Monday, October 20, 2014

ဦးပိန်တံတားအနီး တောင်မင်းကြီးဘုရားရှိ အလှူခံသေတ္တာဖောက်ထွင်းခံရ

အမရပူရမြို့နယ်၊ ဦးပိန်တံတား အနောက်ထိပ် တောင်မင်းကြီးဘုရားရှိ အလှူခံ သေတ္တာပုံးတစ်ပုံး စနေနေ့တွင် ဖောက်ထွင်းခံခဲ့ရကြောင်း သ တင်းရရှိသည်။

အောက်တိုဘာ ၁၈ ရက် နံနက် ၃ နာရီက တောင်မင်းကြီး ဘုရား၏ အနောက်ဘက်တံခါး ဖျက်ကာ လူတစ်ဦးဝင်ရောက်ခဲ့ ပြီး အလှူခံသေတ္တာပုံးမှန်ခွဲ၍ ပိုက်ဆံများကို ပုဆိုးဖြင့် ထုပ်ကာ ယူဆောင်သွားခဲ့သည်ကို စီစီ တီဗီမှတ်တမ်းများတွင် တွေ့ ရှိရကြောင်း တောင်မင်းကြီးဘုရား မှ ဂေါပကအဖွဲ့က ပြောကြား သည်။

‘‘ပိုက်ဆံကတော့ ခန့်မှန်းခြေ ငါးသိန်းလောက်ပါသွားတယ်။ ရဲစခန်းမှာ အမှုဖွင့်ထားတယ်။တရားခံဖမ်းမိမှာပါ။ စီစီတီဗီမှာကအကုန်လုံး မှတ်တမ်းတင်ထား တယ်’’ဟု ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

တောင်မင်းကြီးဘုရားတွင် ယခင်ကလည်း အလှူခံသေတ္တာ ပုံးဖောက်ထွင်းခံရမှု ငါးကြိမ်ဖြစ် ပွားခဲ့ဖူးကြောင်း ဂေါပကအဖွဲ့ ၀င်များကပြောသည်။ အလားတူ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပေါ်စေရန် ထိရောက်မည့် လုံခြုံရေးစနစ်များ အသုံးပြုသွားမည်ဖြစ်ကြောင်း တောင်မင်းကြီးဘုရား ဂေါပက အဖွဲ့ကပြောကြားသည်။

တောင်သမန်အင်းနှင့် ဦးပိန် တံတားဝန်းကျင်ရှိ ဘုရားပုထိုးစေ တီများတွင် ယခင်က အလှူခံ သေတ္တာပုံးဖောက်ထွင်း၍ခိုးယူခံ ရမှုများအပြင် ဘုရားခေါင်းဖြတ်ခံရသည့်အမှုများလည်း ဖြစ်ပွားခဲ့ဖူးကြောင်း ဒေသခံအချို့က ပြော သည်။ ထို့အပြင်ဒေသခံငါးဖမ်း လုပ်ငန်း လုပ်ကိုင်သူအချို့နှင့် အင်းလေလံဆွဲသည့်လုပ်ငန်းမှ ၀န်ထမ်းများအကြား ကိုယ်ထိ လက်ရောက်ကျူးလွန်သော ပဋိပက္ခများလည်း မကြာခဏ ဖြစ်ပွားနေ၍ ရဲတပ်ဖွဲ့မှ လုံခြုံရေးအစီအ မံများ ပြုလုပ်ပေးစေလိုကြောင်း ဂေါပကအဖွဲ့ဝင်များနှင့် ဒေသခံ အချို့ကပြောကြားသည်။

7 Day Daily

No comments:

Post a Comment