Thursday, August 28, 2014

ဇုန်ကား စလစ်ဈေးနှုန်းများ ကျလာ

Photo: ဇုန်ကား စလစ်ဈေးနှုန်းများ ကျလာ
Thursday, August 28, 2014

ကားဈေးကွက်အတွင်း ဇုန်ထုတ်ကားများ ဆက်တိုက် လက်ခံနေချိန်တွင် ဇုန်ထုတ်စလစ် ဈေးများ ကျဆင်းလာကြောင်း ပြည်တွင်းကားဈေးကွက်မှ သတင်း ရရှိသည်။

ဇုန်ကားများစတင်အပ်နှံချိန် က အပ်ကားစလစ်တစ်စောင် လျှင် ယခင် ကျပ် ၄၅ သိန်းကျော်မှ ယခုကျပ် ၃၇ သိန်းအထိ ဈေးနှုန်းများကျဆင်းလာကြောင်း ကားဝယ် ရောင်း ပြုလုပ်သူများက ပြော ကြားသည်။

ထို့ပြင်ဇုန်ကားအမည်ပေါက်စလစ်မှာလည်း ယခင်ကျပ် ၄၅ သိန်း ၀န်းကျင်ရှိရာမှ ယခု သိန်း ၄၀ ကျော်အထိ ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။

ဇုန်ထုတ်ကားများနှင့်အတူ ယာဉ်အိုယာဉ်ဟောင်းစနစ် လက်ခံနေသည့် ၁က အပ်ကားစလစ်မှာ ကျပ်သိန်း ၆၀ အထိ ကျဆင်းနေပြီး အမည်ပေါက်ဖြစ်ပါက သိန်း ၇၀ ကျော် အတွင်းရှိကြောင်း စလစ်အရောင်းအ၀ယ် ပြုလုပ်သူ လှိုင်ယာဉ်ရောင်းဝယ် ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ စလစ်ကားများ ဈေးနှုန်း ကျဆင်းလာရခြင်းမှာ သီလ၀ါ သံရည်ကျို စက်ရုံတွင်ပြီးခဲ့သည့်လက အရည်ကျိုရန် စောင့်ဆိုင်းရသည်မှာ ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ယခုအပတ်အတွင်း မြန်ဆန်သွားပြီဖြစ်သောကြောင့် စလစ်ထွက်မှုမြန်လာ၍ စလစ်ဈေးနှုန်း ကျဆင်းလာခြင်းဖြစ်သည်ဟု ကားအရောင်းအ၀ယ် ပြုလုပ်သူများက ဆိုသည်။

လက်ရှိတွင် လှိုင်ယာဉ်ရောင်းဝယ်ရေး စခန်း၌ CNG အငှားကားများဖြစ်သည့် ကယ်ဒီးနားဖင်ကောက်ကားအချို့ ဈေးနှုန်းများ မြင့်တက်နေပြီး အရောင်း အ၀ယ်လည်း အများဆုံးဖြစ်နေ သည်။

၁၃၀၀ စီစီ အင်ဂျင်ပါဝါကားငယ်များမှာမူ လူစိတ်ဝင်စားမှု နည်းပါးနေပြီး လက်ရှိ ကားအ ရောင်းအ၀ယ် စခန်းများတွင် 4 Wheel Off Road အမျိုးအစားများဖြစ်သည့် ကလူးဂါးဖားပြုတ်ပရာဒိုကားအချို့နှင့် Double Cap ကားအချို့ နယ်အ၀ယ်လိုက်နေကာ ဈေးနှုန်းများ ကျဆင်းနေသည်။

ရန်ကုန်တွင် နယ်ကျော်ကား များကို ဖမ်းဆီးအရေးယူမည်ဆိုခြင်းကြောင့် ယခင် တက္ကစီမင်းသားကြီးအဖြစ် ရပ်တည်လာသည့် ပရိုဘောက်စ်နှင့် အေဒီဗင်အများစု နယ်အမည်ပေါက်ကားများ အ ရောင်းအ၀ယ်ကျဆင်းလာခြင်းဖြစ်သည်။

ယခင် နယ်လိုင်စင် ပရိုဘောက်စ်တစ်စီးလျှင် ကျပ်သိန်း ၉၀ ကျော်ရှိရာမှ ယခု ၈၅ သိန်းဝန်း ကျင်ဖြင့် ဈေးနှုန်း ကျဆင်းလာ ပြီး အရောင်းအ၀ယ် မရှိတော့ကြောင်း သီရိမင်္ဂလာယာဉ် ရောင်းဝယ်ရေးစခန်းမှ သိရသည်။

7Day DAILY 

ဇုန်ထုတ်ဂျစ်ကားအချို့ (ဓာတ်ပုံ − နစ်ကီ)
ဇုန်ထုတ်ဂျစ်ကားအချို့ (ဓာတ်ပုံ − နစ်ကီ)
ကားဈေးကွက်အတွင်း ဇုန်ထုတ်ကားများ ဆက်တိုက် လက်ခံနေချိန်တွင် ဇုန်ထုတ်စလစ် ဈေးများကျဆင်းလာကြောင်း ပြည်တွင်းကားဈေးကွက်မှ သတင်း ရရှိသည်။ဇုန်ကားများစတင်အပ်နှံချိန် က အပ်ကားစလစ်တစ်စောင် လျှင် ယခင် ကျပ် ၄၅ သိန်းကျော်မှ ယခုကျပ် ၃၇သိန်း အထိ ဈေးနှုန်းများ ကျဆင်း လာကြောင်း ကားဝယ် ရောင်း ပြုလုပ်သူများက ပြော ကြားသည်။ ထို့ပြင်ဇုန်ကားအမည်ပေါက်စလစ်မှာလည်း ယခင်ကျပ် ၄၅ သိန်း ၀န်းကျင်ရှိရာမှ ယခု သိန်း ၄၀ ကျော်အထိ ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။ ဇုန်ထုတ်ကားများနှင့်အတူ ယာဉ်အိုယာဉ်ဟောင်းစနစ် လက်ခံနေသည့် ၁က အပ်ကားစလစ်မှာ ကျပ်သိန်း ၆၀ အထိ ကျဆင်းနေပြီး အမည်ပေါက်ဖြစ်ပါက သိန်း ၇၀ ကျော် အတွင်းရှိကြောင်း စလစ်အရောင်းအ၀ယ် ပြုလုပ်သူ လှိုင်ယာဉ်ရောင်းဝယ် ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းကဲ့သို့ စလစ်ကားများ ဈေးနှုန်း ကျဆင်းလာရခြင်းမှာ သီလ၀ါ သံရည်ကျို စက်ရုံတွင်ပြီးခဲ့သည့်လက အရည်ကျိုရန် စောင့်ဆိုင်းရသည်မှာ ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ယခုအပတ်အတွင်း မြန်ဆန်သွားပြီဖြစ်သောကြောင့် စလစ်ထွက်မှုမြန်လာ၍ စလစ်ဈေးနှုန်း ကျဆင်းလာခြင်းဖြစ်သည်ဟု ကားအရောင်းအ၀ယ် ပြုလုပ်သူများက ဆိုသည်။ လက်ရှိတွင် လှိုင်ယာဉ်ရောင်းဝယ်ရေး စခန်း၌ CNG အငှားကားများဖြစ်သည့် ကယ်ဒီးနားဖင်ကောက်ကားအချို့ ဈေးနှုန်းများ မြင့်တက်နေပြီး အရောင်း အ၀ယ်လည်း အများဆုံးဖြစ်နေ သည်။
၁၃၀၀ စီစီ အင်ဂျင်ပါဝါကားငယ်များမှာမူ လူစိတ်ဝင်စားမှု နည်းပါးနေပြီး လက်ရှိ ကားအ ရောင်းအ၀ယ် စခန်းများတွင် 4 Wheel Off Road အမျိုးအစားများဖြစ်သည့် ကလူးဂါးဖားပြုတ်ပရာဒိုကားအချို့နှင့် Double Cap ကားအချို့ နယ်အ၀ယ်လိုက်နေကာ ဈေးနှုန်းများ ကျဆင်းနေသည်။
ရန်ကုန်တွင် နယ်ကျော်ကား များကို ဖမ်းဆီးအရေးယူမည်ဆိုခြင်းကြောင့် ယခင် တက္ကစီမင်းသားကြီးအဖြစ် ရပ်တည်လာသည့် ပရိုဘောက်စ်နှင့် အေဒီဗင်အများစု နယ်အမည်ပေါက်ကားများ အ ရောင်းအ၀ယ်ကျဆင်းလာခြင်းဖြစ်သည်။ ယခင် နယ်လိုင်စင် ပရိုဘောက်စ်တစ်စီးလျှင် ကျပ်သိန်း ၉၀ ကျော်ရှိရာမှ ယခု ၈၅ သိန်းဝန်း ကျင်ဖြင့် ဈေးနှုန်း ကျဆင်းလာ ပြီး အရောင်းအ၀ယ် မရှိတော့ကြောင်း သီရိမင်္ဂလာယာဉ် ရောင်းဝယ်ရေးစခန်းမှ သိရသည်။
7Day DAILY

No comments:

Post a Comment