Monday, November 24, 2014

လုပ်သားနှစ်ဦးကို မြန်မာသံရုံး အာမခံပေးရန် ယနေ့ဆောင်ရွက်မည်

ဖမ်းဆီးခံမြန်မာလုပ် သားနှစ်ဦးအား ထိုင်းဘတ်ငွေ ဆယ်သိန်း(လက်ရှိငွေလဲနှုန်းဖြင့် တွက်လျှင် ကျပ်သိန်း ၃၂၀ ဝန်း ကျင်)ကို ထိုင်းနိုင်ငံဆိုင်ရာမြန်မာ သံရုံးကစိုက်ထုတ်၍ အာမခံရရှိရန် နိုဝင်ဘာ ၂၄ ရက်(ယနေ့)တွင် စတင်လုပ်ကိုင်ပေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။

လိပ်ကျွန်းလူသတ်မှုနှင့်ပတ် သက်၍ ဖမ်းဆီးခံထားရသော ဇော်လင်းနှင့်ဝင်းဇော်ထွန်းတို့ကို ကော့စမွီခရိုင်တရားရုံး၌ ရမန် လေးကြိမ်မြောက်နောက်ဆုံးရုံး ချိန်းကို နိုဝင်ဘာ ၂၀ ရက်ကစစ် ဆေးပြီး ကော့စမွီခရိုင်တရားသူ ကြီးက ရမန်တစ်ကြိမ်ထပ်ယူ၍ တစ်ဦးလျှင် ထိုင်းဘတ်ငွေငါး သိန်းစီဖြင့် အာမခံပေးခဲ့သည်။

ယင်းကဲ့သို့ အာမခံပေးလိုက် ကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာ သံအမတ်ကြီးဦးဝင်းမောင်နှင့် မြန်မာသံရုံးအထူးအဖွဲ့တို့သည် နိုဝင်ဘာ ၂၃ ရက်က အာမခံရယူ ရန်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ရာ သံအမတ်ကြီးဦးဝင်းမောင်ကပေး ဆောင်ရမည့် ထိုင်းဘတ်ငွေဆယ် သိန်းကို မြန်မာသံရုံးကစိုက်ထုတ် ၍ အာမခံရရှိရန် အမြန်ဆုံးလုပ် ဆောင်သွားမည်ဟု ဆုံးဖြတ်ချက် ချလိုက်ခြင်းဖြစ်သည်။

‘‘သံအမတ်ကြီးက အရင်က တည်းကအာမခံလိုချင်နေတာပါ။ သူတို့အတွက် အာမခံရဖို့ ဒီနေ့ပဲစလုပ်နေပါပြီ။ ထိုင်းနိုင်ငံရှေ့နေ များကောင်စီနဲ့တိုင်ပင်ပြီး ကော့ စမွီထောင်ကိုသွားမယ်။ ချက်ချင်း အာမခံနဲ့ ကလေးတွေကို ထုတ် လာပါမယ်’’ဟု မြန်မာသံရုံးအထူး အဖွဲ့ ရှေ့နေဦးအောင်မျိုးသန့် ကပြောသည်။

မြန်မာ လုပ်သားနှစ်ဦး အာမ ခံဖြင့် အပြင်သို့ရောက်ရှိလာပါက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် ထားရှိသွားမည်ဖြစ်ကြောင်း ဦးအောင်မျိုးသန့်ကဆက်လက်ပြောသည်။

‘‘ကော့စမွီထောင်ကို သွား မယ်။ ကလေးတွေ အပြင်ကို ရောက်လာပြီဆိုရင် ကျွန်တော်တို့  အတွက်အကောင်းဆုံးလုပ်နိုင်ဖို့ လမ်းစရပါပြီ။ ပွင့်ပွင့်လင်းလင်း မေးမြန်းပြောဆိုခွင့်တွေရတော့ မယ်။ အဲဒါဆို အမှုအတွက်ပိုပြီး ခိုင်လုံသွားပါမယ်။ ကျွန်တော်က တော့ ကလေးတွေအတွက် ပျော်နေတယ်’’ဟု မြန်မာသံရုံး အထူး အဖွဲ့မှ ဦးကျော်သောင်းက ပြောသည်။ထိုင်းရဲတပ်ဖွဲ့သည် မြန်မာ လုပ်သားနှစ်ဦးကို လူသတ်တရား ခံဟုစွပ်စွဲထားသော်လည်း မျက် မြင်သက်သေနှင့် တရားလိုပြ သက်သေမရှိသေးပေ။ တရားလိုပြသက်သေ မောင်မောင်က လည်း ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးက လူသတ်တရားခံများ မဖြစ်နိုင်ကြောင်း၊ အခင်းဖြစ်ပွား ရာတွင်မြင်တွေ့ခြင်းမရှိကြောင်း ပြောဆိုထားသဖြင့် ထိုင်းရဲတပ်ဖွဲ့ က တရားလိုပြသက်သေအဖြစ် မထားရှိတော့ပေ။ ထိုင်းရဲတပ်ဖွဲ့ သည် မြန်မာလုပ်သားနှစ်ဦးအား တရားခံဟုစွပ်စွဲထားရာတွင် DNA အဖြေတစ်ခုသာ ကိုက်ညီသည်။

ထိုင်းနိုင်ငံဥပဒေသည် ရမန် တစ်ကြိမ်ကို ၁၂ ရက်ယူပြီး အမှု တစ်ခုတည်ဆောက်ရန် ရမန် ခုနစ်ကြိမ်ယူလေ့ရှိသည်။ ထိုရမန် ခုနစ်ကြိမ်၊ ရက်ပေါင်း ၈၄ ရက် အတွင်း အမှုတည်ဆောက်နိုင် ခြင်းမရှိပါက တရားခံကို တရား သေလွှတ်ရမည်ဟု ထိုင်းနိုင်ငံ ဥပဒေတွင် ဖော်ပြထားသည်။ ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦး သည်ချုပ်ရက်ပေါင်း ၅၂ ရက် ပြည့်ပြီဖြစ်သည်။

ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သော အသက်(၂၄)နှစ် အရွယ်ဗြိတိသျှနိုင်ငံသားဒေးဗစ်မီ လာနှင့် အသက် (၂၃)နှစ်အရွယ် ဟန်နာဝစ်သာရစ်ခ်ျတို့သည် စက် တင်ဘာ ၁၄ ရက်ညဥ့်သန်းခေါင် တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဆူ ရတ်ဌာနီခရိုင်၊ ခိုတောင်ကျွန်း (လိပ်ကျွန်း)၌ အသတ်ခံခဲ့ရ ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက် တွင် ၎င်းတို့၏အလောင်းများ တွေ့ရှိခဲ့ခြင်းဖြစ်သည်

7Day Daily

No comments:

Post a Comment