Tuesday, May 20, 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပူးပေါင်း ရှင်းလင်းရန် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်အား အကြောင်းကြား

Photo: မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပူးပေါင်း ရှင်းလင်းရန် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်အား အကြောင်းကြား
Tuesday, May 20, 2014 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ RSO/(Rohingya Solidarity Organization) အား နှစ်နိုင်ငံ ပူးပေါင်း ရှင်းလင်းရန် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ဖွဲ့  (BDR) အား ယမန်နေ့က အကြောင်းကြား ထားကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ မှ သတင်း ရရှိသည်။ လုံခြုံရေး အရ နယ်စပ်က ကပ်နေတဲ့ အခါကျတော့ အ၀င်အထွက်က ခိုးဝင်ခိုးထွက် လို့ရတဲ့ အနေအထားပါ။ လက်နက်ကိုင် အဖွဲ့ တွေ ဟိုဘက် နိုင်ငံထဲမှာ အခြေချလို့ မရအောင် ကျွန်တော်တို့ ချိတ်ဆက်နေတယ်။ သူတို့ဆီမှာ လက်မခံဖို့ ရှင်းလင်းဖို့ ပြောထားတယ် ဟု အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့  ဒုရဲမှူး ၀င်းမြင့်ထွေးက The Messenger သတင်းစာကို ပြောသည်။ ယခုအခါ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တွင် တပ်နှင့် ရဲအင်အားကို တိုးချဲ့ထားပြီး မြန်မာပိုင် ဧရိယာတွင် တပ်နှင့် ရဲများက တာဝန်ယူထားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် အမှတ် ၅၂ အနီးတွင် မေလ (၁၇) ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့  ၀င်များ၏ ဒဏ်ရာရ စာရင်းအား ထုတ်ပြန်မပေးနိုင်သေးကြောင်း ၎င်း တပ်ဖွဲ့ မှ ဒုရဲမှူး ရဲမင်းထွေး က ဆိုသည်။ မေလ (၁၃) ရက်နေ့ ကလည်း RSO/ (Rohingya Solidarity Organization) အဖွဲ့ ဆယ်ဦးနှင့် နယ်ခြားစောင့်ရဲများ မိနစ် (၂၀)ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယခုတစ်ကြိမ် တွင် ထပ်မံဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ 

ယခု မေလ(၁၇)ရက် ပစ်ခတ်မှုတွင် RSO သောင်းကျန်းသူဘက်မှ လူအင်အား (၄၀) ခန့်ပါဝင်ပြီး မြန်မာနိုင်ငံဘက်မှ ရဲတပ်ဖွဲ့ ဝင် (၂) ဦးကျဆုံးသည်ဟု မီဒီယာများတွင် ဖော်ပြကြသော်လည်း ၎င်း ကိစ္စအား လုံခြုံရေး အခြေအနေကြောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ မှ ထုတ်ပြန် မရကြောင်း ပြောကြားသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် သောင်းကျန်းသူ များနှင့် နယ်ခြားစောင့်တပ်များ မကြာခဏ တိုက်ပွဲ ဖြစ်ပွားလေ့ ရှိကြောင်း ဒေသခံ များထံ မှသိရသည်။ လုံခြုံရေးကတော့ အခု တပ်ရော ရဲ ရော အများကြီးပဲ၊ ဒီမောင်တော နယ်စပ်ကရဲနဲ့ တပ်မတော် အင်အားနဲ့ လုံခြုံရေး စိတ်ချရပါတယ် ဟု မောင်တော ခရိုင်ရဲမှူး ရွှေသန်း က The Messenger သတင်းစာကို ပြောသည်။

Messenger News Journal 

No comments:

Post a Comment