Monday, September 15, 2014

အော်……….သူတော်ကောင်း ယောင်ဆောင် ပြောနေသူများ..

၁၅-၉-၂၀၁၄ ရက်နေ့

ကချင်ပြည်နယ်-အချို့သော ဒေသခံ သျှမ်းမျိုးနွယ်စုနှင့်ကချင်(ဂျိန်းဖော=KIA) မဟုတ်သော ကျေးရွာ များတွင် ပြည်သူ့စစ်ဖွဲ့ရန် အမှန်တကယ်လိုအပ်နေ၍ ပြည်သူ့စစ်ဖွဲ့စည်းရန် အဆိုပြုမှုအပေါ် လက်မခံနိုင်ကြကြောင်း အချို့သော မီဒီယာများနှင့်ဂျာနယ် စာစောင်များတွင် ဖတ်ရှု့နေရပါသည်။
KIAသည် ကချင်ပြည်နယ်တွင်းရှိ ဒေသခံ သျှမ်းမျိုးနွယ်စုများကိုသော်လည်းကောင်း၊ ကချင် (ဂျိန်းဖော=KIA)မဟုတ်သော အခြားသော တိုင်းရင်းသားများအပေါ် အနိုင်ကျင့်မှုများ ယနေ့အချိန်ထိ လုပ်ဆောင်နေကြသည်ကို ရပ်တန်းက ရပ်သင့်ပါကြောင်း အဆိုပြုချက်ကိုမူ မည်သူတစ်ဦးတစ်ယောက်မျှ
မထုတ်ဖော်ကြခြင်းမှာ တစ်ဖက်သတ်နိုင်လွန်းလှသည်။ ကိုယ်ချင်းစာတရားခေါင်းပါးလှသည်။ မြို့ပေါ်နေ ပြည်သူလူထုသည် KIA၏ အနိုင်ကျင့်ခြင်းကို မခံရသော လူတန်းစားဖြစ်သည့်အားလျော်စွာ သူတော်ကောင်း စကားပြောနိုင်ခြင်းမှာ အထင်ကြီးစရာမဟုတ်ပါ။

ဖိနှိပ်ခံရလျှင်….တော်လှန်ကြမည်…
အန္တရာယ်ပြုလာမှု များလာလျှင်….ကာကွယ်ကြမည်…
မလုံခြုံလျှင်…လုံခြုံရေးဆောင်ရွက်ကြမည်မှာ သဘာဝတရားဖြစ်သည်…
ပြည်သူ့စစ်ဖွဲ့ပေးရန် (သို့မဟုတ်) ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရန် - နိုင်ငံတော်၏ တပ်မတော်နှင့်ပြည်သူ့ရဲဘော်များတွင် တာဝန်ရှိသည်။ ထိုထက် တာဝန် အရှိဆုံးမှာ နိုင်ငံတော်အစိုးရဖြစ်သည်။
အနောက် ဥရောပနိုင်ငံကြီးများတွင်ပင် ခေတ်မှီတပ်မတော်နှင့်ပြည်သူ့ရဲများ ရှိပါလျက် ပြည်သူလူထုသည် အဘယ့်ကြောင့် ၀န်ထုပ်ဝန်ပိုးဖြစ်စေသည့် လက်နက်များကို လိုင်စင်ဖြင့် ကိုင်ဆောင်နေကြပါသနည်း။ ကိုင်သင့်၍ မိမိအတွက် လိုအပ်၍ လက်နက်ကိုင်ဆောင်ကြခြင်းဖြစ်သည်။ အနောက် ဥရောပနိုင်ငံသားများ ဦးဏှောက်မကောင်း၍ လက်နက်ကိုင်ဆောင်ကြခြင်းကား မဖြစ်နိုင်ရာ။
ခြင်ကိုက်သည်ကိုပင် လက်ဝါးကြီးဖြင့် ရက်ရက်စက်စက် သေအောင်သတ်ဖြတ်မှု၊ မကိုက်သေးသည့် ခြင်၊ ကိုက်မည်ထင်သည့်ခြင်များကို ခြင်ဆေးဗူး၊ လျှပ်စစ်ခြင်ရိုက် ဘက်တန်များဖြင့် ကြိုတင်ကာကွယ် သတ်ဖြတ်တတ်သည့် သင်တို့လို မြို့နေလူတန်းစားများက သူတော်ကောင်းစကား ပြောနေကြသေးသည်။
ဤဒေသတွင် KIAတို့၏ အနိုင်ကျင့်မှုများကို မတရားခံစားနေရသည့် ဒေသခံပြည်သူများက မခံနိုင်လွန်းလို့ နိုင်ငံတော်ကို အကူအညီတောင်းခံမိတာကို နားလည်ကိုယ်ချင်းစာ မပေးနိုင်ကြတဲ့ မြို့နေ သူတော်ကောင်းကြီးများ…… ကိုယ်ချင်းစာ ပေးနိုင်အောင် တင်ပြလိုက်ပါသည်….

Sai Thar Zone
Northern - Myanmar

No comments:

Post a Comment