ရန်ကုန်(ဇွန်၊၂၀)။ ။ လစ်လပ်လျက်ရှိသော သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနေရာတွ င် အစားထိုးခန့်အပ်ရန် သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားစာကို ဇွန်လ ၂၀ ရက်က ပြည်သူ့လွှတ်တော် အမတ်များအား ဖြန်ဝေထားသည်။
လစ်လပ်သွားသည့် သာသနာရေးဝန်ကြီးနေရာတွင် ယင်းဝန်ကြီးဌာနမှ ဒုဝန်ကြီးဖြစ်သည့် ဦးစိုးဝင်းအား တာဝန် ပေးလိုသည်ဟု ဇွန်လ ၁၉ ရက် ရက်စွဲဖြင့် ရေးသားထားသော သမ္မတ၏ အကြောင်းကြား စာတွင် ဖေါ်ပြထားသ ည်။
သာသနာရေးဝန်ကြီးဖြစ်သည့် ဦးဆန်းဆင့်အား တာဝန်မှ ရပ်စဲလိုက်သည်ဟု သမ္မတ ရုံးဝက်ဆိုက်ဒ်တွင် ဇွန်လ ၂၀ရက်က ထုတ်ပြန်ခဲ့သည်။
သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား အာမခံပေး၍မရသည့် ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု ပုဒ်မ ၄၀၉/ ၁၀၉ ဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊
ဒုတိယညွန်ကြားရေးမှူး ဦးဌေးလွင်က ဇွန်လ ၁၉ရက် မွန်းလွဲ ၁ နာရီခန့်တွင် အမှုဖွင့်ပြီးနောက် သမ္မတဦးသိန်းစိန်က တာဝန်မှ ရပ်စဲလိုက်ခြင်းဖြစ်သည်။
ဒုတိယညွန်ကြားရေးမှူး ဦးဌေးလွင်က ဇွန်လ ၁၉ရက် မွန်းလွဲ ၁ နာရီခန့်တွင် အမှုဖွင့်ပြီးနောက် သမ္မတဦးသိန်းစိန်က တာဝန်မှ ရပ်စဲလိုက်ခြင်းဖြစ်သည်။
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်း၊ စခန်းမှုး ဒုရဲမှူး ကြာညိုက 'ဒီပုဒ်မက အာမခံပေးလို့ မရပါဘူး' ဟု ပြောသည်။
သာသနာရေးဝန်ကြီး ဦးဆန်းဆင့်အား ငွေသိန်း ၁၀၀ခန့် အလွဲသုံးမှုဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး ၂၀၁၃ခုနှစ် ဒီဇင်ဘာလက နေပြည်တော်၊ လယ်ဝေးမြို့နယ် ယက်ကန်းစင်တောင် ကျေးရွာရှိ နှစ်ကျိပ်ရှစ်ဆူ အောင်တော်မူ
စေတီတော်ကို မိသားစု အလှူတစ်ရပ်အဖြစ် ထီးတော်တင်ရာ၌ ဌာနပိုင် ဘဏ္ဍာငွေ သိန်း၁၀၀ကျော်ကို ထုတ်ယူသုံးစွဲခဲ့ပြီး ယင်းငွေများအနက် ၂၈သိန်းကျော်ကို ပြန်လည်အပ်နှံခဲ့ရာ ၇၂သိန်းကျော်ကို အလွဲသုံးမှုဖြင့်
ဦးဆန်းဆင့်အား အရေးယူထားခြင်းဖြစ်ကြောင်း Eleven Media က ရေးသားထားသည်။

Mizzima
No comments:
Post a Comment