Wednesday, June 11, 2014

မဟာသန္တိသုခ ကျောင်း ဖြစ်ရပ်မှန်

Photo: မဟာသန္တိသုခ ကျောင်း ဖြစ်ရပ်မှန်
===================

မဟာသန္တိသုခ ကျောင်း ကို သာသနာရေး ဝန်ကြီး ဦးဆန်းဆင့် ဒုတိုင်းမှူး ဘဝမှာ ပန္နက်ချ ဆောက်ခဲ့ပြီး ကျပ်သိန်းပေါင်း သောင်းကျော် ကုန်ကျကာ ၁၉၉၉ မှာ ဖွင့်လှစ်တာဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ အိုးအိမ်၊ စည်ပင်ဌာနတွေ ပေါင်းပြီး သိန်းပေါင်း သောင်းနဲ့ချီ အကုန်ခံ ဆောက်ထားတာဖြစ်ပြီး နိုင်ငံတော် သံဃမဟာနာယက သို့ လှူတန်းကာ နိုင်ငံတော် အထင်ကရ သာသနာရေး ကျောင်းတိုက်အဖြစ် ဖွင့်လစ်ဖို့ ရည်ရွယ်ထားပါတယ်။ 

ဒါပေမယ့် နိုင်ငံခြားမှာ အနှစ် ၃၀ ကျော် သီတင်းသုံးခဲ့ပြီးမှ ပြန်လာတဲ့ ပီနန် ဆရာတော်ကြီး ကျောင်းပေါ်ရောက်လာချိန်မှာ ဆရာတော်မှ တရားအားမထုတ်ပဲ ကျောင်းပေါ်မှာ ပွဲလမ်းသဘင်များ လုပ်ခဲ့ခြင်းကြောင့် မဟာသန္တိသုခ ကျောင်း ရဲ့ ဂုဏ်ကျက်သရေတွေ ညိုးနွမ်းစေခဲ့ရပါတယ်။ ဆရာတော်ရဲ့ တပည့်များ လှူဒါန်းငွေက သိန်း ၉ဝဝ ကျော် ၁ဝဝဝ လောက်ပဲ ရှိခဲ့ပါတယ်။ 

သာသနာရေး ဝန်ကြီးဌာန နှင့် နိုင်ငံတော် သံဃနာယက ဝါတော်ကြီးမြတ်သော ဆရာတော်ကြီးများမှ နေရာဖယ်ခိုင်းချိန်မှာ ပီနန်ဆရာတော် ဦးပညာဝံသကက အစိုးရက သူ့ဆီမှာ ရေစက်ချဖူးတာကြောင့် သူပိုင်ဆိုင်ကြောင်း Myanmar Express ကို မိန့်ပါတယ်။ သူ့ကို အရင်လှူပြီးမှ ၂ဝဝ၂ ခုနှစ် ပီနံဆရာတော် နိုင်ငံခြား အပျော်ခရီးထွက်ချိန်မှာ အစိုးရက သံဃာ့ မဟာနာယက အဖွဲ့ကို ရေစက်ချ လှူဒါန်းတာ ဖြစ်တာကြောင့် နေရာဖယ်မပေးနိုင်ကြောင်း ဆရာတော်က ဆိုပါတယ်။

ကျောင်းကြီးကို ရေစက်ချ လှူဒါန်းတယ်ဆိုတာ သာသနာတော်ကို လှူတာသာ ဖြစ်ကြောင်း အဲဒီ အချိန်က သံဃာ့ မဟာနာယက ဥက္ကဋ္ဌ မကွေး ဆရာတော်ကြီးက မိန့်ပြီးသားဖြစ်တယ် လို့ သာသနာရေး ဝန်ကြီး ဦးဆန်းဆင့်က ဆိုပါတယ်။ ဒါကြောင့် သံဃာ့အရေး ကိစ္စတွေ ဆုံးဖြတ်ရာမှာ အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်ပြီး ဝါရင့် တန်ခိုးကြီး ဆရာတော်ကြီးများ၏ သြဝါဒအရ သာသနာရေးဝန်ကြီးဌာနက ဆရာတော်ကြီးကို မေလ ၃၁ရက် နောက်ဆုံးထားကာ ကျောင်းမှ ထွက်ခွာပေးရန် ထုတ်ပြန်ထားသော်လည်း ပီနန်ဆရာတော်မှာ မိမိထက် ဝါရင့် ဆရာတော်ကြီးများ စကားကို မထီမဲ့မြင် ပြုနေသဖြင့် ဖယ်ရှားလိုက်ခြင်းဖြစ်ပါတယ်။

ဖယ်ရှားခြင်း ဆိုသည်မှာလည်း ဆရာတော်များကို အတင်း အဓမ္မမောင်းထုတ်ခြင်းမဟုတ်ပဲ ကျောင်းအတွင်းမှ ဆရာတော်များကို ဇွန်လ ၁၁ရက် နံနက် ဝဝ နာရီ ၃ဝခန့်တွင် မှန်လုံကားကြီးများဖြင့် နိုင်ငံတော်ပရိယတ္တတက္ကသိုလ်သို့ ပင့်ဆောင်သွားသာဖြစ်ပါတယ်။  ရုတ်ရုတ်သဲသဲ မဖြစ်ရန် ညအချိန် စီစဉ်ခဲ့သော်လည်း ဆရာတော်က ဒကာ၊ ဒကာမများကို ဖုန်းဆက်ခေါ်ခဲ့ခြင်းကြောင်း အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရပါတယ်။  ဆရာတော်ဦး ပညာဝံသ သည် ပီနန်-စင်ကာပူကျောင်းတိုက် တွင် သီတင်းသုံးတာ များပြီး စင်္ကာပူကျောင်းရော၊ ရန်ကုန်ကျောင်းကိုပါ အပိုင်စီးလိုသူဖြစ်ပါတယ်။

http://www.myanmarexpress.net/2014/06/blog-post_11.html
-
မဟာသန္တိသုခ ကျောင်း ကို သာသနာရေး ဝန်ကြီး ဦးဆန်းဆင့် ဒုတိုင်းမှူး ဘဝမှာ ပန္နက်ချ ဆောက်ခဲ့ပြီး ကျပ်သိန်းပေါင်း သောင်းကျော် ကုန်ကျကာ ၁၉၉၉ မှာ ဖွင့်လှစ်တာဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ အိုးအိမ်၊ စည်ပင်ဌာနတွေ ပေါင်းပြီး သိန်းပေါင်း သောင်းနဲ့ချီ အကုန်ခံ ဆောက်ထားတာဖြစ်ပြီး နိုင်ငံတော် သံဃမဟာနာယက သို့ လှူတန်းကာ နိုင်ငံတော် အထင်ကရ သာသနာရေး ကျောင်းတိုက်အဖြစ် ဖွင့်လစ်ဖို့ ရည်ရွယ်ထားပါတယ်။ 
ဒါပေမယ့် နိုင်ငံခြားမှာ အနှစ် ၃၀ ကျော် သီတင်းသုံးခဲ့ပြီးမှ ပြန်လာတဲ့ ပီနန် ဆရာတော်ကြီး ကျောင်းပေါ်ရောက်လာချိန်မှာ ဆရာတော်မှ တရားအားမထုတ်ပဲ ကျောင်းပေါ်မှာ ပွဲလမ်းသဘင်များ လုပ်ခဲ့ခြင်းကြောင့် မဟာသန္တိသုခ ကျောင်း ရဲ့ ဂုဏ်ကျက်သရေတွေ ညိုးနွမ်းစေခဲ့ရပါတယ်။ ဆရာတော်ရဲ့ တပည့်များ လှူဒါန်းငွေက သိန်း ၉ဝဝ ကျော် ၁ဝဝဝ လောက်ပဲ ရှိခဲ့ပါတယ်။ 

သာသနာရေး ဝန်ကြီးဌာန နှင့် နိုင်ငံတော် သံဃနာယက ဝါတော်ကြီးမြတ်သော ဆရာတော်ကြီး များမှ နေရာဖယ်ခိုင်းချိန်မှာ ပီနန်ဆရာတော် ဦးပညာဝံသကက အစိုးရက သူ့ဆီမှာ ရေစက်ချဖူးတာကြောင့် သူပိုင်ဆိုင်ကြောင်း Myanmar Express ကို မိန့်ပါတယ်။ သူ့ကို အရင်လှူပြီးမှ ၂ဝဝ၂ ခုနှစ် ပီနံဆရာတော် နိုင်ငံခြား အပျော်ခရီးထွက်ချိန်မှာ အစိုးရက သံဃာ့ မဟာနာယက အဖွဲ့ကို ရေစက်ချ လှူဒါန်းတာ ဖြစ်တာကြောင့် နေရာဖယ်မပေးနိုင်ကြောင်း ဆရာတော်က ဆိုပါတယ်။

ကျောင်းကြီးကို ရေစက်ချ လှူဒါန်းတယ်ဆိုတာ သာသနာတော်ကို လှူတာသာ ဖြစ်ကြောင်း အဲဒီ အချိန်က သံဃာ့ မဟာနာယက ဥက္ကဋ္ဌ မကွေး ဆရာတော်ကြီးက မိန့်ပြီးသားဖြစ်တယ် လို့ သာသနာရေး ဝန်ကြီး ဦးဆန်းဆင့်က ဆိုပါတယ်။ ဒါကြောင့် သံဃာ့အရေး ကိစ္စတွေ ဆုံးဖြတ်ရာမှာ အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်ပြီး ဝါရင့် တန်ခိုးကြီး ဆရာတော်ကြီးများ၏ သြဝါဒအရ သာသနာရေးဝန်ကြီးဌာနက ဆရာတော်ကြီးကို မေလ ၃၁ရက် နောက်ဆုံးထားကာ ကျောင်းမှ ထွက်ခွာပေးရန် ထုတ်ပြန်ထားသော်လည်း ပီနန်ဆရာတော်မှာ မိမိထက် ဝါရင့် ဆရာတော်ကြီးများ စကားကို မထီမဲ့မြင် ပြုနေသဖြင့် ဖယ်ရှားလိုက်ခြင်းဖြစ်ပါတယ်။

ဖယ်ရှားခြင်း ဆိုသည်မှာလည်း ဆရာတော်များကို အတင်း အဓမ္မမောင်းထုတ်ခြင်းမဟုတ်ပဲ ကျောင်း အတွင်းမှ ဆရာတော်များကို ဇွန်လ ၁၁ရက် နံနက် ဝဝ နာရီ ၃ဝခန့်တွင် မှန်လုံကားကြီးများဖြင့် နိုင်ငံတော် ပရိယတ္တတက္ကသိုလ်သို့ ပင့်ဆောင်သွားသာဖြစ်ပါတယ်။ ရုတ်ရုတ်သဲသဲ မဖြစ်ရန် ညအချိန် စီစဉ်ခဲ့သော်လည်း ဆရာတော်က ဒကာ၊ ဒကာမများကို ဖုန်းဆက်ခေါ်ခဲ့ခြင်းကြောင်း အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရပါတယ်။ ဆရာတော်ဦး ပညာဝံသ သည် ပီနန်-စင်ကာပူကျောင်းတိုက် တွင် သီတင်းသုံးတာ များပြီး စင်္ကာပူကျောင်းရော၊ ရန်ကုန်ကျောင်းကိုပါ အပိုင်စီးလိုသူဖြစ်ပါတယ်။


Myanmar Express

1 comment:

  1. သံဃာဆိုတာ မြတ်စွာဘုရားရဲ့  ကိုယ်ပွား၊ ကိုယ်စားဆိုတာဘဲ ကြားဘူးပါတယ်။ အစိုးရ (ဘောင်းဘီချွတ်များ) လက်ကိုင်တုတ် လုပ်တယ်ဆိုတော့ - အင်း စွမ်းအားရှင်တွေကို သင်္ကန်းဝတ်ပေးထားတာတော့ မဟုတ်လောက်ပါဘူး။

    ReplyDelete