Wednesday, July 2, 2014

မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်အခြေအနေတည်ငြိမ်နေသဖြင့် ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများပြန် လည်လုပ်ကိုင်ရန်ဖြစ်သော် လည်း မိုးတွင်းကာလကြောင့်ရပ်နားထားရ

မောင်တော၊ ဇူလိုင် ၁- ဇွန်လအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် တစ်လျှောက်ဖြစ်ပွားခဲ့သည့် မြန်မာနယ် စပ်လုံခြုံရေးတပ်များနှင့် RSO လက်နက် ကိုင်သောင်းကျန်း သူများအကြား တိုက်ပွဲများကြောင့် နယ်စပ်ခြံ စည်းရိုး ကာရံခြင်း လုပ်ငန်း များ လုပ်ကိုင်မှုရပ်နားထားခဲ့ရာမှ ယခုအခါ နယ်စပ်အခြေ အနေမှာ တည်ငြိမ်နေပြီဖြစ်သဖြင့် ပြန်လည် လုပ်ကိုင် ရန်ဖြစ်သော် လည်း မိုးတွင်း ကာလကျရောက်လာပြီဖြစ်သော ကြောင့်ခြံ စည်းရိုးကာ ရံခြင်းလုပ်ငန်းများကို ရပ်နားလိုက်ပြီဖြစ်ကြောင်း တပ်မတော်စစ် အင်ဂျင်နီယာ တပ်မှ အရာရှိတစ်ဦးကပြောကြားသည်။

''နယ်စပ်တစ်လျှောက်မှာ မ သမာသူ တို့ရဲ့တိုက်ခိုက်မှုကို မကြာ ခဏခံနေ ရတာကြောင့် လုပ်ငန်းနှောင့် နှေးမှုတွေဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာ ဆို ရင် တိုက်ပွဲတွေ ခဏခဏဖြစ်နေ တာကြောင့် ခြံစည်းရိုးကာရံတဲ့လုပ် ငန်းတွေက သတ်မှတ် ထားသလောက် မပြီးခဲ့ပါ ဘူး။ အခုမိုးတွင်းရောက် တော့လဲ လုပ်ငန်းတွေက ရပ်နားထား ရပါတယ်''ဟု ယင်းက ဆက်လက် ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် တစ်လျှောက် နယ်စပ်ခြံစည်းရိုးများ မှာ မသမာသူများ၏ ဖျက်ဆီးခြင်း၊ သဘာဝဘေး အန္တရာယ်နှင့် တိရစ္ဆာန် များကြောင့် ပျက်စီးမှုများနှင့် ပင်လယ်ဆားငန်ရေကြောင့် သံဆူး ကြိုးများဆွေးမြည့်ပျက် စီးခြင်း များ ဖြစ်ပေါ်နေပြီး ယင်းသို့ပျက်စီးခြင်း များကို ပြန်လည်ပြုပြင်ပေးခြင်း၊ သံဆူးကြိုးအသစ် လဲလှယ်ခြင်း များကို ဆောင်ရွက်နေရကြောင်း သိရသည်။
NT
[--Democracy today Daily Newspaper--]

Yangon Media Group

No comments:

Post a Comment