Wednesday, June 25, 2014

သာသနာရေးဝန်ကြီးအဖြစ် ဦးစိုးဝင်းကို လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြု

နေပြည်တော်၊ မဇ္ဈိမ။ ။ သာသနာရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒုဝန်ကြီး ဦးစိုးဝင်းကို ခန့်အပ်ရန် ဇွန်လ ၂၅ရက်က ကျင်းပသည့်ပြည်ထောင်စုလွှတ်တော်တွင် ကန့်ကွက်သူမရှိ ထောက်ခံကာ အတည်ပြုလိုက်ပြီ။

သာသနာရေး ဝန်ကြီးဌာနတွင် ဦးဆန်းဆင့်ကို တာဝန်မှ ရပ်နားလိုက်ပြီးနောက် လစ်လပ်နေသည့် ဝန်ကြီးနေရာတွင် ဦးစိုးဝင်းကို အစားထိုခန့်အပ်ရန် သမ္မတက လွှတ်တော်သို့ ဇွန်လ ၁၉ရက် နေ့ စွဲဖြင့် ပေးပို့သည့် အကြောင်းကြားစာကို ၂၀ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်များထံဖြန့်ဝေ ထားပြီး ဖြစ်သည်။

သာသနာရေးဟောင်း ဝန်ကြီးဦးဆန်းဆင့်သည် ဇွန်လ ၁၉ရက် မွန်းလွဲပိုင်းက အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု ပုဒ်မ ၄၀၉/၁၀၉ဖြင့် အမှုဖွင့်ခံထားရပြီး ထိုနေ့တွင်ပင် ရာထူးမှ ရပ်နား ခံရခြင်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment