသကြီး ၁၄ခု၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ နေပြည်တော် ကောင်စီ နယ်မြေ စုစုပေါင်း နယ်မြေ ၁၇ခုနှင့် တက္ကသိုလ်၊ ကောလိပ် ၅၆ခု တို့တွင် ဖွဲ့စည်းထားသည့် ကြက်ခြေနီ အသင်းများမှ ရွေးချယ်ရေးမူ (၁ဝ)ချက် နှင့်အညီ အဆင့်ဆင့် ရွေးချယ် ခဲ့ပြီး သင်တန်း တွင် ထူးချွန်စွာ အောင်မြင်သူများ၊ သက်ဆိုင်ရာအဖွဲ့များတွင် တက်ကြစွာဦးဆောင် ပါဝင်သူများ၊ ကြက်ခြေနီ လူမှု ကရုဏာ လုပ်ငန်းများတွင် ထူးချွန်စွာ ဆောင်ရွက် ခဲ့သူများ ပင် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့သည်လည်း ကြီးမားသော သမိုင်းအစဉ်အလာ ရှိသည့် အဖွဲ့ကြီး ဖြစ်ပါကြောင်း၊ ၁၉၂ဝပြည့်နှစ်တွင် စတင် ထူထောင်ခဲ့သည့် ကင်းထောက် လုပ်ငန်းသည် နိုင်ငံရေး၊ စစ်ရေး မစွက်ဖက်သော မွန်မြတ်သည့် လူမှုရေး လုပ်ငန်း သက်သက်ဖြစ်ပြီး တာဝန်သိသော နိုင်ငံသား တစ်ယောက် ဖြစ်ရန် လေ့ကျင့် တည်ဆောက် ပေးသည့် လုပ်ငန်း ဖြစ်၍ ဒီမိုကရေစီ စနစ် ဖော်ဆောင်ရာတွင် အခြေခံ လိုအပ်ချက်ဖြစ်သည့် နိုင်ငံသား တစ်ဦးချင်း၏ ''တာဝန်သိမှု''၊ ''ပူးပေါင်း ဆောင်ရွက် တတ်မှု''တို့ကို ဖော်ဆောင် သွားနိုင်မည် ဖြစ်ပါကြောင်း၊ ကင်းထောက် မောင်မယ်များကိုလည်း နိုင်ငံတစ်ဝန်းရှိ ကင်းထောက် သင်တန်းများ ဖွင့်လှစ်ပြီး ဖြစ်သည့် အခြေခံ ပညာကျောင်း များမှ ကျောင်း အလိုက် စနစ်တကျ ရွေးချယ်ထားခြင်း ဖြစ်ပါကြောင်း။

ယခုနှစ် အတွင်းမှာပင် ဘက်စုံပညာ ထူးချွန် လူငယ်များသည် ငွေဆောင်၊ အင်းလေးနှင့် ပုဂံတို့မှာ လေ့လာရေးနှင့် လူငယ် တွေ့ဆုံပွဲတို့ ကိုပြုလုပ်ခဲ့ပြီး ထူးချွန် ကြက်ခြေနီ လူငယ်များ သည် တည်းခိုရေး စခန်းတွင် စခန်းချ နေထိုင်၍ သင်တန်းဖွင့်လှစ် ဆောင်ရွက်ခြင်း၊ လေ့လာရေး ခရီးများ ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပါ ကြောင်း၊ ကင်းထောက် မောင်မယ် များသည် လည်း ပြင်ဦးလွင်တွင် ကင်းထောက် လူငယ်များ စခန်းချ တွေ့ဆုံပွဲ (Jamboree) ကို ပြုလုပ် ခဲ့ကြပြီး ဖြစ်ပါကြောင်း၊

ထို့အပြင် နိုင်ငံတော် အနေဖြင့် မနေ့က မေလ ၃ရက်နေ့မှာ ထူးချွန် လူငယ်များ တွေ့ဆုံ ဂုဏ်ပြုပွဲနှင့် နိုင်ငံ့စွမ်း ဆောင်ရည် ဆုချီးမြှင့်ပွဲ အခမ်းအနား၊ ညစာ စားပွဲများကို တစ်ရက်တည်း တစ်ပေါင်းတည်း ဂုဏ်ပြု ကျင်းပပြုလုပ် ပေးခဲ့ပါကြောင်း၊ အနာဂတ် မျိုးဆက်သစ် လူငယ်များ အနေဖြင့် နိုင်ငံ့ စွမ်းဆောင် ရည်ဆု ရရှိ သူများအား စံပြုအတု ယူပြီး အနာဂတ် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရှေ့တန်းမှ ဦးဆောင် လိုသော ခေါင်းဆောင်များ အဖြစ် မိမိကိုယ်မိမိ မျှော်မှန်းပျိုး ထောင် လိုသည့် ခံယူချက်၊ ယုံကြည်ချက်များ ဖြစ်ပေါ်လာမည် ဆိုသည်ကို ယုံကြည်မိပါကြောင်း။

နိုင်ငံတော်၏ ''ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်'' တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် ကျရာကဏ္ဍမှ အင်တိုက်အားတိုက် ပါဝင် ဆောင်ရွက် နေသည့် တပ်မတော် အနေဖြင့်လည်း လူငယ်များ၏ အရည်အချင်း၊ အရည်အသွေး မြှင့်တင်ရေး အပိုင်းတွင် စိတ်ရောကိုယ်ပါ ပါဝင် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ တပ်မတော် အခြေခံ ပညာကျောင်းများနှင့် တပ်မတော် ပညာရေး ကျောင်းများမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၊ တပ်မတော် သားများနှင့် စစ်မှုထမ်းဟောင်း မိသားစုဝင် သားသမီးများ ထဲက ထူးချွန် ကျောင်းသား/ သူများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးလျက် ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံတော် အတွက် ရေကြောင်း ပညာနှင့် လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက် လူငယ်များ ပေါ်ထွန်း လာစေရန် ရည်ရွယ်၍ တပ်မတော်မှ တာဝန်ယူပြီး ရေကြောင်း လူ

ငယ် အခြေခံ သင်တန်း၊ လေကြောင်းလူငယ် အခြေခံသင်တန်း တို့ကို တပ်မတော် ရေတပ်စခန်း၊ လေတပ်စခန်းရှိရာ မြို့များတွင် ယခုနှစ် မှစပြီး ဖွင့်လှစ် ပေးလျက် ရှိပါကြောင်း။

နိုင်ငံတော်နှင့် တပ်မတော်မှ လူငယ်များအား ယခုလိုပြုစု ပျိုးထောင်မြေ တောင်မြှောက်ပေးခြင်းဖြင့် လူငယ်များ ဥာဏ်ရည် မြင့်မားရုံသာမက မိမိကိုယ်ကို ယုံကြည် အားကိုးသည့် စိတ်ဓာတ်များဖြင့် အများအကျိုးကို သယ်ပိုး ဆောင်ရွက် လိုသူများ၊ အချင်းချင်း ချစ်ကြည် ရင်းနှီးစွာ နေထိုင် တတ်သူများ၊ ဦးဆောင်မှု ပေးနိုင်သူများ၊ အမိန့်နာခံ တတ်သူများ၊ ပြုမူပြောဆို ကြံစည်မှုတို့တွင် စံနမူနာပြ ဖြစ်သူများ ဖြစ်ပေါ်လာစေမည် ဖြစ်ပါကြောင်း၊ ထို့အပြင် အမျိုးသား ယဉ်ကျေးမှု ဓလေ့ထုံးစံ များကို နှစ်သက်မြတ်နိုး ထိန်းသိမ်း စောင့်ရှောက်တတ် သူများ၊ ပြည်ထောင်စု စိတ်ဓာတ်များ ရှင်သန် ခိုင်မာစေရန်အတွက် အဘက်ဘက်က ယုံကြည် အားကိုး ရသည့် နိုင်ငံ့ အကျိုးပြု လူငယ်လူရွယ်များ ဖြစ်ပေါ် လာစေမှာ လည်း ဖြစ် ပါကြောင်း။

ထူးချွန်လူငယ်မောင်မယ်များ ဖြစ်သည် နှင့်အညီ နိုင်ငံတော်နှင့် ပြည်သူ လူထုက အားထားရမည့် နိုင်ငံတော်နှင့် ပြည်သူ့ အကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးနိုင်မည့် နိုင်ငံ့ သားကောင်း၊ သမီးကောင်း ရတနာများ ဖြစ်ရန် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက် သွားကြပါဟု မှာကြားလိုပါကြောင်း၊ မောင်တို့မယ်တို့၏ ကြိုးစား အားထုတ်မှုများ သည် ပေါက်မြောက် အောင်မြင် ပြီး နိုင်ငံတော်၏ နယ်ပယ် အသီးသီးတွင် ထူးချွန် ထက်မြက်သော ခေါင်းဆောင် ကောင်းများ ဖြစ်ကြပါစေဟု လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မှ ဆုမွန်ကောင်း တောင်းပါကြောင်း ဝမ်းမြောက် ဂုဏ်ယူစွာ ပြောကြား လိုပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ မွန်းလွဲ ၂နာရီ တွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၌ ပြုလုပ်သော ဘက်စုံပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက် လူငယ် မောင်မယ်များ တွေ့ဆုံ ဂုဏ်ပြုပွဲ အခမ်းအနားတွင် ဂုဏ်ပြုနှုတ် ခွန်းဆက် စကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။

အဆိုပါအ ခမ်းအနားသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ ကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဘက်စုံ ပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက် လူငယ် မောင်မယ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ဘက်စုံ ပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက် လူငယ်မောင်မယ် များသည် ဇေယျာသီရိ ဗိမာန်အတွင်း ခင်းကျင်းပြသ ထားသော မြန်မာ့ တပ်မတော်မှ ထုတ်လုပ်သည့် လက်နက်များ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝတ်စုံ အမျိုးမျိုး၊ မြန်မာ့ တပ်မတော်မှ ထုတ်လုပ်သည့် ဆက်သွယ်ရေး စက်များ၊ တပ်မတော် (လေ)တွင် အသုံး ပြုနေသည့် လေယာဉ် ပုံစံငယ်များ၊ လေသူရဲ များ၏ ဝတ်စုံများနှင့် အသုံးအဆောင် ပစ္စည်းများ၊ တပ်မတော်(ရေ)မှ ထုတ်လုပ်သည့် ရေယာဉ် များ၏ ပုံစံငယ်များ၊ ရေတပ်ဆိုင်ရာ အသုံးအဆောင် ပစ္စည်းများကို လှည့်လည် ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူ အသီးသီးမှ ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု နှုတ်ခွန်းဆက် စကား ပြောကြားသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဘက်စုံပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက်လူငယ် မောင်မယ်များ အတွက် တပ်မတော် စက်ရုံ များမှ ထုတ်လုပ်သည့် ရွှေဖီဦး အသင့်ဖျော် လက်ဖက်ရည် ထုပ်များနှင့် စားသောက် ဖွယ်ရာများအား လက်ဆောင် ပေးအပ်ပြီး ဘက်စုံပညာ ထူးချွန်နှင့် ထူးချွန် ကြက်ခြေနီ လူငယ် မောင်မယ် များက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ အမှတ်တရ လက်ဆောင် ပစ္စည်းများ ပြန်လည် ပေးအပ်သည်။

ထို့နောက် မြဝတီ တေးဂီတ အဖွဲ့မှ တေး သီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခမ်း အနား တက်ရောက် လာကြသူများ၊ ဘက်စုံပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက် လူငယ် မောင်မယ်များက ကြည့်ရှု အားပေးကြသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘက်စုံပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက် လူငယ် မောင်မယ် များအား ရင်း ရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

တွေ့ဆုံ ဂုဏ်ပြုပွဲ အခမ်းအနား အပြီးတွင် ဘက်စုံပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက်လူငယ် မောင်မယ်များသည် တပ်မတော် စစ်သမိုင်း ပြတိုက်သို့ သွားရောက်၍ တပ်မတော် စစ်သမိုင်း ပြတိုက်ရှိ စစ်သမိုင်း ပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်မှူး ရုံးပြခန်း၊ တပ်မတော်(ရေ) ပြခန်း၊ တပ်မတော် (လေ) ပြခန်း နှင့် ပြင်ပပြကွက်များ ဖြစ်သော တပ်မတော် (ကြည်း)မှ အမြောက်များနှင့် တိုက်ခိုက်ရေး ယာဉ်များ၊ တပ်မတော် (ရေ)မှ စစ်ရေယာဉ်များနှင့် တပ်မတော် (လေ)မှ လေယာဉ်များ၊ ရဟတ်ယာဉ်များအား ကြည့်ရှု လေ့လာ ကြရာ တာဝန်ရှိ သူများက သိရှိလိုသည်များအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ
ယနေ့ အချိန်အခါတွင် နိုင်ငံတော် ကြီးသည် စည်းကမ်း ရှိသည့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံကို လျှောက်လှမ်း တည်ဆောက်နေပြီ ဖြစ်ကြောင်း၊ စည်းကမ်း ရှိမှု၊ တာဝန် သိမှု၊ တာဝန်ယူမှု၊ တရား ဥပဒေ လေးစား လိုက်နာမှုများသည် ဒီမိုကရေစီ လျှောက်လှမ်းရာတွင် မဖြစ်မနေ ဖော်ဆောင်ရမည့် လိုအပ်ချက် ဖြစ်ကြောင်း၊ တစ်ဆက်တည်း မှာပင် ဖွံ့ဖြိုး တိုးတက်အောင် ကြိုးစား လုပ်ဆောင် ကြရမှာ ဖြစ်ကြောင်း၊မိမိတို့ နိုင်ငံသည် တိုင်းရင်းသား လူမျိုး ပေါင်းစုံ စုစည်း ညီညွတ်စွာ အတူတကွ နေထိုင်ကြသည့် ပြည်ထောင်စု နိုင်ငံကြီး ဖြစ်ကြောင်း၊ အားလုံးသည် ညီရင်း အစ်ကိုပမာ ဥမကွဲ သိုက် မပျက်နှင့် မိမိနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး၊ ကမ္ဘာနှင့် ရင်ပေါင် တန်းနိုင်ရေးအတွက် စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် မောင်တို့ မယ်တို့အားလုံး ပါဝင် ဖော်ဆောင်လုပ်ကိုင် သွားကြရမှာ ဖြစ်ကြောင်း။
ယနေ့သည် အနာဂတ် နိုင်ငံတော်၏ ခေါင်းဆောင်မှု တာဝန်များကို လက်ဆင့်ကမ်း အမွေဆက်ခံ သွားမည့် ဘက်စုံပညာ ထူးချွန်လူငယ်များ၊ ထူးချွန်ကြက်ခြေနီ လူငယ်များနှင့် ကင်းထောက် လူငယ်များကို တစ်စု တစ်စည်းတည်း တွေ့ဆုံဂုဏ်ပြု စကား ပြောကြားခွင့် ရသည့်နေ့ဖြစ်၍ နိုင်ငံတော်နှင့် တပ်မတော် အတွက် မင်္ဂလာ အပေါင်းဖြင့် ပြည့်စုံ သည့် နေ့ရက်ဖြစ်ကြောင်း၊
ယခုလို မင်္ဂလာရှိသည့် အခမ်းအနားကို တက်ရောက် လာကြသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ကြောင်းလည်း ဆုမွန် ကောင်းတောင်း အပ်ပါကြောင်း။ မိမိတို့ မြန်မာ နိုင်ငံတွင် လက်ရှိစာရင်း ဇယားများအရ အသက် ၁၅ နှစ်မှ ၂၉နှစ် အရွယ် လူငယ်ပေါင်း ၁၆သန်းခန့် ရှိပါကြောင်း၊ ဒီလူငယ် မောင်မယ်များသည် တိုင်းပြည်၏ အဖိုးထိုက် တန် ဆုံးသော လူ့စွမ်းအား အရင်းအမြစ် ဖြစ်ပြီး အနာဂတ် နိုင်ငံတော် အတွက် အားထားရမည့် အင်အားစုများပင် ဖြစ်ပါကြောင်း၊ 
ထိုလူငယ် အင်အားစုများကို ''အရေအတွက်မှ အရည်အချင်း သို့''ဆိုသည့် စွမ်းရည်မြှင့်တင် မှုများ၊ လမ်းမှန် ရောက်ရှိရန် ပို့ဆောင်မှုများ ပြုလုပ် ပေးနိုင်လျှင် နိုင်ငံတော်၏ ရည်မှန်း ချက် ဖြစ်သည့် ''ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်'' တည်ဆောက်ရေးသည် မလွဲမသွေ အောင်မြင်မှာပင် ဖြစ်ပါကြောင်း။''ယနေ့ လူငယ်၊ နောင်ဝယ်လူကြီး''ဆိုသည့် စကားရှိပါကြောင်း၊ လူငယ်များသည် အနာဂတ်တွင် တိုင်းပြည်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍ များတွင် တာဝန်ယူသွားရမည့် သူများပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လူငယ်တိုင်းသည် ကိုယ်ကာယ ကျန်းမာသူများ၊ ဥာဏစွမ်းရည် ထက်မြက်သူများ၊ အကျင့် စာရိတ္တ ကောင်းမွန် သူများ၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူများ၊ ဗဟုသုတ ပြည့်စုံသူများ ဖြစ်ရန် လိုအပ်ပါကြောင်း၊ တစ်နည်းအားဖြင့် ကာယဗလ၊ ဥာဏဗလ၊ စာရိတ္တ ဗလ၊ မိတ္တ ဗလနှင့် ဘောဂ ဗလ ဆိုသည့် ဗလငါးတန်ဖြင့် ပြည့်စုံနေရန် လိုအပ်ပါကြောင်း။ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂ဝဝ၈) ခုနှစ်၊ ပုဒ်မ ၃၃တွင် လူငယ်များနှင့် ပတ်သက်၍ ''နိုင်ငံတော်သည် လူငယ်များ မျိုးချစ် စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေး တို့အတွက် ဆောင်ရွက်ရမည်''ဟု ဖော်ပြထား သကဲ့သို့ ပုဒ်မ ၂၈၊ ပုဒ်မခွဲ (ဃ)တွင်လည်း ''ဘက်စုံ အတွေးအခေါ် အယူအဆ မှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီ ပညာရေး စနစ် ဖော်ဆောင်ရမည်''ဟု ပြဋ္ဌာန်း ထား ပါကြောင်း၊ ပြဋ္ဌာန်းချက် များနှင့် အညီ နိုင်ငံတော် အနေဖြင့်လည်း အနာဂတ် နိုင်ငံ့ သားကောင်းများ ဖြစ်လာမည့် ယနေ့ လူငယ် မောင်မယ်များ လျှောက်လှမ်း သင့်သည့်လမ်း များ ချောမွေ့ရန် ဆောင်ရွက် ပေးနေပြီ ဖြစ်ပါကြောင်း၊ယခုလို ဆောင်ရွက်နေခြင်းသည် အနာဂတ်အတွက် အကောင်းဆုံးသော ရင်းနှီး မြှုပ်နှံမှု၊ အမြော် အမြင်ကြီးသော ဆောင်ရွက်ချက်၊ တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် ခိုင်မာသော အာမခံ ချက် ဖြစ်သည်ကို တပ်မတော် အနေဖြင့် လေးနက်စွာ ခံယူပြီး မောင်တို့ မယ်တို့ကို ယခုလို တွေ့ဆုံ ဂုဏ်ပြုစကား ပြောကြားရခြင်း ဖြစ်ပါကြောင်း။
မောင်တို့မယ်တို့ အထဲက ဘက်စုံပညာ ထူးချွန် လူငယ်များသည် သက်ဆိုင်ရာ ကျောင်းအလိုက် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ထူးချွန် လူငယ် စစ်ဆေးမှုများကို အဆင့်ဆင့် စစ်ဆေး ရွေး ချယ် ခံခဲ့ရသူများပင် ဖြစ်ပါကြောင်း။
အလားတူ ထူးချွန်ကြက်ခြေနီ လူငယ်များသည်လည်း ပြည်နယ်၊ တိုင်းဒေသကြီး ၁၄ခု၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ နေပြည်တော် ကောင်စီ နယ်မြေ စုစုပေါင်း နယ်မြေ ၁၇ခုနှင့် တက္ကသိုလ်၊ ကောလိပ် ၅၆ခု တို့တွင် ဖွဲ့စည်းထားသည့် ကြက်ခြေနီ အသင်းများမှ ရွေးချယ်ရေးမူ (၁ဝ)ချက် နှင့်အညီ အဆင့်ဆင့် ရွေးချယ် ခဲ့ပြီး သင်တန်း တွင် ထူးချွန်စွာ အောင်မြင်သူများ၊ သက်ဆိုင်ရာအဖွဲ့များတွင် တက်ကြစွာဦးဆောင် ပါဝင်သူများ၊ ကြက်ခြေနီ လူမှု ကရုဏာ လုပ်ငန်းများတွင် ထူးချွန်စွာ ဆောင်ရွက် ခဲ့သူများ ပင် ဖြစ်ပါကြောင်း။မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့သည်လည်း ကြီးမားသော သမိုင်းအစဉ်အလာ ရှိသည့် အဖွဲ့ကြီး ဖြစ်ပါကြောင်း၊ ၁၉၂ဝပြည့်နှစ်တွင် စတင် ထူထောင်ခဲ့သည့် ကင်းထောက် လုပ်ငန်းသည် နိုင်ငံရေး၊ စစ်ရေး မစွက်ဖက်သော မွန်မြတ်သည့် လူမှုရေး လုပ်ငန်း သက်သက်ဖြစ်ပြီး တာဝန်သိသော နိုင်ငံသား တစ်ယောက် ဖြစ်ရန် လေ့ကျင့် တည်ဆောက် ပေးသည့် လုပ်ငန်း ဖြစ်၍ ဒီမိုကရေစီ စနစ် ဖော်ဆောင်ရာတွင် အခြေခံ လိုအပ်ချက်ဖြစ်သည့် နိုင်ငံသား တစ်ဦးချင်း၏ ''တာဝန်သိမှု''၊ ''ပူးပေါင်း ဆောင်ရွက် တတ်မှု''တို့ကို ဖော်ဆောင် သွားနိုင်မည် ဖြစ်ပါကြောင်း၊ ကင်းထောက် မောင်မယ်များကိုလည်း နိုင်ငံတစ်ဝန်းရှိ ကင်းထောက် သင်တန်းများ ဖွင့်လှစ်ပြီး ဖြစ်သည့် အခြေခံ ပညာကျောင်း များမှ ကျောင်း အလိုက် စနစ်တကျ ရွေးချယ်ထားခြင်း ဖြစ်ပါကြောင်း။
ယခုနှစ် အတွင်းမှာပင် ဘက်စုံပညာ ထူးချွန် လူငယ်များသည် ငွေဆောင်၊ အင်းလေးနှင့် ပုဂံတို့မှာ လေ့လာရေးနှင့် လူငယ် တွေ့ဆုံပွဲတို့ ကိုပြုလုပ်ခဲ့ပြီး ထူးချွန် ကြက်ခြေနီ လူငယ်များ သည် တည်းခိုရေး စခန်းတွင် စခန်းချ နေထိုင်၍ သင်တန်းဖွင့်လှစ် ဆောင်ရွက်ခြင်း၊ လေ့လာရေး ခရီးများ ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပါ ကြောင်း၊ ကင်းထောက် မောင်မယ် များသည် လည်း ပြင်ဦးလွင်တွင် ကင်းထောက် လူငယ်များ စခန်းချ တွေ့ဆုံပွဲ (Jamboree) ကို ပြုလုပ် ခဲ့ကြပြီး ဖြစ်ပါကြောင်း၊

ထို့အပြင် နိုင်ငံတော် အနေဖြင့် မနေ့က မေလ ၃ရက်နေ့မှာ ထူးချွန် လူငယ်များ တွေ့ဆုံ ဂုဏ်ပြုပွဲနှင့် နိုင်ငံ့စွမ်း ဆောင်ရည် ဆုချီးမြှင့်ပွဲ အခမ်းအနား၊ ညစာ စားပွဲများကို တစ်ရက်တည်း တစ်ပေါင်းတည်း ဂုဏ်ပြု ကျင်းပပြုလုပ် ပေးခဲ့ပါကြောင်း၊ အနာဂတ် မျိုးဆက်သစ် လူငယ်များ အနေဖြင့် နိုင်ငံ့ စွမ်းဆောင် ရည်ဆု ရရှိ သူများအား စံပြုအတု ယူပြီး အနာဂတ် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရှေ့တန်းမှ ဦးဆောင် လိုသော ခေါင်းဆောင်များ အဖြစ် မိမိကိုယ်မိမိ မျှော်မှန်းပျိုး ထောင် လိုသည့် ခံယူချက်၊ ယုံကြည်ချက်များ ဖြစ်ပေါ်လာမည် ဆိုသည်ကို ယုံကြည်မိပါကြောင်း။

နိုင်ငံတော်၏ ''ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်'' တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် ကျရာကဏ္ဍမှ အင်တိုက်အားတိုက် ပါဝင် ဆောင်ရွက် နေသည့် တပ်မတော် အနေဖြင့်လည်း လူငယ်များ၏ အရည်အချင်း၊ အရည်အသွေး မြှင့်တင်ရေး အပိုင်းတွင် စိတ်ရောကိုယ်ပါ ပါဝင် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ တပ်မတော် အခြေခံ ပညာကျောင်းများနှင့် တပ်မတော် ပညာရေး ကျောင်းများမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၊ တပ်မတော် သားများနှင့် စစ်မှုထမ်းဟောင်း မိသားစုဝင် သားသမီးများ ထဲက ထူးချွန် ကျောင်းသား/ သူများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးလျက် ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံတော် အတွက် ရေကြောင်း ပညာနှင့် လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက် လူငယ်များ ပေါ်ထွန်း လာစေရန် ရည်ရွယ်၍ တပ်မတော်မှ တာဝန်ယူပြီး ရေကြောင်း လူ

ငယ် အခြေခံ သင်တန်း၊ လေကြောင်းလူငယ် အခြေခံသင်တန်း တို့ကို တပ်မတော် ရေတပ်စခန်း၊ လေတပ်စခန်းရှိရာ မြို့များတွင် ယခုနှစ် မှစပြီး ဖွင့်လှစ် ပေးလျက် ရှိပါကြောင်း။

နိုင်ငံတော်နှင့် တပ်မတော်မှ လူငယ်များအား ယခုလိုပြုစု ပျိုးထောင်မြေ တောင်မြှောက်ပေးခြင်းဖြင့် လူငယ်များ ဥာဏ်ရည် မြင့်မားရုံသာမက မိမိကိုယ်ကို ယုံကြည် အားကိုးသည့် စိတ်ဓာတ်များဖြင့် အများအကျိုးကို သယ်ပိုး ဆောင်ရွက် လိုသူများ၊ အချင်းချင်း ချစ်ကြည် ရင်းနှီးစွာ နေထိုင် တတ်သူများ၊ ဦးဆောင်မှု ပေးနိုင်သူများ၊ အမိန့်နာခံ တတ်သူများ၊ ပြုမူပြောဆို ကြံစည်မှုတို့တွင် စံနမူနာပြ ဖြစ်သူများ ဖြစ်ပေါ်လာစေမည် ဖြစ်ပါကြောင်း၊ ထို့အပြင် အမျိုးသား ယဉ်ကျေးမှု ဓလေ့ထုံးစံ များကို နှစ်သက်မြတ်နိုး ထိန်းသိမ်း စောင့်ရှောက်တတ် သူများ၊ ပြည်ထောင်စု စိတ်ဓာတ်များ ရှင်သန် ခိုင်မာစေရန်အတွက် အဘက်ဘက်က ယုံကြည် အားကိုး ရသည့် နိုင်ငံ့ အကျိုးပြု လူငယ်လူရွယ်များ ဖြစ်ပေါ် လာစေမှာ လည်း ဖြစ် ပါကြောင်း။

ထူးချွန်လူငယ်မောင်မယ်များ ဖြစ်သည် နှင့်အညီ နိုင်ငံတော်နှင့် ပြည်သူ လူထုက အားထားရမည့် နိုင်ငံတော်နှင့် ပြည်သူ့ အကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးနိုင်မည့် နိုင်ငံ့ သားကောင်း၊ သမီးကောင်း ရတနာများ ဖြစ်ရန် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက် သွားကြပါဟု မှာကြားလိုပါကြောင်း၊ မောင်တို့မယ်တို့၏ ကြိုးစား အားထုတ်မှုများ သည် ပေါက်မြောက် အောင်မြင် ပြီး နိုင်ငံတော်၏ နယ်ပယ် အသီးသီးတွင် ထူးချွန် ထက်မြက်သော ခေါင်းဆောင် ကောင်းများ ဖြစ်ကြပါစေဟု လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မှ ဆုမွန်ကောင်း တောင်းပါကြောင်း ဝမ်းမြောက် ဂုဏ်ယူစွာ ပြောကြား လိုပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ မွန်းလွဲ ၂နာရီ တွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၌ ပြုလုပ်သော ဘက်စုံပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက် လူငယ် မောင်မယ်များ တွေ့ဆုံ ဂုဏ်ပြုပွဲ အခမ်းအနားတွင် ဂုဏ်ပြုနှုတ် ခွန်းဆက် စကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။

အဆိုပါအ ခမ်းအနားသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ ကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဘက်စုံ ပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက် လူငယ် မောင်မယ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ဘက်စုံ ပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက် လူငယ်မောင်မယ် များသည် ဇေယျာသီရိ ဗိမာန်အတွင်း ခင်းကျင်းပြသ ထားသော မြန်မာ့ တပ်မတော်မှ ထုတ်လုပ်သည့် လက်နက်များ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝတ်စုံ အမျိုးမျိုး၊ မြန်မာ့ တပ်မတော်မှ ထုတ်လုပ်သည့် ဆက်သွယ်ရေး စက်များ၊ တပ်မတော် (လေ)တွင် အသုံး ပြုနေသည့် လေယာဉ် ပုံစံငယ်များ၊ လေသူရဲ များ၏ ဝတ်စုံများနှင့် အသုံးအဆောင် ပစ္စည်းများ၊ တပ်မတော်(ရေ)မှ ထုတ်လုပ်သည့် ရေယာဉ် များ၏ ပုံစံငယ်များ၊ ရေတပ်ဆိုင်ရာ အသုံးအဆောင် ပစ္စည်းများကို လှည့်လည် ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူ အသီးသီးမှ ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု နှုတ်ခွန်းဆက် စကား ပြောကြားသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဘက်စုံပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက်လူငယ် မောင်မယ်များ အတွက် တပ်မတော် စက်ရုံ များမှ ထုတ်လုပ်သည့် ရွှေဖီဦး အသင့်ဖျော် လက်ဖက်ရည် ထုပ်များနှင့် စားသောက် ဖွယ်ရာများအား လက်ဆောင် ပေးအပ်ပြီး ဘက်စုံပညာ ထူးချွန်နှင့် ထူးချွန် ကြက်ခြေနီ လူငယ် မောင်မယ် များက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ အမှတ်တရ လက်ဆောင် ပစ္စည်းများ ပြန်လည် ပေးအပ်သည်။

ထို့နောက် မြဝတီ တေးဂီတ အဖွဲ့မှ တေး သီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခမ်း အနား တက်ရောက် လာကြသူများ၊ ဘက်စုံပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက် လူငယ် မောင်မယ်များက ကြည့်ရှု အားပေးကြသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘက်စုံပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက် လူငယ် မောင်မယ် များအား ရင်း ရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

တွေ့ဆုံ ဂုဏ်ပြုပွဲ အခမ်းအနား အပြီးတွင် ဘက်စုံပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက်လူငယ် မောင်မယ်များသည် တပ်မတော် စစ်သမိုင်း ပြတိုက်သို့ သွားရောက်၍ တပ်မတော် စစ်သမိုင်း ပြတိုက်ရှိ စစ်သမိုင်း ပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်မှူး ရုံးပြခန်း၊ တပ်မတော်(ရေ) ပြခန်း၊ တပ်မတော် (လေ) ပြခန်း နှင့် ပြင်ပပြကွက်များ ဖြစ်သော တပ်မတော် (ကြည်း)မှ အမြောက်များနှင့် တိုက်ခိုက်ရေး ယာဉ်များ၊ တပ်မတော် (ရေ)မှ စစ်ရေယာဉ်များနှင့် တပ်မတော် (လေ)မှ လေယာဉ်များ၊ ရဟတ်ယာဉ်များအား ကြည့်ရှု လေ့လာ ကြရာ တာဝန်ရှိ သူများက သိရှိလိုသည်များအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment