Monday, July 28, 2014

ဖခင်ဖြစ်သူ ဓာတ်လိုက်နေသည်ကို ၀င်ရောက် ကယ်တင်ရာမှ သမီးဖြစ်သူ ဓာတ်လိုက်သေဆုံး

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ ချမ်းမြေ့အောင်စည် ရပ်ကွက်၌ ဇူလိုင် ၂၅ ရက် ညနေ ၆ နာရီခွဲက ဖခင်ဖြစ်သူ ဓာတ်လိုက် နေသည်ကို ဝင်ရောက် ကယ်တင်ခဲ့ရာမှ သမီးဖြစ်သူ ဓာတ်လိုက် သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၅ ရက် ညနေပိုင်းက မိုးရွာသွန်း ပြီးနောက် နေအိမ်ရှေ့ ခြံစည်းရိုးရှိ သစ်ပင်များကို ဖခင်ဖြစ်သူက ခုတ်ထွင် ရှင်းလင်းနေစဉ် ၄င်းတို့၏ နေအိမ်ရှေ့ရှိ လျှပ်စစ် ဓာတ်ကြိုး မှတစ်ဆင့် ဖခင်ဖြစ်သူအား ဓာတ်လိုက် ခဲ့သဖြင့် သမီးဖြစ်သူ မဝင်းမာ ၂၅ နှစ်က ဝင်ရောက် ကယ်တင်ရန် အလျား ၃ ပေခန့်ရှိ တုတ်တစ်ချောင်း ကို ကိုင်ဆောင်၍ နေအိမ်အတွင်းမှ ပြေးထွက် လာခဲ့ပြီး ဓာတ်ကြိုးကို တုတ်ဖြင့် ရိုက်နှက် ဖယ်ရှားခဲ့သည်။ ထိုသို့ ဖယ်ရှားစဉ် ဓာတ်ကြိုးသည် မဝင်းမာ၏ ကိုယ်ခန္ဓာပေါ်သို့ ပြုတ်ကျ သဖြင့် သေဆုံးခဲ့သည်။

ဓာတ်လိုက်၍ သေဆုံးခဲ့သည့် မဝင်းမာ အား မှုခင်း ဆေးပညာများ အရ ဆက်လက်၍ စစ်ဆေး ဆောင်ရွက် နိုင်ရန်အတွက် ကလေးမြို့ ပြည်သူ့ ဆေးရုံကြီး မှုခင်းဆေးစာ ဌာနမှ ကလေးမြို့မ ရဲစခန်းသို့ ဆက်သွယ် အကြောင်းကြား ခဲ့ရာ ကလေးမြို့မ ရဲစခန်းမှ ရဲအုပ် မျိုးမြင့်သန်းနှင့် အဖွဲ့သည် ကလေးမြို့ ပြည်သူ့ ဆေးရုံကြီး သို့ သွားရောက် စစ်ဆေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အား မှုခင်းဆေး ပညာများအရ ဆက်လက်၍ စစ်ဆေး ဆောင်ရွက် နိုင်ရန် ကလေးမြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၂၂/၂ဝ၁၄ အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၄၅၁)

PyiChitThar

No comments:

Post a Comment