Saturday, June 21, 2014

တာဝန်ဝတ္တရားဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းအား မချေမငံပြောဆိုပြီး ဓါးဖြင့်ခုတ်သူအား အရေးယူထား

၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၆)၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် အမှတ်(၁၁) ယာဉ်ထိန်းဒုတိယရဲတပ်ဖွဲ့ခွဲ(မန္တလေး)မှ ရဲတပ်ကြပ် ကျော်ကျော်(၃၄)နှစ်သည် ယာဉ်/လမ်းရှင်းလင်းရေး တာဝန်ဆောင်ရွက်နေစဉ် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂)နေ ဂုဏ်ဂျာအောင်(၁၉)နှစ် မောင်းနှင်လာသည့်
၃ဂ/xxxx ကရီနာအဖြူရောင်ယာဉ်သည် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့လမ်းပေါ်တွင် ယာဉ်နှစ်ထပ်ရပ်ထားသဖြင့် ကျောင်းသား/သူများနှင့် အခြားယာဉ်များသွားလာသည့်လမ်းအား ပိတ်ဆို့နေသောကြောင့် ကားအားလမ်းဘေးသို့ ချ၍ရပ်ပေးရန်ပြောဆိုခဲ့သည်။ ထိုသို့ပြောစဉ် ဂုဏ်ဂျာအောင်မှ ရဲတပ်ကြပ် ကျော်ကျော်အား မချေမငံပြောဆိုပြီး ကားပေါ်မှဆင်းကာ အရိုးအသွား ၂၉ လက်မခန့်ရှိ ဓါးဦးချွန်အရှည်ဖြင့်ခုတ်ရာ ရဲတပ်ကြပ် ကျော်ကျော်မှ ဓါးအားဝဲလက်ဖြင့် ဆုပ်ကိုင်ခဲ့ သောကြောင့် ၀ဲလက်မအောက်ပြတ်ရှ၊ ယာလက်သူကြွယ်ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ဂုဏ်ဂျာအောင်အား ပြင်ဦးလွင်မြို့မရဲစခန်း(ပ)၁၂၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၃ ဖြင့်လည်းကောင်း၊ (ပ)၁၂၆/၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ ၁၉(င)ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment