Thursday, November 20, 2014

ပျဉ်းမနားမြို့နယ် ရွှေပြည်သာယာကျေးရွာတွင်အသက် ၁ဝ၈ နှစ်အရွယ် သက်ရှည်အဘွားတစ်ဦးရှိနေ

Photo: ပျဉ်းမနားမြို့နယ် ရွှေပြည်သာယာကျေးရွာတွင်အသက် ၁ဝ၈ နှစ်အရွယ် သက်ရှည်အဘွားတစ်ဦးရှိနေ
Thursday, November 20, 2014

ပျဉ်း မနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာ အုပ်စု ရွှေပြည်သာယာကျေးရွာတွင် အသက် ၁ဝ၈ နှစ်အရွယ်ရှိ အဘွား ဒေါ်သောင်းသည် သမီးဖြစ်သူဒေါ် တင်ရွှေ ၅၆နှစ် နှင့်နေထိုင်လျှက် ရှိကြောင်း သိရသည်။

အသက် ၁ဝ၈နှစ် အရွယ်ရှိပြီ ဖြစ်သည့် အဘွားဒေါ်သောင်းသည် မြန်မာသက္ကရာဇ် ၁၂၆၈ ခုနှစ် ဝါ ဆိုလဆန်း ၁၃ ရက်နေ့တွင် အဖ ဦးကြောင်၊ အမိဒေါ်အေးပုံတို့မှ ပျဉ်းမနားမြို့နယ် သစ်ဆိပ်ပင်ကျေး ရွာတွင် မွေးဖွားခဲ့ပြီး မွေးချင်းသုံး ယောက်ရှိသည့်အနက် အဘွားဒေါ် သောင်း အသက် ၁ဝ၈နှစ် တစ်ဦး သာ ကျန်ရှိတော့ကြောင်း သိရသည်။

အဘွားဒေါ်သောင်းသည် ခင် ပွန်းဖြစ်သူ ဦးရှင်(ကွယ်လွန်)နှင့်သား သမီး ၁၂ ယောက် ကျားသုံးယောက် မ ကိုးယောက် မွေးဖွားခဲ့ပြီး သမီး ဖြစ်သူ ဒေါ်တင်ရွှေ အသက် ၅၆နှစ် တစ်ဦးသာကျန်ရှိကာ ယခုအခါ သ မီးဖြစ်သူ ဒေါ်တင်ရွှေသည် ခင်ပွန်း ဦးလှမြင့်နှင့် နေထိုင်လျက်ရှိသည်။

သမီးဖြစ်သူ ဒေါ်တင်ရွှေက''အ ခု အမေအဘွားဒေါ်သောင်းက အ သက် ၁ဝ၈နှစ်ရှိပြီ ဆိုတော့ မျက်စိ လည်းမမြင်၊ နားလည်းမကြားတော့ ဘူး၊ အမေက ကျန်းမာရေးကောင်း ပေမယ့် ဘယ်ဘက်ခြေထောက်ပေါင် ရိုးကျိုးနေတော့ သွားလို့လာလို့တော့ မရဘူး။ အမေ့ကို ကျွန်မတို့ကပဲ ပြုစု စောင့်ရှောက်ထားရတာပေါ့''ဟု ဒီမို ကရေစီတူဒေးသို့ ပြောသည်။

ပျဉ်းမနားမြို့နယ် ကူးတို့ဆိပ် ကျေးရွာအုပ်စု ရွှေပြည်သာယာကျေး ရွာ ရာအိမ်မှူး ဦးချစ်ကိုကလည်း အဘွားဒေါ်သောင်း အသက် ၁ဝ၈ နှစ်ရှိပြီဆိုတာ မှန်ပါတယ်။ အဘွား ဒေါ်သောင်းဆီမှာ မှတ်ပုံတင် PMA- 070786 အထောက်အထားတွေ လည်း ရှိတယ်''ဟု ဒီမိုကရေစီတူဒေး သို့ ပြောသည်။

ယခုအခါ လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီး ဌာနမှ မြန်မာနိုင်ငံရှိ အသက် ၁ဝဝ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ ကူညီစောင့်ရှောက် ရေးစီမံချက်ဖြင့် စစ်တမ်းကောက်ယူမှုများ ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

MO
Yangon  Media Group
ပျဉ်း မနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာ အုပ်စု ရွှေပြည်သာယာကျေးရွာတွင် အသက် ၁ဝ၈ နှစ်အရွယ်ရှိ အဘွား ဒေါ်သောင်းသည် သမီးဖြစ်သူဒေါ် တင်ရွှေ ၅၆နှစ် နှင့်နေထိုင်လျှက် ရှိကြောင်း သိရသည်။

အသက် ၁ဝ၈နှစ် အရွယ်ရှိပြီ ဖြစ်သည့် အဘွားဒေါ်သောင်းသည် မြန်မာသက္ကရာဇ် ၁၂၆၈ ခုနှစ် ဝါ ဆိုလဆန်း ၁၃ ရက်နေ့တွင် အဖ ဦးကြောင်၊ အမိဒေါ်အေးပုံတို့မှ ပျဉ်းမနားမြို့နယ် သစ်ဆိပ်ပင်ကျေး ရွာတွင် မွေးဖွားခဲ့ပြီး မွေးချင်းသုံး ယောက်ရှိသည့်အနက် အဘွားဒေါ် သောင်း အသက် ၁ဝ၈နှစ် တစ်ဦး သာ ကျန်ရှိတော့ကြောင်း သိရသည်။

အဘွားဒေါ်သောင်းသည် ခင် ပွန်းဖြစ်သူ ဦးရှင်(ကွယ်လွန်)နှင့်သား သမီး ၁၂ ယောက် ကျားသုံးယောက် မ ကိုးယောက် မွေးဖွားခဲ့ပြီး သမီး ဖြစ်သူ ဒေါ်တင်ရွှေ အသက် ၅၆နှစ် တစ်ဦးသာကျန်ရှိကာ ယခုအခါ သ မီးဖြစ်သူ ဒေါ်တင်ရွှေသည် ခင်ပွန်း ဦးလှမြင့်နှင့် နေထိုင်လျက်ရှိသည်။

သမီးဖြစ်သူ ဒေါ်တင်ရွှေက''အ ခု အမေအဘွားဒေါ်သောင်းက အ သက် ၁ဝ၈နှစ်ရှိပြီ ဆိုတော့ မျက်စိ လည်းမမြင်၊ နားလည်းမကြားတော့ ဘူး၊ အမေက ကျန်းမာရေးကောင်း ပေမယ့် ဘယ်ဘက် ခြေထောက်ပေါင် ရိုးကျိုးနေတော့ သွားလို့လာလို့တော့ မရဘူး။ အမေ့ကို ကျွန်မတို့ကပဲ ပြုစု စောင့်ရှောက်ထားရတာပေါ့''ဟု ဒီမို ကရေစီတူဒေးသို့ ပြောသည်။

ပျဉ်းမနားမြို့နယ် ကူးတို့ဆိပ် ကျေးရွာအုပ်စု ရွှေပြည်သာယာကျေး ရွာ ရာအိမ်မှူး ဦးချစ်ကိုကလည်း အဘွားဒေါ်သောင်း အသက် ၁ဝ၈ နှစ်ရှိပြီဆိုတာ မှန်ပါတယ်။ အဘွား ဒေါ်သောင်းဆီမှာ မှတ်ပုံတင် PMA- 070786 အထောက်အထားတွေ လည်း ရှိတယ်''ဟု ဒီမိုကရေစီတူဒေး သို့ ပြောသည်။

ယခုအခါ လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီး ဌာနမှ မြန်မာနိုင်ငံရှိ အသက် ၁ဝဝ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ ကူညီစောင့်ရှောက် ရေးစီမံချက်ဖြင့် စစ်တမ်းကောက်ယူမှုများ ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

MO
Yangon Media Group

No comments:

Post a Comment