Tuesday, June 24, 2014

ပေါ်တော်မူတ၀ဂူဆုတောင်းပြည့် စေတီတော်ပုရ၀ုဏ်အတွင်းရှိ ကမ္ဘာသောမဂြိုလ် စေတီတော် ထီးတော် တင်လှူပူဇော်


မြစ်သားမြို့နယ်၊ လောင်းတော်ဦးကျေးရွာရှိ ဦးဆန်းဦး၏ အိမ်မက်အရ တူးဖော်တွေ့ရှိသော ပေါ်တော်မူ တ၀ဂူ ဆုတောင်းပြည့် စေတီတော်မြတ်ကြီးအတွင်းရှိ အသစ်တည်ထားကိုးကွယ်တော်မူခဲ့သော ဥာဏ်တော်(၂၇) ပေရှိ ကမ္ဘာသောမဂြိုလ် စေတီတော်မြတ် ထီးတော်တင်လှူပူဇော်ပွဲကို ဇွန်လ (၂၃) ရက် မင်္ဂလာအချိန်နံနက် (၉း၁၀) နာရီတွင် စေတီတော်အလှူရှင်၊ ထီးတော်အလှူရှင်နှင့်တကွ နယ်သူနယ်သား များ က တင်လှူပူဇော်ခဲ့ကြောင်း သိရှိရသည်။

ပေါ်တော်မူ တ၀ဂူဆုတောင်းပြည့်စေတီတော်မြတ်ကြီးကို ဘုရားအစောင့်အရှောက်များ၏ အိမ်မက်ပေး ချက်အရ ဦးဆန်းဦးသည် ကျေးရွာသူကျေးရွာသားများနှင့် တိုင်ပင်ကာ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်း များ၏ အကူအညီဖြင့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ခြုံနွယ်ပိတ်ပေါင်းနေသော ဘုရားကုန်းတော်ကို ရှင်းလင်းခဲ့ပြီး ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှစတင်ကာ (၂၈) ရက်နေ့အထိ ဘော် ဘုရား၊ ငွေဘုရား၊ မြ ဘုရား၊ နဂါးဘုရား စသည်ဖြင့် ဘုရားရုပ်ပွားတော် ၂၈ ဆူနှင့် အုတ်ပုံအဖြစ် မြေခနေသော စေတီတော်ပျက် တစ်ဆူကို တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ ဘုရား၏ တန်ခိုးတော်ကြောင့် ဘုရားဖူးများနှင့် အလှူရှင်စေတနာရှင်များ၏ လှူဒါန်းမှုကြောင့် စေတီတော်ကြီးအား အသစ်ပြန်လည် ပြုပြင်ခြင်း၊ အလျား ၁၂၁ပေ × အနံ ၁၁၁ပေရှိ နဂါးရုံဘုရားပါကန်ကြီး တူဖော်ခြင်း၊ နဂါးမယ်တော်၊ သားတော်သိုက်နန်းများ၊ ၃၁ ဘုံ၊ နတ်မင်းကြီးဗိမာန်၊ သိုက်ချုပ်ဖေကြီးသိုက်နန်း၊ ဂြိုလ်ပြေနံပြေ ဘုရား၊ ဘုရားဖူးများ နားနေဆောင်များ စသည့်ဖြင့် သာသနာ့အဆောက်အအုံများကို တည်ထားကိုးကွယ်တော်မူခဲကြောင်း သိရှိရသည်။


ပေါ်တော်မူ တ၀ဂူဆုတောင်းပြည့်စေတီတော်မြတ်ကြီးကို ဘုရားပုရ၀ဏ်အတွင်းရှိ သာသနာ့ပြုလုပ် ငန်း ဆောင် ရွက် ချ က်များ အားလုံးပြီးစီးမှု အောင်ပွဲအဖြစ် ထီးတော်တင်လှူ ပူဇော်သွား မည်ဖြစ်ကြောင်း၊ ယခုထီးတော် တင်လှူသော ကမ္ဘာသောမဂြိုလ်စေတီတော်အား အများပြည်သူနှင့် ကမ္ဘာသူကမ္ဘာသား များ အေးချမ်းစေရန်နှင့် စီးပွားဥစ္စာတိုးတက်စေရန် ဦးစွာထီးတော်တင်လှူပူဇော်ခဲ့ခြင်းဖြစ်ကြောင်း အလှူရှင် ဦးဆန်းဦး၏ ပြောကြား ချက်များအရ သိရှိရသည်။

MOI Webportal Myanmar

No comments:

Post a Comment