Sunday, November 16, 2014

အိုဘားမားခရီးစဉ်အတွင်း နွေးထွေးစွာ ကြိုဆိုခဲ့သဖြင့် အစိုးရနှင့် ပြည်သူကို ကျေးဇူးတင်ကြောင်း အမေရိကန်သံရုံးထုတ်ပြန်

နိုဝင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ မြန်မာနိုင်ငံရှိ နေပြည် တော်နှင့် ရန်ကုန်မြို့များသို့ ရောက်ရှိလာခဲ့သည့် အမေရိကန် သမ္မတအိုဘားမားကို မြန်မာအစိုး ရနှင့် ပြည်သူလူထုမှ နွေးထွေးပျူငှာစွာ ကြိုဆိုဧည့်ခံခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း အမေရိကန်ရန်ကုန်သံရုံးမှ နိုဝင်ဘာ ၁၄ ရက်တွင် သံရုံး၏ တရားဝင်ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ထုတ်ပြန် ကြေညာသည်။

အဆိုပါ ထုတ်ပြန်ချက်ထဲ တွင် နေပြည်တော်နှင့် ရန်ကုန်တို့ ရှိ အာဏာပိုင်များ၊ မြို့တော်သူ၊ မြို့တော်သားများအနေဖြင့် ၎င်း တို့သမ္မတအား နွေးထွေးစွာ၊ ဂုဏ် ပြုကြိုဆိုမှုများနှင့် အောင်မြင် သောခရီးစဉ်ဖြစ်ရန် အစွမ်းကုန် ကူညီပေးခဲ့ကြကြောင်း၊ ရန်ကုန် သို့ လည်ပတ်စဉ် လိုအပ်သည့် အထူးအစီအစဉ်များနှင့် လမ်းများ စွာ အသုံးပြုခွင့်ပေးခဲ့သည့်အပေါ် ကျေးဇူးတင်ရှိကြောင်း၊ အဆင်မပြေမှုများ တွေ့ကြုံခဲ့မှုအပေါ် တောင်းပန်ကြောင်း၊ တစ်နေကုန် လမ်းတစ်လျှောက်လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့မှုများနှင့် နားလည်ပေး မှုများကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။

ထို့အပြင်အမေရိကန်သမ္မ တမြန်မာနိုင်ငံတွင်ရှိနေခဲ့သည့် ၂ ရက်အတွင်း နိုင်ငံတွင်းရှိ နိုင်ငံ ရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့ အစည်းခေါင်းဆောင်များနှင့် လူ ငယ်များကို တွေ့ဆံခဲ့သည်။

သမ္မတအိုဘားမားက ဤတိုင်းပြည်၏ ကြီးမားသည့်အလား အလာကို သိနားလည်လာကြရန် လုပ်ဆောင်စရာ များစွာရှိသေး ကြောင်း၊ အမေရိကန်ပြည်ထောင် စုသည် လာမည့်ရက်များ၊ နှစ်များ အတွင်း၌လည်း မိတ်ဖက်တစ်ဦး၊ ဆွဲဆောင်စည်းရုံးသူတစ်ဦးအနေ ဖြင့် ၎င်း၏ ခိုင်မာသော ကာလ ရှည်ထားခဲ့သည် သံန္နိဋ္ဌာန်ကို စွန့် လွှတ်မည်မဟုတ်ကြောင်းဖော်ပြ ခဲ့သည်။

7Day Daily

No comments:

Post a Comment