Thursday, August 28, 2014

ပုရစ်နဲ့ပိုးကောင်များမွေးမြူရေးလုပ်ငန်း ထိုင်းမှာ အလုပ်ဖြစ်နေ

Photo: ပုရစ်နဲ့ပိုးကောင်များမွေးမြူရေးလုပ်ငန်း ထိုင်းမှာ အလုပ်ဖြစ်နေ
Thursday, August 28, 2014

ပုရစ်ကြော်ကို ပြည်တွင်းမှာလည်း ကြော်စား၊ နိုင်ငံတကာကိုလည်း တင်ပို့ရောင်းချနေတာကတော့ အိမ်နီးချင်း ထိုင်းနိုင်ငံပါပဲ။ 
    
တနိုင်ငံလုံးမှာ ပရစ်နဲ့ အလားတူ ပိုးကောင်တွေကို မွေးမြူနေကြတာ လုပ်ငန်းပေါင်း နှစ်သောင်းကျော် မှတ်ပုံတင်ထားတာ ရှိတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ပြောကြောင်း ဧရာဝတီအင်္ဂလိပ်ပိုင်း စာမျက်နှာ သတင်းတပုဒ်မှာ ရေးထားပါတယ်။ Edible Insects a Boon to Thailand’s Farmers ဆိုတဲ့ အဲဒီသတင်းကို   http://www.irrawaddy.org/asia/edible-insects-boon-thailands-farmers.html
မှာ ဖတ်နိုင်ပါတယ်။ အနည်းငယ် ကောက်နုတ် ဖော်ပြရရင် ... ပြည်ပကို တန်ချိန် ၇,၅ဝဝ နှစ်စဉ် တင်ပို့နေရတယ် ဆိုတော့ နည်းနည်းနောနော ပမာဏမှ မဟုတ်ဘဲ။

ဒီလုပ်ငန်းကြောင့် စိုက်ပျိုးရေးအဆင်မပြေတဲ့ လယ်သမားတွေ ဝင်ငွေကောင်းလာတယ်လို့ ဆိုတယ်။

ပရစ်နဲ့ အလားတူ အကောင်တွေကို စားသောက်တဲ့ နိုင်ငံပေါင်း တရာနီးပါး ရှိတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ဆိုပါတယ်။

တရုတ်ပြည်မှာဆိုရင် ဒီလိုအကောင်တွေကို အစားအစားအဖြစ်ရော ဆေးဝါးအဖြစ်ပါ အသုံးပြုလာတာ နှစ်ပေါင်း ငါးထောင်ကျော်ပါပြီိ တဲ့။
ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒီလိုအကောင်တွေ မွေးမြူ အခြောက်လှန်းပြီး အလှကုန် နဲ့ ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းတွေကို ရောင်းတဲ့ လုပ်ငန်းကြောင့် ကြွယ်ဝလာသူတွေ ရှိပါတယ်။

ပုရစ်တွေမွေးမြူတဲ့အတွက် အပိုဝင်ငွေ ရရှိကြတယ်၊ ဒီလို မွေးမြူရတာ မခက်ခဲဘူး၊ ပုရစ်လိုမျိုး ပိုးကောင်တွေမှာ အာဟာရဓာတ် အများအပြား ပါဝင်နေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ ၂၀၁၃ ခုနှစ် အစီရင်ခံစာတစောင်မှာ ရေးပါတယ်။

"ပိုးကောင်တွေနည်းနည်းလေးစားတာဟာ ဗီတာမင်မျိုးစုံပါဝင်တဲ့ဆေး သုံးစွဲရသလိုပါပဲ" လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ အကြီးတန်းအရာရှိ  Patrick B. Durst က ပြောပါတယ်။
ပုရစ် ၆ အောင်စ နဲ့ အမဲသား ၆ အောင်စကို ယှဉ်ပြီး လေ့လာမယ် ဆိုရင် ပုရစ်မှာ ဗီတာမင် ဘီတူး ၂ ဆ နီးပါး ပိုများတာ တွေ့ရမယ်၊ လူကို ဆိုးကျိုးဖြစ်စေတဲ့ ပြည့်ဝဆီ ၆၀ ရာခိုင်နှုန်း လျော့နည်းတာ တွေ့ရပါမယ် တဲ့။

အမေရိကန်မှာလည်း ဒီနှစ်ထဲ ပုရစ်မွေးမြူရေးလုပ်ငန်း ပေါ်လာဖို့ အစီအစဉ် ရှိပါတယ်။ Pennsylvania ပြည်နယ် Youngstown မှာ ဖြစ်ပါတယ်။

ဆန်ဖရန်စစ္စကိုက Don Bugito   ဆိုတဲ့ ဆိုင်မှာလည်း ပိုးကောင်တွေ ရောင်းနေပါပြီ။ ပိုးကောင်ကို ဟင်းလျာထဲမှာတင်မက ရေခဲမုန့်ပေါ်မှာလည်း တင်ပြီး ရောင်းပါတယ် တဲ့။ 

ပြင်သစ်မှာလည်း ရောင်းတဲ့ဆိုင် ရှိပါပြီ။

ထိုင်းမှာတော့ ကျေးလက်ရော မြို့ပြပါ ဒီလိုပိုးကောင်အမျိုးပေါင်း ၂ဝဝ ဝန်းကျင်ကို စားသုံးနေကြတာပါ။
မြန်မာ၊ ကမ္ဘောဒီယား၊ လာအို၊ တရုတ်နိုင်ငံတွေဘက်ကနေ အလုံးအရင်း တင်သွင်း စားသုံးပါတယ်။
ကြက်၊ ဝက်၊ အမဲထက် ဈေးများတဲ့ ပိုးကောင်တွေတောင် ရှိပါရဲ့။

ပြည်တွင်းစားသုံးမှုများပြား ပြည်ပအ၀ယ်လိုက်တဲ့အတွက် ပိုးမွေးမြူတဲ့ တောင်သူတွေအတွက်တော့ ရွှေပါပဲ။
ကိုယ့်ကလေး ကောလိပ်ကျောင်းပို့ဖို့အတွက် ငွေပိုထွက်လာကြပါတယ်။

ဧရာဝတီ

ပုရစ်လိုမျိုး ပိုးကောင်မွေးမြူရေးလုပ်ငန်းခွင်မှ မြင်ကွင်းတခု
ပုရစ်လိုမျိုး ပိုးကောင်မွေးမြူရေးလုပ်ငန်းခွင်မှ မြင်ကွင်းတခု
ပုရစ်ကြော်ကို ပြည်တွင်းမှာလည်း ကြော်စား၊ နိုင်ငံတကာကိုလည်း တင်ပို့ရောင်းချနေတာကတော့ အိမ်နီးချင်း ထိုင်းနိုင်ငံပါပဲ။တနိုင်ငံလုံးမှာ ပရစ်နဲ့ အလားတူ ပိုးကောင်တွေကို မွေးမြူနေကြတာ လုပ်ငန်းပေါင်း နှစ်သောင်းကျော် မှတ်ပုံတင်ထားတာ ရှိတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ပြောကြောင်း ဧရာဝတီအင်္ဂလိပ်ပိုင်း စာမျက်နှာ သတင်းတပုဒ်မှာ ရေးထားပါတယ်။ Edible Insects a Boon to Thailand’s Farmers ဆိုတဲ့ အဲဒီသတင်းကို   http://www.irrawaddy.org/asia/edible-insects-boon-thailands-farmers.html
မှာ ဖတ်နိုင်ပါတယ်။ အနည်းငယ် ကောက်နုတ် ဖော်ပြရရင် ... ပြည်ပကို တန်ချိန် ၇,၅ဝဝ နှစ်စဉ် တင်ပို့နေရတယ် ဆိုတော့ နည်းနည်းနောနော ပမာဏမှ မဟုတ်ဘဲ။
ဒီလုပ်ငန်းကြောင့် စိုက်ပျိုးရေးအဆင်မပြေတဲ့ လယ်သမားတွေ ဝင်ငွေကောင်းလာတယ်လို့ ဆိုတယ်။ပရစ်နဲ့ အလားတူ အကောင်တွေကို စားသောက်တဲ့ နိုင်ငံပေါင်း တရာနီးပါး ရှိတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ဆိုပါတယ်။တရုတ်ပြည်မှာဆိုရင် ဒီလိုအကောင်တွေကို အစားအစားအဖြစ်ရော ဆေးဝါးအဖြစ်ပါ အသုံးပြုလာတာ နှစ်ပေါင်း ငါးထောင်ကျော်ပါပြီိ တဲ့။ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒီလိုအကောင်တွေ မွေးမြူ အခြောက်လှန်းပြီး အလှကုန် နဲ့ ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းတွေကို ရောင်းတဲ့ လုပ်ငန်းကြောင့် ကြွယ်ဝလာသူတွေ ရှိပါတယ်။ပုရစ်တွေမွေးမြူတဲ့အတွက် အပိုဝင်ငွေ ရရှိကြတယ်၊ ဒီလို မွေးမြူရတာ မခက်ခဲဘူး၊ ပုရစ်လိုမျိုး ပိုးကောင်တွေမှာ အာဟာရဓာတ် အများအပြား ပါဝင်နေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ ၂၀၁၃ ခုနှစ် အစီရင်ခံစာတစောင်မှာ ရေးပါတယ်။"ပိုးကောင်တွေ နည်းနည်းလေးစားတာဟာ ဗီတာမင်မျိုးစုံပါဝင်တဲ့ဆေး သုံးစွဲရသလိုပါပဲ" လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ အကြီးတန်းအရာရှိ  Patrick B. Durst က ပြောပါတယ်။
ပုရစ် ၆ အောင်စ နဲ့ အမဲသား ၆ အောင်စကို ယှဉ်ပြီး လေ့လာမယ် ဆိုရင် ပုရစ်မှာ ဗီတာမင် ဘီတူး ၂ ဆ နီးပါး ပိုများတာ တွေ့ရမယ်၊ လူကို ဆိုးကျိုးဖြစ်စေတဲ့ ပြည့်ဝဆီ ၆၀ ရာခိုင်နှုန်း လျော့နည်းတာ တွေ့ရပါမယ် တဲ့။
အမေရိကန်မှာလည်း ဒီနှစ်ထဲ ပုရစ်မွေးမြူရေးလုပ်ငန်း ပေါ်လာဖို့ အစီအစဉ် ရှိပါတယ်။ Pennsylvania ပြည်နယ် Youngstown မှာ ဖြစ်ပါတယ်။
ဆန်ဖရန်စစ္စကိုက Don Bugito   ဆိုတဲ့ ဆိုင်မှာလည်း ပိုးကောင်တွေ ရောင်းနေပါပြီ။ ပိုးကောင်ကို ဟင်းလျာထဲမှာတင်မက ရေခဲမုန့်ပေါ်မှာလည်း တင်ပြီး ရောင်းပါတယ် တဲ့။ ပြင်သစ်မှာလည်း ရောင်းတဲ့ဆိုင် ရှိပါပြီ။ထိုင်းမှာတော့ ကျေးလက်ရော မြို့ပြပါ ဒီလိုပိုးကောင်အမျိုးပေါင်း ၂ဝဝ ဝန်းကျင်ကို စားသုံးနေကြတာပါ။မြန်မာ၊ ကမ္ဘောဒီယား၊ လာအို၊ တရုတ်နိုင်ငံတွေဘက်ကနေ အလုံးအရင်း တင်သွင်း စားသုံးပါတယ်။ကြက်၊ ဝက်၊ အမဲထက် ဈေးများတဲ့ ပိုးကောင်တွေတောင် ရှိပါရဲ့။
ပြည်တွင်းစားသုံးမှုများပြား ပြည်ပအ၀ယ်လိုက်တဲ့အတွက် ပိုးမွေးမြူတဲ့ တောင်သူတွေအတွက်တော့ ရွှေပါပဲ။ကိုယ့်ကလေး ကောလိပ်ကျောင်းပို့ဖို့အတွက် ငွေပိုထွက်လာကြပါတယ်။
ဧရာဝတီ


No comments:

Post a Comment