Monday, June 30, 2014

သံဃာတော်များကို မီးလောင်ဗုံးဖြင့် အကြမ်းဖက်ခဲ့သည့် လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှု ၁၉ လပြည့်အဖြစ် ဆုတောင်းခြင်း ပြုလုပ်

Photo: သံဃာတော်များကို မီးလောင်ဗုံးဖြင့် အကြမ်းဖက်ခဲ့သည့် လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှု ၁၉ လပြည့်အဖြစ် ဆုတောင်းခြင်း ပြုလုပ်
Monday, June 30, 2014

သံဃာတော်များကို မီးလောင်ဗုံးဖြင့် အကြမ်းဖက်ခဲ့သည့် လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရမှု ၁၉ လပြည့်အဖြစ် ဆုတောင်းခြင်းကို လူဦးရေ ၁၅ ဦးခန့်ဖြင့် ဒီမိုကရေစီ အင်အားစုအဖွဲ့မှ ဇွန် ၂၉ ရက် ညနေပိုင်းတွင် ဆူးလေစေတီ၌ ပြုလုပ်ခဲ့သည်။

ပြည်သူလူထုနှင့် ရဟန်းသံဃာများအပေါ် မီးလောင်ကျွမ်း ထိခိုက်စေသည်အထိ ပြုမှုကျင့်သုံးခဲ့မှုကို နောက်နောင် အသုံးမပြုစေလိုသော ဆန္ဒဖြင့် ဘုရားထံတွင် ဆုတောင်းခြင်းဖြစ်ကြောင်း သိရသည်။            

“အစိုးရကောင်းမှန်ရင် တရားခံအမှန်ကို ဖော်ထုတ်ပြီး တာဝန်ယူရဲတဲ့ သတ္တိလည်း ရှိရမယ်။ ဘုရားပေါ်တက် ဆုတောင်းတာက အရုပ်ဆိုးလွန်းတဲ့ ဒီလို့ဘုန်းကြီးတွေကို မီးလောင်စေခဲ့တဲ့ အပြုအမူမျိုးတွေ ထပ်မဖြစ်ဖို့ ဖြစ်ပါတယ်။ ရဟန်းသံဃာတော်တောင် ဒီလိုလုပ်ရင် ပြည်သူကိုဆိုရင် ပြောဖွယ်ရာ မရှိတော့ဘူး။ ရေနဲ့ပက်ပြီး ဒီဖော့စဖော့ရပ်ဗုံးကို မီးလောင်အောင်လုပ်တာက အရိုးထိပေါ်အောင် ဖြစ်စေခဲ့တယ်။ ဒါမျိုးတွေ ထပ်မဖြစ်ဖို့နဲ့ ဒီလုပ်ရပ်တွေကို ရှုတ်ချနိုင်အောင်ပါ” ဟု ဒီမိုကရေစီ အင်အားစုအဖွဲ့မှ ဦးဘမြင့်က ပြောကြားသည်။

“ရဟန်းဘုန်းတော်ကြီးများ အတိုက်ခံရတာ ဘာဗုံးလဲ” ဟူသော စာတန်းနှင့် မီးလောင်ဗုံးမဟုတ်ဟု ပြောကြားထားမှုကို သက်သေပြရန် ဗုံးအကြောင်းရေးသားထားသည့် စာရွက်များကို လူသုံးဦးမှ ကိုင်ဆောင်ကာ ဘုရားဝတ်ပြု ဆုတောင်းခဲ့ခြင်းဖြစ်သည်။

မီးလောင်ကျွမ်းစေခဲ့သည့် မဖောက်ထုံးဗုံး အသုံးပြုမှုကို ဆန့်ကျင်ရှုတ်ချကြောင်း၊ ယင်းမဖောက်ထုံးဗုံး phospor ကျဗုံးသည် ဓာတုဗေဒဗုံးပင်ဖြစ်ကြောင်း၊ ဗုံးအသုံးပြုသူနှင့် စေခိုင်းသူများကို ဖော်ထုတ်ပေးရန် တောင်းဆိုကြောင်း၊ အစိုးရကောင်းမှန်လျှင် တရားခံကို ဖော်ထုတ်ပေးရန် တာဝန်ရှိကြောင်းကိုလည်း ဆုတောင်းမှုအပြီးတွင် ဒီမိုကရေစီ အင်အားစုအဖွဲ့မှ ထုတ်ပြန်ပြောကြားခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ စွန့်ပစ်ပစ္စည်း မြေစာ များကို ကျေးရွာများအနီး စွန့်ပစ်မှုကြောင့် အပင်ကြီးများသေခြင်း၊ ယင်းမြေများတွင် အပင်များမပေါက်ရောက်ခြင်းများ ရှိသည့်အပြင် အခြားဘေးထွက် ဆိုးကျိုးများကိုလည်း ဒေသခံများအနေဖြင့် လက်ရှိ၌မြေထု၊ လေထု၊ ရေထုများမှ တစ်ဆင့်ခံစားနေရေကြောင်း သိရသည်။ 

Eleven

မီးလောင်ဗုံးဖြင့် လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းခံရမှု ၁၉ လပြည့် ဆုတောင်းမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ရန်မျိုးအောင်)
သံဃာတော်များကို မီးလောင်ဗုံးဖြင့် အကြမ်းဖက်ခဲ့သည့် လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရမှု ၁၉ လပြည့်အဖြစ် ဆုတောင်းခြင်းကို လူဦးရေ ၁၅ ဦးခန့်ဖြင့် ဒီမိုကရေစီ အင်အားစုအဖွဲ့မှ ဇွန် ၂၉ ရက် ညနေပိုင်းတွင် ဆူးလေစေတီ၌ ပြုလုပ်ခဲ့သည်။

ပြည်သူလူထုနှင့် ရဟန်းသံဃာများအပေါ် မီးလောင်ကျွမ်း ထိခိုက်စေသည်အထိ ပြုမှုကျင့်သုံးခဲ့ မှုကို နောက်နောင် အသုံးမပြုစေလိုသော ဆန္ဒဖြင့် ဘုရားထံတွင် ဆုတောင်းခြင်းဖြစ်ကြောင်း သိရသည်။

“အစိုးရကောင်းမှန်ရင် တရားခံအမှန်ကို ဖော်ထုတ်ပြီး တာဝန်ယူရဲတဲ့ သတ္တိလည်း ရှိရမယ်။ ဘုရားပေါ်တက် ဆုတောင်းတာက အရုပ်ဆိုးလွန်းတဲ့ ဒီလို့ဘုန်းကြီးတွေကို မီးလောင်စေခဲ့တဲ့ အပြုအမူမျိုးတွေ ထပ်မဖြစ်ဖို့ ဖြစ်ပါတယ်။ ရဟန်းသံဃာတော်တောင် ဒီလိုလုပ်ရင် ပြည်သူကို ဆိုရင် ပြောဖွယ်ရာ မရှိတော့ဘူး။ ရေနဲ့ပက်ပြီး ဒီဖော့စဖော့ရပ်ဗုံးကို မီးလောင်အောင်လုပ်တာက အရိုးထိပေါ်အောင် ဖြစ်စေခဲ့တယ်။ ဒါမျိုးတွေ ထပ်မဖြစ်ဖို့နဲ့ ဒီလုပ်ရပ်တွေကို ရှုတ်ချနိုင်အောင်ပါ” ဟု ဒီမိုကရေစီ အင်အားစုအဖွဲ့မှ ဦးဘမြင့်က ပြောကြားသည်။

“ရဟန်းဘုန်းတော်ကြီးများ အတိုက်ခံရတာ ဘာဗုံးလဲ” ဟူသော စာတန်းနှင့် မီးလောင်ဗုံးမဟုတ်ဟု ပြောကြားထားမှုကို သက်သေပြရန် ဗုံးအကြောင်းရေးသားထားသည့် စာရွက်များကို လူသုံးဦးမှ ကိုင်ဆောင်ကာ ဘုရားဝတ်ပြု ဆုတောင်းခဲ့ခြင်းဖြစ်သည်။

မီးလောင်ကျွမ်းစေခဲ့သည့် မဖောက်ထုံးဗုံး အသုံးပြုမှုကို ဆန့်ကျင်ရှုတ်ချကြောင်း၊ ယင်းမဖောက်ထုံးဗုံး phospor ကျဗုံးသည် ဓာတုဗေဒဗုံးပင်ဖြစ်ကြောင်း၊ ဗုံးအသုံးပြုသူနှင့် စေခိုင်းသူ များကို ဖော်ထုတ်ပေးရန် တောင်းဆိုကြောင်း၊ အစိုးရကောင်းမှန်လျှင် တရားခံကို ဖော်ထုတ်ပေးရန် တာဝန်ရှိကြောင်းကိုလည်း ဆုတောင်းမှုအပြီးတွင် ဒီမိုကရေစီ အင်အားစုအဖွဲ့မှ ထုတ်ပြန်ပြောကြားခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ စွန့်ပစ်ပစ္စည်း မြေစာ များကို ကျေးရွာများအနီး စွန့်ပစ်မှုကြောင့် အပင်ကြီးများသေခြင်း၊ ယင်းမြေများတွင် အပင်များမပေါက်ရောက်ခြင်းများ ရှိသည့်အပြင် အခြားဘေးထွက် ဆိုးကျိုးများကိုလည်း ဒေသခံများအနေဖြင့် လက်ရှိ၌မြေထု၊ လေထု၊ ရေထုများမှ တစ်ဆင့်ခံစားနေရေကြောင်း သိရသည်။

Eleven

မီးလောင်ဗုံးဖြင့် လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းခံရမှု ၁၉ လပြည့် ဆုတောင်းမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ရန်မျိုးအောင်)

No comments:

Post a Comment