Thursday, June 19, 2014

အဖမ်းဆီးခံ သံဃာတော်နှစ်ပါးအတွက် အင်္ဂလန်သံရုံး ထောင်ဝင်စာတွေ့မည်

မဟာသနိ္တသုခ ကျောင်းတိုက်တွင် ခေတ္တသီတင်းသုံးနေထိုင်စဉ် ဖမ်းဆီးကာ လူဝတ်လဲခံရသည့် လန်ဒန်ဆရာတော်ဟု လူသိများသော အင်္ဂလန်နိုင်ငံသား ဦးဥတ္တရနှင့်ပတ်သက်ပြီး ၎င်းနိုင်ငံ၏ သံရုံးက မြန်မာအာဏာပိုင်များနှင့် ဆက်သွယ်ကာ သွားရောက်တွေ့ဆုံခဲ့ပြီး ဦးဥတ္တရအား ကျန်းမာရေး၊ ဥပဒေအရ ရင်ဆိုင်နိုင်ရေးနှင့် ထောင်ဝင်စာတွေ့ဆုံရေးတို့ကို အကူအညီ
ပေးသွားမည်ဖြစ်ကြောင်း ဦးနေထူးက မဇ္ဈိမကို ပြောကြားခဲ့သည်။

အင်္ဂလန်သံရုံး၏ ပြောခွင့်ရပုဂ်္ဂိုလ် Joe Fisher (ခေါ်) ဦးနေထူးက အင်္ဂလန်နိုင်ငံသားတစ်ဦးဖြစ်သည့် ဦးဥတ္တရနှင့်သက်ဆိုင်သည့် ကျန်းမာရေး၊ ထောင်ဝင်စာပေးပို့ခြင်းနှင့် ဥပဒေအရ အထောက်အကူပေးရေး တို့ကို သံရုံးရှိ ဆက်သွယ်ရေးမှူးမှတစ်ဆင့် ကူညီပေးသွားမည်ဟု ပြောကြားခဲ့သည်။

Joe Fisher (ခေါ်) ဦးနေထူးက “အင်္ဂလန်နိုင်ငံသားတစ်ဦးကို သံရုံးရဲ့ ဆက်သွယ်ရေးမှူးကနေတစ်ဆင့် သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်သွားတာမဟုတ်လို့ သူ့ရဲ့ ကျန်းမာရေး အခြေအနေကို မပြောပြနိုင်ဘူး။ ဒါပေမဲ့ သူ့ရဲ့ ကျန်းမာရေး၊ ဥပဒေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ သူ့ကို ပါဆယ်ပို့ဖို့ ကိစ်္စတွေကိုတော့ သံရုံးက ဆက်သွယ်ရေးမှူးကတစ်ဆင့် ကူညီဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ သူ့ကို တရားရုံးကို ထုတ်လာရင်လည်း အင်္ဂလန်သံရုံးက တာဝန်ရှိသူတွေက တွေ့ဆုံမှာပါ။ ကျန်သံဃာ လေးပါးနဲ့ ပတ်သက်လို့တော့ အင်္ဂလန်နိုင်ငံသား မဟုတ်တဲ့အတွက် ဘာမှ မပြောနိုင်ပါဘူး”ဟု ပြော ကြားခဲ့သည်။

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ သာသနာ့ရံသီကျောင်းတိုက်မှ ဆရာတော်ဦးဥတ္တရကို ဇွန်လ ၁၀ ရက် ၁၁ နာရီခန့်တွင် ၀င်ရောက် ဖမ်းဆီးခဲ့ပြီးနောက် သုံးရက်ခန့် ပျောက်ဆုံးနေခဲ့ရာမှ ဇွန်လ ၁၃ ရက်နေ့တွင် လူဝတ်လဲကာ ရုံးထုတ်ခဲ့ပြီး ဆရာတော်အား သာသနာညိုးနွမ်းမှု ၂၀/၉၀ ၊ ပုဒ်မ ၂၉၅ (က) တို့ဖြင့် တရားစွဲဆိုခဲ့သည်။ ဇွန်လ ၂၀ ရက်နေ့တွင် ထပ်မံရုံးထုတ်မည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

သံဃာတော် ငါးပါးအား ဖမ်းဆီး အရေးယူထားသည့်အပေါ်တွင် မကွေးဆရာတော် ပါမောက္ခ၊ ရွှေည၀ါ ဆရာတော်၊ ဦးပဉ္ဇင်းဦးပြည်ကျော်၊ ဦးဝီရသူတို့ လေးဦးက ဇွန်လ ၁၉ ရက်နေ့အထိ စောင့်ကြည့် ပြီး ပြန်လည် လွှတ်ပေးခြင်းမရှိပါက ဆန္ဒပြမည်ဟု ပြောဆိုထားသော်လည်း အခြား ဘာသာရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများက ပါဝင် ပြောဆိုခဲ့ခြင်းကို မတွေ့ရပေ။

Mizzima

No comments:

Post a Comment