Monday, June 9, 2014

သုံးနှစ်တာကာလအတွင်း တိုက်ပွဲပေါင်း ၂,၅၀၀ခန့်ဖြစ်ပွား

ကချင်ပြည်နယ် အတွင်း အစိုးရနှင့် ကေအိုင်အေ တို့အကြား သုံးနှစ်တာကာလအတွင်း တိုက်ပွဲပေါင်း ၂,၅၀၀ ခန့်ဖြစ်ပွားခဲ့ပြီး ၂၀၁၂ ဒီဇင်ဘာ၂၀၁၃ ဇန်နဝါရီအထိ ကာလများသည် တိုက်ပွဲများ အပြင်းထန်ဆုံးဖြစ်ခဲ့သည့်ကာလများဖြစ်သည်ဟု ကေအိုင်အေ ဗိုလ်မှူးကြီး မရန်ဇော်တောင်ကပြောသည်။

တိုက်ပွဲသုံးနှစ်တာအတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့သည့်နေရာ များမှာ ကေအိုင်အိုဗဟိုဌာနချုပ် လိုင်ဇာအနီးတစ်ဝိုက်၊ ကေအိုင် အေ တပ်မဟာ (၃)နှင့် တပ်မဟာ (၄)တို့တွင်ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး မရန်ဇော်တောင်က ပြောသည်။

တိုက်ပွဲများပြန်လည်ဖြစ်ပွား ခဲ့သည့် ၂၀၁၁ ခုနှစ်မှ သုံးနှစ် ပြည့်မြောက်သည့်ကာလ အတွင်း ကေအိုင်အေ စစ်သားဦးရေ ၂၀၀ ကျော်ကျဆုံးခဲ့ပြီး စစ်ပွဲများကြောင့်ဒဏ်ရာရသူနှင့် ဒုက္ခသည်ဘဝရောက်ခဲ့သူ ၈၀၀ ကျော် ရှိသည်ဟုကေအိုင်အေဘက်မှ သတင်းထုတ်ပြန်ထားသည်။

7Day Daily

No comments:

Post a Comment