Thursday, June 12, 2014

ဖိုင်နယ်နှင့်ဆီးမီးဖိုင်နယ်ပွဲများအပါအ၀င် ကမ္ဘာ့ဖလားဘောလုံးပွဲ (၈)ပွဲကို မြန်မာ့ရုပ်မြင်သံကြားတွင် စကိုင်းနက်နှင့်မြန်မာ့ရုပ်သံ ပူးပေါင်းစီစဉ်က အခမဲ့ထုတ်လွှင့်မည်

ဘရာဇီးတွင်မကြာမီစတင်တော့မည့် ကမ္ဘာ့ဖလားပွဲများအနက် ဖိုင်နယ်၊ဆီးမီးဖိုင်နယ်အပါအ၀င် ရှစ်ပွဲ ကို မြန်မာ့ရုပ်မြင်သံကြားမှ တစ်ပြည်လုံးအခမဲ့ကြည့်ရှုနိုင်ရန် စကိုင်းနက်(ရွှေသံလွင်)မီဒီယာနှင့် မြန်မာ့ အသံတို့ပူးပေါင်းစီစဉ်လိုက်ကြောင်း နောက်ဆုံးသတင်းရရှိပါသည်။
ပြသမည့်ပွဲများမှာ ဖွင့်ပွဲ၊၁၆သင်းရှုံးထွက် (၂)ပွဲ၊ ကွာတားဖိုင်နယ်ပွဲ(၂)ပွဲ၊ဆီးမီးဖိုင်နယ်ပွဲ(၂)ပွဲနှင့် ဖိုင်နယ် ပွဲများဖြစ်ကြောင်းသိရှိရသည်။
`ကျွန်တော်တို့ စကိုင်းနက်အနေနဲ့ မြန်မာတစ်နိုင်ငံလုံးကပြည်သူတွေ အခမဲ့ကြည့်ရှုနိုင်ဖို့အတွက် အရေးအကြီးဆုံးပွဲကြီး (၈)ပွဲကို မြန်မာ့ရုပ်မြင်သံကြား ကနေပြသပေးနိုင်ဖို့ ပြန်ကြားရေး ၀န်ကြီးဌာန၊ မြန်မာ့ ရုပ်မြင်သံကြား နဲ့ ယခုလိုစီစဉ်လိုက်တာပါ။
ပြည်သူတွေကျေနပ်လိမ့်မယ်လို့မျှော်လင့်ပါတယ်`ဟု ရွှေသံလွင်ကုမ္ပဏီ မှ အကြီးတန်းအမှုဆောင် အထွေထွေမန်နေဂျာ ဦးသန်းလှိုင်ကပြောသည်။
 Yangon Media Group

No comments:

Post a Comment