Sunday, November 23, 2014

ရိုဟင်ဂျာဟု သုံးနှုန်းသည့် ဘန်ကီမွန်းကို စစ်တွေလူထု ဆန္ဒပြမည်

Photo: ရိုဟင်ဂျာဟု သုံးနှုန်းသည့် ဘန်ကီမွန်းကို စစ်တွေလူထု ဆန္ဒပြမည်
Sunday, November 23, 2014

ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ ရိုဟင်ဂျာဟုပြောဆို သုံးနှုန်းမှုအပေါ် စစ်တွေမြို့လူထုက နိုဝင်ဘာ ၂၃ရက် တွင် ကန့်ကွက်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ရခိုင် ပြည်နယ်ရှိ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ် များကပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို နိုဝင်ဘာ ၂၃ရက် မွန်းလွဲ ၂နာရီမှစတင်ကာ စစ်တွေမြို့၏ အချက်အချာ နေရာများဖြစ်သည့် ဦးဥတ္တမလမ်းမကြီးတစ်လျှောက် တွင် လမ်းလျှောက်ဆန္ဒထုတ်ဖော်မည်ဟု ရခိုင်ပြည်နယ် လုံးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့် ရှောက်ရေး ရဟန်းတော်များအသင်းမှ ဆရာတော်ဦးကေ သာရကမိန့်ကြားသည်။

မစ္စတာဘန်ကီမွန်းအား ဆန္ဒထုတ်ဖော်ရခြင်း နှင့်ပတ်သက်၍ စစ်တွေမြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးသန်း ထွန်းက ''ဘန်ကီမွန်းလို လူတစ်ယောက်က မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတကြီး၊ ပြည်နယ်ဝန်ကြီးချုပ်စတဲ့ တာ ဝန်ရှိသူ အကြီးအကဲအားလုံးက မြန်မာနိုင်ငံမှာမရှိပါ ဘူးလို့ပြောထားတဲ့ လူမျိုးနာမည်လိမ်ကို သူ့ပါးစပ်ကနေ မြန်မာပြည်ထဲကိုလာပြီး ထုတ်ဖော်ပြောလိုက်တာဟာ သူ့ရဲ့သံတမန်ကျင့်ဝတ်ကို ချိုးဖောက်တာပဲ''ဟုပြောသည်။

ကုလအတွင်းရေးမှူးချုပ်မစ္စတာဘန်ကီမွန်း က ရိုဟင်ဂျာဟုေ ပြောဆိုသုံးနှုန်းလိုက်ခြင်းမှာ တည်ငြိမ်စ ပြုနေသည့် ရခိုင်ပြည်နယ်၏ အနေအထားကို ပြန်လည် ယိုယွင်းစေနိုင်သည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

''စစ်တွေက ရခိုင်လူထုရဲ့ဆန္ဒကို ထုတ်ဖော် မှာဖြစ်တဲ့အတွက် တစ်မြို့လုံးကလူတွေ ပါဝင်မယ်ထင်ပါ တယ်။ စစ်တွေမှာရှိတဲ့ လူမှုရေးအဖွဲ့တွေလဲ ပါဝင်မှာဖြစ် ပါတယ်''ဟုဦးကေသာရကမိန့်သည်။
ယင်းသို့ဆန္ဒထုတ်ဖော်ရာတွင် စည်းကမ်း ထိန်းသိမ်းရေး ရဟန်းတော်များ၊ အမျိုးသမီးကွန်ရက်၊ သွေးအလှူရှင်အသင်း၊ ဘုရားပန်းလဲလှယ်ရေးအဖွဲ့ စသည့် အဖွဲ့ပေါင်း ၄ဝနှင့်အထက် ပါဝင်မည်ဟုသိရသည်။

ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌဒေါ်ညို အေးက ''အခု ဘန်ကီမွန်းပြောသွားတာ တော်တော် အရုပ်ဆိုးတယ်။ ဒါကကျွန်မတို့ ရခိုင်လူမျိုးတစ်ခုတည်း အတွက်မဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံး ကိုစိန်ခေါ်တာ ပဲ။ မြန်မာအစိုးရကိုလဲ စိန်ခေါ်တာပဲ''ဟု သူမကဆိုသည်။

ယခုအခါ ဆန္ဒထုတ်ဖော်ခွင့်ရရှိရန် သက်ဆိုင် ရာရဲစခန်းတွင် အကြောင်းကြားတင်ပြထားပြီး အကယ် ၍ခွင့်ပြုချက်မရပါကလည်း သတ်မှတ်ထားသည့်အစီ အစဉ်ကို ဖျက်သိမ်းမည်မဟုတ်ဟု ဆန္ဒထုတ်ဖော်ပွဲဦး ဆောင်သူတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင် အုန်းက ရိုဟင်ဂျာဟု သုံးနှုန်းပြောဆိုခြင်းအား ကန့်ကွက် သည့်စာတစ်စောင် နိုဝင်ဘာ ၁၃ရက်က မစ္စတာဘန် ကီမွန်းထံ ပေးပို့ခဲ့သည်။

Yangon Media Group
ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ ရိုဟင်ဂျာဟုပြောဆို သုံးနှုန်းမှုအပေါ် စစ်တွေမြို့လူထုက နိုဝင်ဘာ ၂၃ရက် တွင် ကန့်ကွက်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ရခိုင် ပြည်နယ်ရှိ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ် များကပြောသည်။
အဆိုပါဆန္ဒထုတ်ဖော်ပွဲကို နိုဝင်ဘာ ၂၃ရက် မွန်းလွဲ ၂နာရီမှစတင်ကာ စစ်တွေမြို့၏ အချက်အချာ နေရာများဖြစ်သည့် ဦးဥတ္တမလမ်းမကြီးတစ်လျှောက်တွင် လမ်းလျှောက်ဆန္ဒထုတ်ဖော်မည်ဟု ရခိုင်ပြည် နယ် လုံးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအသင်းမှ ဆရာတော် ဦးကေ သာရကမိန့်ကြားသည်။

မစ္စတာဘန်ကီမွန်းအား ဆန္ဒထုတ်ဖော်ရခြင်း နှင့်ပတ်သက်၍ စစ်တွေမြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးသန်း ထွန်းက ''ဘန်ကီမွန်းလို လူတစ်ယောက်က မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတကြီး၊ ပြည်နယ်ဝန်ကြီးချုပ်စတဲ့ တာ ဝန်ရှိသူ အကြီးအကဲအားလုံးက မြန်မာနိုင်ငံမှာမရှိပါ ဘူးလို့ပြောထားတဲ့ လူမျိုးနာမည်လိမ်ကို သူ့ပါးစပ် ကနေ မြန်မာပြည်ထဲကိုလာပြီး ထုတ်ဖော်ပြောလိုက်တာဟာ သူ့ရဲ့သံတမန်ကျင့်ဝတ်ကို ချိုးဖောက်တာ ပဲ''ဟုပြောသည်။

ကုလအတွင်းရေးမှူးချုပ်မစ္စတာဘန်ကီမွန်းက ရိုဟင်ဂျာဟုေ ပြောဆိုသုံးနှုန်းလိုက်ခြင်းမှာ တည်ငြိမ်စ ပြုနေ သည့် ရခိုင်ပြည်နယ်၏ အနေအထားကို ပြန်လည် ယိုယွင်းစေနိုင်သည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

''စစ်တွေက ရခိုင်လူထုရဲ့ဆန္ဒကို ထုတ်ဖော် မှာဖြစ်တဲ့အတွက် တစ်မြို့လုံးကလူတွေ ပါဝင်မယ်ထင်ပါ တယ်။ စစ်တွေမှာရှိတဲ့ လူမှုရေးအဖွဲ့တွေလဲ ပါဝင်မှာဖြစ် ပါတယ်''ဟုဦးကေသာရကမိန့်သည်။
ယင်းသို့ဆန္ဒထုတ်ဖော်ရာတွင် စည်းကမ်း ထိန်းသိမ်းရေး ရဟန်းတော်များ၊ အမျိုးသမီးကွန်ရက်၊ သွေးအလှူရှင်အသင်း၊ ဘုရားပန်းလဲလှယ်ရေးအဖွဲ့ စသည့် အဖွဲ့ပေါင်း ၄ဝနှင့်အထက် ပါဝင်မည်ဟုသိရသည်။

ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌဒေါ်ညို အေးက ''အခု ဘန်ကီမွန်းပြောသွားတာ တော်တော် အရုပ်ဆိုးတယ်။ ဒါကကျွန်မတို့ ရခိုင်လူမျိုးတစ်ခုတည်း အတွက်မဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံး ကိုစိန်ခေါ်တာ ပဲ။ မြန်မာအစိုးရကိုလဲ စိန်ခေါ်တာပဲ''ဟု သူမကဆိုသည်။

ယခုအခါ ဆန္ဒထုတ်ဖော်ခွင့်ရရှိရန် သက်ဆိုင် ရာရဲစခန်းတွင် အကြောင်းကြားတင်ပြထားပြီး အကယ် ၍ခွင့်ပြုချက်မရပါကလည်း သတ်မှတ်ထားသည့်အစီ အစဉ်ကို ဖျက်သိမ်းမည်မဟုတ်ဟု ဆန္ဒထုတ်ဖော်ပွဲဦး ဆောင်သူတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင် အုန်းက ရိုဟင်ဂျာဟု သုံးနှုန်းပြောဆိုခြင်းအား ကန့်ကွက် သည့်စာတစ်စောင် နိုဝင်ဘာ ၁၃ရက်က မစ္စတာဘန် ကီမွန်းထံ ပေးပို့ခဲ့သည်။

Yangon Media Group

No comments:

Post a Comment