Tuesday, October 14, 2014

လသာမြို့နယ်တွင် ရွှေဆိုင်လုယက်မှုဖြစ်

Photo: လသာမြို့နယ်တွင် ရွှေဆိုင်လုယက်မှုဖြစ်
Tuesday, October14, 2014

ရန်ကုန်မြို့ လသာမြို့နယ်ရှိ တိုင်အုံ ရွှေဆိုင်မှာ အောက်တိုဘာလ ၁၃ ရက်နေ့ မနက် ၁၀ ၀န်းကျင်က လုယက်မှုတခု ဖြစ်ပွားခဲ့ပါတယ်။

လသာမြို့နယ် ၂၂ လမ်းအနီး မဟာဗန္ဓုလ လမ်းမပေါ်ရှိ တိုင်အုံ ရတနာရွှေဆိုင်ကို အသက် ၁၇နှစ် အရွယ် လူငယ်တဦးက ဆိုင်တွင်းရှိ ရွှေထည် ပစ္စည်းတွေကို လုယက်ခဲ့တာပါ။

ရွှေဆိုင်အတွင်းသို့ ဆယ်ကျော်သက် လူငယ် တဦးက ရွှေဝယ်ယူမယ် လို့ ဆိုတာကြောင့် ဆိုင်ဝန်ထမ်းက ရွှေထည်ပစ္စည်းများ ထုတ်ယူပြသနေချိန်မှာ အဲဒီလူငယ်က ရွှေဆွဲကြိုးနှစ်ကုံးကို လုယူထွက်ပြေးခဲ့တာပါ။

လုယူထွက်ပြေးတဲ့ လူငယ်ကို ရွှေဆိုင်အနီးမှာ ရှိနေသူတွေက ဝိုင်းဝန်း ဖမ်းဆီးပေးခဲ့ကြောင်း ဖမ်းဆီးရာမှာပါဝင်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ရွှေဆွဲကြိုး လုယူထွက်ပြေးတဲ့ အသက် ၁၇နှစ် အရွယ် လူငယ်ကို လသာမြို့နယ် ရဲစခန်းက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၈၀ နဲ့ အမှုဖွင့်ထားပြီး ဆက်လက် စစ်ဆေးနေတယ်လို့ လသာမြို့မ ရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

DVB

No comments:

Post a Comment