Wednesday, July 2, 2014

ၾသစေၾတးလ် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံခရီးမှာ ဘာတွေလုပ်ဖို့ရှိလဲ

မြန်မာနိုင်ငံသို့ ရောက်ရှိနေတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟာ သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။
ဇူလိုင်လ ၁ ရက်နေ့မှာ မြန်မာနိုင်ငံသို့ ရောက်ရှိလာတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Ms. Julie Bishop ဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ၊ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ရခိုင်ပြဿနာတွေကို ဆွေးနွေးဖို့ ရှိတယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ရခိုင်တိုင်းရင်းသားတွေနဲ့ ဇူလိုင်လ ၂ ရက်နေ့ ညနေ ငါးနာရီမှာ တွေ့ဆုံဖို့ရှိတယ်လို့ ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဦးဦးလှစောက ပြောပါတယ်။

ခရီးစဉ်အတွင်းမှာ မြန်မာ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်မှုကို ဆက်လက် အားပေး ထောက်ခံသွားမယ်လို့ Ms. Julie Bishop က ထုတ်ဖော် ပြောဆိုထားပါတယ်။
ဇွန်လ ၃ မှာတော့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ နေပြည်တော် လွှတ်တော်အဆောက်အဦမှာ သီးခြားတွေ့ဆုံဖို့ ရှိပါတယ်။
Ms. Bishop ဟာ မြန်မာနိုင်ငံမှာရှိတဲ့ သြစတြေးလျ စီးပွားရေး လုပ်ငန်းတွေက တာဝန်ခံတွေနဲ့ တွေ့ဆုံပြီးတော့ နှစ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Ms. Bishop ရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ် မတိုင်ခင် ယခင်နိုင်ငံခြားရေးဝန်ကြီး Bob Carr မြန်မာနိုင်ငံသို့ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်တွေမှာ ဆက်တိုက် လာရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်တွေမှာ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

The Voice Weekly

No comments:

Post a Comment