Tuesday, July 8, 2014

နေ့ခင်းကြောင်တောင် လုယက်၊ ဓားပြမှုများ ဖြစ်နေ၍ မိုးကုတ်ဒေသခံများ ထိတ်လန့်

မိုးကုတ်မြို့၌ နေ့ခင်းချိန် များတွင်ပါ နေအိမ်များအတွင်း ၀င်ရောက်ဓားပြတိုက်ခြင်း၊ လုယက်တိုက်ခိုက်ခြင်းများ ရှိနေသည့်အတွက် ကြောက်ရွံ့စိုးရိမ်မှုများ ဖြင့် နေထိုင်နေကြရကြောင်း ဒေ သခံများက ဆိုသည်။

မိုးကုတ်တွင် နေ့ခင်းချိန်များ တွင် နေအိမ်များ၊ ဈေးဆိုင်များ အတွင်း ၀င်ရောက်လုယက်ခြင်း၊ ဓားပြတိုက်ခြင်းများမှာ ယခုနှစ် အတွင်း သုံးကြိမ်ခန့်အထိ ရှိနေပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။

‘‘အခု ဒီနေ့လည်း နေ့လယ် ကြီးမှာ အိမ်ထဲကို ၀င်ပြီး အနု ကြမ်းစီးတာလိုမျိုးပုံစံနဲ့ ၀င်ပြီး လုပ်သွားတယ်။ ကောင်မလေး ရဲ့ လက်ကိုလည်း ဓားနဲ့ခုတ်သွား တော့ လူတွေက တော်တော်လန့် နေကြပြီ’’ ဟု မိုးကုတ်ဒေသခံ တစ်ဦးက ပြောသည်။

ယနေ့ဖြစ်စဉ်မှာ ပိတ်ဆွယ် နယ်မြေ (၃) အတွင်း နေအိမ်တစ် အိမ်သို့ ၀င်ရောက်ပြီး ပစ္စည်းများ လုယက်ရာတွင် (၁၈) နှစ်အရွယ် မိန်းကလေး၏ လက်ကိုလည်း ဓားဖြင့်လှီးသွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

‘‘အိမ်ထဲကို ၀င်ပြီး ကောင် လေးနှစ်ယောက်က ပစ္စည်းယူဖို့  လုပ်တဲ့အချိန်မှာ ကောင်မလေး က ပြောတာကြောင့် တစ်ယောက် က ကောင်မလေးကို ပါးရိုက်ပြီး တစ်ယောက်က  လက်ကိုဓားနဲ့ လှီးသွားတယ်လို့  သိရတယ်။ နောက်က လူဝင်လာမှ ပြန်ထွက် ပြေးသွားတယ်လို့ သိရတယ်။ အ ခုတော့ ပြစ်မှု ကျူးလွန်သူတွေကို ရှာဖွေနေဆဲဖြစ်တယ်’’ ဟု မိုး ကုတ်မြို့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါဖြစ်ရပ်မှာ ဇူလိုင် ၇ ရက်  နေ့လယ်ပိုင်းတွင်ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး ရဲအရာရှိများက ကျူး လွန်သူနှစ်ဦးဟု ဆိုနေသော်လည်း ယင်းအိမ်အနီးရှိ နေသူများက ခြောက်ဦးခန့်ရှိကြောင်း  ပြော သည်။

‘‘ဆိုင်ကယ်နဲ့ ထွက်ပြေးသွား တဲ့အချိန်မှာ ဓားတင်မကဘူး။ တစ်ဖက်လက်မှာလည်း သေနတ် ကိုင်ထားတာ တွေ့လိုက်ရတယ်’’ ဟု ထွက်ပြေးစဉ်တွင်  လှမ်းမြင် လိုက်သူတစ်ဦးက ဆိုသည်။

ကျူးလွန်သူများကို ရှာဖွေ ဆဲဖြစ်ပြီး ပိုင်နက်ကျူးလွန်မှုပုဒ်မ ၄၅၂ နှင့် သာမန်ထိခိုက်စေမှု ပုဒ်မ ၃၂၄ တို့ဖြင့် လတ်တလော အမှုဖွင့်ထားကြောင်း အထက်ပါ ရဲအရာရှိက ပြောသည်။

မိုးကုတ်မြို့တွင် ပြီးခဲ့သည့် နှစ်ဆန်းပိုင်း၌  အောင်နန်းရပ် ကွက် ဘောလုံးကွင်းလမ်းမှ နေအိမ်ကိုလည်း နေ့ခင်းအချိန်တွင်ဝင်ရောက်တိုက်ခိုက်ပြီး ငွေကြေးနှင့် ပစ္စည်းများ ယူသွားသည့်အပြင် နေအိမ်ရှိနေသူ အမျိုးသမီးကိုလည်း ဆံပင်များဖြင့် ရစ်ကာ တစ်ကိုယ်လုံးကို ဓားဖြင့် ခုတ်ခဲ့သောကြောင့် မန္တလေးဆေးရုံသို့တင်ပို့ခဲ့ရသေးသည်။

ထို့ပြင် ဇန်န၀ါရီ ၂၁ ရက် နေ့လယ်ကလည်း  အောင်ချမ်း သာဈေးအတွင်းရှိရွှေဆိုင်နှစ်ဆိုင် ကိုလူ ခြောက်ဦးက ၀င်ရောက်၍ ဓားပြ  တိုက်လုယက်ခဲ့သည့်အတွက် ရွှေထည်လက်ဝတ်ရတနာပစ္စည်း ခြောက်ပိဿာကျော်ပါသွားသည့်အပြင် သေနတ်နှင့်ပစ်ခတ်ခဲ့ခြင်းကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

လုယက်မှုများသာမက မိုး ကုတ်မြို့၌  ဧပြီလကုန်ပိုင်းက လည်း လူတစ်စုက လူနေအိမ်များ ကို လူရှင်းသော ညဥ့်သန်းခေါင် ကျော်အချိန်များတွင် မီးရှို့မှုများ လိုက်လံပြုလုပ်နေသောကြောင့် စိုးရိမ်မှုများလည်း ဖြစ်ခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

7 Day Daily

No comments:

Post a Comment