Thursday, July 3, 2014

မဟာသန္တိသုခကျောင်းဆရာတော်များအား တတိယအကြိမ်ရုံးထုတ်မည်

အဂ္ဂမင်း ၊ ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၁၀) အမှတ်(၂၅)
ရန်ကုန်၊ မဟာသန္တိသုခကျောင်းတိုက်မှ ဖမ်းဆီးခံဆရာတော်ဦးဥတ္တရနှင့် သံဃာ များအား ဇူလိုင် ၄ ရက်တွင် ရုံးထုတ်ပြီး တရားလိုဘက်မှလိုပြသက်သေများထပ် မံစစ်ဆေးမည်ဖြစ်ကြောင်း ဇွန် ၂၇ ရက် ရုံးထုတ် စစ်ဆေးပြီးချိန်တွင် သံဃာများ ၏ ရှေ့နေတစ်ဦးဖြစ်သည့်ဦးဇော်သိန
်း  ထွန်းကပြောသည်။
ဇွန် ၂၇ရက် ရုံးထုတ်စစ်ဆေးခဲ့ ရာတွင် တရားလိုသာသနာရေးဝန်ကြီး ဌာနဘက်မှလိုပြသက်သေများ ထွက်ဆို ခဲ့ပြီး တရားစွဲဆိုခြင်းခံရသည့်သံဃာ များ ဘက်မှမေးမြန်းခဲ့ကြောင်းသိရသည်။
''ဒီနေ့ကတော့ သူတို့ဘက်က သက် သေတွေကထွက်ဆို ကျွန်တော်တို့ကမေး ပေါ့။ ဇူလိုင် ၄ ရက် နေ့ရုံးချိန်းမှာလဲ တရားလိုဘက်ကသက်သေတွေကို ထွက် ဆိုသွားမှာပါ''ဟု ယင်းကပြောသည်။

သံဃာငါးပါးရုံးထုတ်သည့်ကိစ္စ နှင့်ပတ်သက်၍ ပြည်သူလူထု ၂ဝဝ ခန့် မှာ နံနက် ၉ နာရီမှ ညနေရုံးထုတ်ချိန် အထိစောင့်ဆိုင်းခဲ့ကြပြီး အနုပညာရှင် များ NLD ပါတီဝင်များနှင့် ၈၈ မျိုးဆက် မှဦးမင်းကိုနိုင်တို့ လာရောက်ခဲ့ကြသည်။
အုပ်ချုပ်ရေးကိစ္စနှင့်အာဏာကို ပတ်သက်သူများ၏ ကိုင်တွယ်ဖြေရှင်းမှု သည်အကြမ်းဖက်သည့်ပုံစံ လူဝတ်လဲ ခိုင်းခြင်းသည် ပြည်သူလူထုမလိုလား မှုဖြစ်ပေါ်စေခဲ့ကြောင်း၊ လက်ရှိဖြစ်စဉ် မှာ တစ်ပြည်လုံးသာမက ကမ္ဘာတစ်ဝန်း လုံးရှိ ဗုဒ္ဓဘာသာများ စိတ်ဝင်စားနေ သည့်အတွက် ယခုကဲ့သို့ မြို့နယ်တရား ရုံးတစ်ခုတွင် တရားစီရင်နေခြင်းမှာ မ ဖြစ်သင့်ကြောင်း ဦးမင်းကိုနိုင်ကပြောသည်။

''ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ တရားနည်းလမ်းကျကျနဲ့ကိုင်တွယ်ဖြေ ရှင်းရမယ်။ ကျွန်တော်နားထောင်ခွင့် ရခဲ့တယ်။ ဒီလောက်ကျဉ်းတဲ့နေရာမှာ ဒီကိစ္စမျိုးကိုမလုပ်သင့်ဘူး။ တရားမျှတ မှုမရှိတဲ့ဆုံးဖြတ်ချက်တွေဖြစ်လာရင် နောက်ထပ်ရဟန်းပြည်သူတွေရဲ့ မကျေ နပ်မှုတွေဟာပိုပြီး တော့များလာမယ်။ အများစုဟာမကျေနပ်မှုကို ဒီတိုင်းကြည့် နေမှာမဟုတ်ဘူးဆိုတာတော့ ကျွန်တော် စိတ်ထဲသိနေတယ်''ဟု ဦးမင်းကိုနိုင်က ပြောသည်။
မဟာသန္တိသုခကျောင်းတိုက်မှ သံဃာတော်များကို ၂ဝ၁၄ ခုနှစ် ဇွန် ၁၁ ရက် နံနက် ၁ နာရီခန့်တွင် အကြမ်းဖက် ဖယ်ရှားခဲ့ခြင်းဖြစ်ကာ ပြည်သူလူထုမှ လည်း ဒုတိယအကြိမ်သံဃာငါးပါးရုံး ထုတ်စစ်ဆေးသည့် ဇွန် ၂၇ ရက်တွင် လည်း စိတ်ဝင်တစားစောင့်ကြည့်မှုများ ရှိခဲ့ကြသည်။

သံဃာတော်များအား ဇူလိုင် ၄ ရက်တွင် ထပ်မံရုံးထုတ်စစ်ဆေးမည်ဟု သိရပြီး အမှုမှာမည်မျှ ကြာမြင့်မည်ကို မခန့်မှန်းနိုင်ကြောင်း လက်ရှိအမှုပြီးမှ သာ ကျန်ကိစ္စများအပေါ် ဆရာတော် များ၏သဘောဆန္ဒအရ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သံဃာများအား ရှေ့နေ အဖြစ် လိုက်လံဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးဇော်သိန်း ထွန်းထံမှ သိရသည်။

Yangon Media Group

No comments:

Post a Comment